US Consumer Financial Protection Bureau (CFPB) က အမေရိကန်မှာ ရေပန်းစားနေတဲ့ “အခုဝယ်၊ နောက်မှပေး” စနစ်နဲ့ ကုမ္ပဏီတွေကို စည်းမျဉ်းစည်းကမ်းတွေထုတ်ပြန်ပြီး ထိန်းချုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Klarna နဲ့ Affirm Holdings တို့လိုမျိုး Financial product ကုမ္ပဏီတွေဟာ လျင်လျင်မြန်မြန်ကြီးထွားလာပြီး စားသုံးသူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဝေဖန်လာတာကြောင့် CFPB က နေ ထိန်းချုပ်မဲ့ အစီအစဉ်တွေကို ပြုလုပ်လာတာ ဖြစ်ပါတယ်။

CFPB ရဲ့ ဒီအစီစဉ်ဟာ လုပ်ငန်းတစ်ခုလုံးအတွက် ထိုးနှက်ချက်ဖြစ်လာမှာ သေချာပါတယ်။ တကယ်တမ်းမှာတော့ အဆိုပါလုပ်ငန်းတွေဟာ မြင့်မားတဲ့ ဘဏ္ဍာရေးစရိတ်နဲ့ အမေရိကန်စားသုံးသူအသုံးစရိတ်နိမ့်ကျခြင်းတွေကြောင့် ကနဦးကတည်းက ဖိအားအောက်ကျရောက်နှင့်ပြီး ဖြစ်ပါတယ်။ ဒါဟာ ငွေကြေးဖောင်းပွမှုကြောင့် စားသုံးသူအသုံးစရိတ် နိမ့်ကျသွားရခြင်းရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

“အခုဝယ်၊ နောက်မှပေး” ဆိုတာက အရစ်ကျစနစ်နဲ့ ရောင်းချတာဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်းမှာ အမေရိကန်စားသုံးသူတွေဟာ e-commerce ကို အပြင်းအထန်အသုံးပြုလာတဲ့အတွက် အဆိုပါဝန်ဆောင်မှုတွေကလည်း လူကြိုက်များရေပန်းစားလာခဲ့ပါတယ်။ ကုန်သည်တွေကတော့ အရောင်းအဝယ်တစ်ကြိမ်ဖြစ်ပြီးတိုင်း ဝန်ဆောင်မှုပေးတဲ့ Provider တွေကို အခကြေးငွေတစ်ကြိမ်ပေးပါတယ်။

CFBP ရဲ့ ပြီးခဲ့တဲ့နှစ်က စုံစမ်းစစ်ဆေးမှုအရ “အခုဝယ်၊ နောက်မှပေး” Provider တွေဖြစ်ကြတဲ့ Affirm Holdings, Block’s Afterpay, Klarna, PayPal နဲ့ Australia’s Zip တို့ဟာ၂၀၂၁ မှာ စားသုံးသူချေးငွေ 180 million အထိ ပြုလုပ်ခဲ့ကြပြီး စုစုပေါင်းပမာဏဆိုရင်တော့ $24.2 billion အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီတွေဟာ Credit reporting agencies တွေကို အချက်အလက်တွေ ထောက်ပံ့ပေးခြင်းမရှိဘူးလို့ သိရပါတယ်။

Ref: Gizchina