Zawgyi Font Version
Unicode Version
Vivo  ရဲ့ဆန်းသစ်လှပတဲ့ ဖုန်းအသစ်ဖြစ်တဲ့ Vivo V11 စမတ်ဖုုန်း ကို စက်တင်ဘာ (၂၅)ရက်နေ့က ပြည်တွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ နာမည်ကျော် လူကြိုက်များတဲ့ V Series အသစ်ဖြစ်တဲ့ ဉာဏ်ရည်တု AI နည်းပညာသုံး Vivo စမတ်ဖုန်းအသစ်မှာ ဘယ်ရှုခင်းမှာမဆို အခြေအနေ အခိုက်အတန့်မရွေး ပြီးပြည့်စုံသော ဓာတ်ပုံုများကို ရိုက်ယူနိုင်မည့် AI ကင်မရာ ပါပြီး AI နည်းပညာသည် ပိုမိုစမတ်ကျပြီး ပိုမိုရိုးရှင်းတဲ့ လူနေမှုဘဝပုံစံ ကို ပေးစွမ်းနိုင်ပါတယ်။ Vivo V11 စမတ်ဖုန်းတွေရဲ့ Body ကို Starry Night နဲ့ Nebula fusion ရောင်စုံ အရောင်များနဲ့ တွဲဖက်ထားပါတယ်။ Halo FullViewTM Display ဆိုတဲ့ Notch သေးသေးလေးနဲ့ Display ပါရှိဝင်ပြီး သုံးစွဲသူ များကို အကောင်းဆုံးနဲ့ အဆင့်မြင့်ဆုံး စမတ်ဖုန်း အတွေ့အကြုံ ပေးနိုင်ဖို့အတွက် 3D ဖုန်းကိုယ်ထည်ကို  ပြုလုပ်ပေးထားပါတယ်။ ကျော့ရှင်းသပ်ရပ်ပြီး စတိုင်ကျတဲ့ ဒီဇိုင်းပုံစံရှိသည့်အပြင် In-Display လက်ဗွေနှိပ် နည်းပညာကိုပါ ပေါင်းစပ် ထည့်သွင်း ဖန်တီးထားတဲ့ V series အနက် ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပြီး biometric လုံခြုံမှုအပိုင်းနည်းပညာအပိုင်းကို ဆက်လက်ဦးဆောင် နေခြင်းလည်း ဖြစ်ပါတယ်။
“သုံးစွဲသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ဆန်းသစ်ကွန့်မြူးစေချင်တာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ဦးစားပေး ပါပဲ။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုကောင်းပြီး ပိုအဆင့်မြင့်တဲ့ စမတ်ဖုန်း သုံးစွဲမှု အတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ ဒီ AI စွမ်းအင်နည်းပညာသုံး V11 ကို မိတ်ဆက်ပေးရတာ တကယ်ကို စိတ်လှုပ်ရှားစရာပါ” ဟုု Vivo Myanmar မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
“ဒီလိုမျိုး အကောင်းဆုံး သုံးစွဲသူ အတွေ့အကြုံကို ပေးချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ AI ကင်မရာနဲ့ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေ ကိုပိုပြီးလွယ်လွယ် ရိုက်ယူနိုင်အောင် လုပ်ထားပါတယ်။ ပိုပြီးစမတ်ကျတဲ့ AI စွမ်းအင်နည်းပညာတွေ အများကြီး ထည့်သွင်း ထားတယ်၊ V series ရဲ့ ပထမဦးဆုံးလည်းဖြစ်ပြီး ဒီနည်းပညာလောကမှာ ဦးဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ In-Display လက်ဗွေနှိပ်နည်း ပညာကိုပါ မိတ်ဆက်ထားပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ သုံးစွဲသူတွေအနေနဲ့ အကောင်းဆုံး စမတ်ဖုန်းသုံးစွဲမှု အတွေ့ အကြုံရရှိအောင် နောက်ဆုံးပေါ် ခေတ်မီ ဆန်းသစ်ကွန့်မြူးတဲ့ အသစ်အဆန်းတွေကို နောင်လည်းဆက်လက် ဆောင်ကျဉ်းပေးသွားမှာပါ” ဟု ၎င်း မှပြောကြားခဲ့တယ်။
ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကို လွယ်လွယ်ကူကူ ဖန်တီးပေးတဲ့ V11 ၏ AI ကင်မရာ
V11 က Vivo စမတ်ဖုန်းတွေရဲ့ အားသာချက်ဖြစ်တဲ့ ပြီးပြည့်စုံတဲ့ ရိုက်ချက်တွေကို အကောင်းဆုံး ဖန်တီးပေးပါတယ်။ ယခု နှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ V9 ရဲ့ အောင်မြင်မှုကို အခြေခံပြီး ရှုခင်းအမျိုးမျိုး၊ အချိန်မရွေး၊ အခြေအနေမရွေး လိုက် လျောညီထွေဖြစ်ပြီး အကောင်းဆုံး ဓာတ်ပုံတွေ၊ ရိုက်ချက်တွေကို ပိုမိုလိုလားကြသော သုံးစွဲသူများ၏ တောင်းဆိုချက် ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ၎င်းတို့၏ AI နည်းပညာပိုင်းကို ထပ်ဆင့်အားဖြည့် ဆန်းသစ်ထားခြင်း ဖြစ်တယ်။
V11 ရဲ့ အနောက်ကင်မရာမှာ 12MP နှင့် 5MP ပေါင်းစပ်ထားတဲ့ f/1.8 aperture နဲ့ 1.28μm pixels ရှိတဲ့ dual ကင်မရာဖြစ်ပြီး 25MP ရှိတဲ့အရှေ့ ကင်မရာတို့ဖြင့် ဖွဲ့စည်းထားပါတယ်။ 12MP အနောက်ကင်မရာမှာ ဝ.၀၃ စက္ကန့်အတွင်း focus ကို lock ပြုလုပ်နိုင်တဲ့ DSLR အဆင့်မြင့် ကင်မရာကြီးများမှာပါဝင်တဲ့ Dual-Pixel Autofocus နည်းပညာအပြင် အလင်း  ရောင် အားနည်းသည့်အချိန်များအတွက် photosensitive ယူနစ်ပေါင်း ၂၄ သန်း ပါရှိတဲ့ Dual Pixel Sensor များကို အသုံးပြုထား ပါတယ်။
ဖုန်းနဲ့ဓာတ်ပုံ ရိုက်ကူးတဲ့နေရာမှာ လက်ရှိဖြစ်ပေါ်နေကျ သမာရိုးကျ စိန်ခေါ်မှုများနှင့် အခက်အခဲ အများစုကို ဖယ်ရှားပေးပြီး  အတွေ့အကြုံမရှိသေးတဲ့ ဓာတ်ပုံပညာ ဝါသနာရှင်တွေကိုတောင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်  အဖြစ်ချက်ချင်း  ပြောင်းလဲပေး  နိုင်မယ့် နောက်ဆုံးပေါ် နည်းပညာများနဲ့ Feature တွေက ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကို  ပိုမိုလွယ်ကူစွာ ရိုက်ကူးစေနိုင်မှာပါ။ V11 ရဲ့ AI Backlight HDR နဲ့ AI Low Light Mode တွေက ပိုအသေးစိတ်ကျတဲ့ ရိုက်ချက်ပေါင်း များစွာကို ရိုက်ကူးနိုင်ပြီး နေဝင်ချိန်လိုမျိုး အလင်းရောင်အားနည်းတဲ့ အချိန်မျိုးမှာတောင် အလင်းရောင် အကောင်းဆုံး ချိန် ညှိ ပေးနိုင်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်မယ့် AI algorithms တွေကို အသုံးပြုထားပါတယ်။ AI နည်းပညာအားဖြည့်ပေးထားတဲ့ Camera Feature တွေမှာ မတူညီ ကွဲပြားခြားနားတဲ့ အရာဝတ္ထုတွေ၊  ပစ္စည်းတွေနဲ့ ရှုခင်းတွေကို  သတ်မှတ်ဖော်ထုတ်ပေးပြီး အထူးစပါယ်  ရှယ် လုပ်ဆောင်ချက်တွေနဲ့ ဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှား ကြွရွနေစေမယ့် AI Scene Recognition ကို ထပ်မံ ထည့် သွင်းထားပါတယ်။
ဘယ်အချိန်၊ ဘယ်နေရာမဆို ပြီးပြည့်စုံတဲ့ selfie တွေကို ရိုက်ယူနိုင်ဖို့အတွက် မျက်နှာအစိတ်အပိုင်းတွေ ကို အသေးစိတ် ပုံဖော်အလှဆင်ပေးပြီး လှပကျော့ရှင်းပြီး သဘာဝ ကျတဲ့ selfie တွေကို ဖန်တီးပေးနိုင်တဲ့ AI မျက်နှာ ပုံဖော် algorithm နဲ့အတူ နောက်ဆုံးပေါ် နည်းပညာအသစ်ဖြစ်တဲ့ AI Face Shaping နည်းပညာကိုလည်း V11 မှာ ထည့်သွင်း မိတ်ဆက်ထားပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ AI Selfie Lighting Feature ကလည်း သုံးစွဲသူရဲ့ မျက်နှာနဲ့အလင်းရောင် ချိတ်ဆက်ပုံကို နားလည်တဲ့ AI algorithm တွေနဲ့ ပိုကောင်းမွန်တဲ့ lighting effect တွေ ကို ပေးစွမ်းနိုင်ပါတယ်။ အဲ့အပြင် AI နည်းပညာကို အသုံးပြုထားတဲ့ AI Portrait Framing ကလည်း ပြီးပြည့်စုံတဲ့ ရိုက်ချက်တွေ ရရှိအောင် Frame တွေကို ပိုမိုကောင်းမွန်စွာ ထိန်းညှိပေးထားပါတယ်။ အချိန်မရွေး ပြည့်စုံတဲ့ frame တွေနဲ့အကောင်းဆုံး portrait ဓာတ်ပုံများကို အလွယ်တကူ ရရှိနိုင်အောင်လို့ ဖုန်းကို အကောင်းဆုံး အနေအထားမှာ ကိုင် ထားတတ်စေဖို့လည်း ကူညီပေးပါတယ်။
ပို၍စမတ်ကျတဲ့ အတွေ့အကြုံ၊ ပိုမိုစွမ်းအင်မြင့်တဲ့ လုပ်ဆောင်ချက်များ
အကောင်းဆုံး ဓာတ်ပုံနည်းပညာအပြင် Vivo ရဲ့ AI assistant Jovi နဲ့အတူ Jovi Smart Scene, Google Lens နဲ့ Google Assistant တို့လို အခြား Feature တွေမှာလည်း AI မိုဘိုင်း နည်းပညာတွေနဲ့ အားဖြည့်ထားပါသေးတယ်။ Jovi Smart Scene ဟာ ရာသီဥတု အခြေအနေတွေကို အချိန်နဲ့တပြေးညီ ပံ့ပိုးပေးခြင်းအပါအဝင် သုံးစွဲသူရဲ့ အပြုအမူတွေကို မှတ်သားထားတာကြောင့် သုံးစွဲသူရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူ အဆင်ပြေစေပါတယ်။ Google Assistant ကတော့ မြေပုံလမ်းညွှန်ပေးတာတွေ Online Shopping တွေ ခရီးသွား အစီအစဉ်ဆွေ၊ သီချင်းတွေ ဗီဒီယိုတွေနဲ့ လူမှုကွန်ယက် App တွေကို ကူညီပေးပြီး အဆင့်မြင့် နက်နဲတဲ့ သင်ကြားမှုဆိုင်ရာ algorithm တွေနဲ့ ပံ့ပိုထားပေးထားတဲ့ Google Lens ကတော့ သုံးစွဲသူတွေကနေ သူတို့မြင်တဲ့အရာများတွေရဲ့ အချက်အလက်တွေကို ကူညီရှာဖွေပေးပါတယ်။
အဲ့လို ထူးခြားကောင်းမွန်တဲ့ AI Feature တွေကို ထောက်ပံ့ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ချက် ရရှိစေဖို့ 6GB RAM နဲ့ 128 ROM ပါဝင်တဲ့ Snapdragon 660AIE processor နဲ့မောင်းနှင်ထားပါတယ်။ နောက်ဆုံးပေါ် Funtouch OS 4.5 (Android 8.1 အားအခြေခံထားသော) နဲ့ Vivo ရဲ့ Jovi AI Engine တွေကလည်း အတူတကွ အလုပ်လုပ်ပြီး CPU နဲ့ RAM Management လို ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တွယ်ဆောင်ရွက်ပေးပါတယ်။
V series ရဲ့ ပထမဦးဆုံး In-Display Fingerprint Scanning နည်းပညာနဲ့အတူ ဆန်းသစ်တဲ့ဒီဇိုင်း
V11 ရဲ့ ကိုယ်ထည်မှာ 19.5:9 အချိုးအစားဖြစ်ပြီး ၆.၄၁ လက်မရှိတဲ့ Super AMOLED Halo FullView™ Display က 91.27% screen-to-body ratio ရှိပါတယ်။ အလွန်ပါးလွှာတဲ့ ၁.၇၆ မီလီမီတာ ဘေးဘက်ကိုယ်ထည်ရှိပြီး သုံးစွဲသူရဲ့ လက်ထဲမှာ ကွက် Fit ဖြစ်စေမယ့် အတွေ့အကြုံမျိုးကို ပေးစွမ်းနိုင်တဲ့ display နဲ့ 3D အကွေးကိုယ်ထည် ဒီဇိုင်းနှင့် ပေါင်းစပ် ဖန်တီးထားပါတယ်။
V11 နောက်ကျောဘက် Fingerprint Sensor မပါတော့လို့ ဖုန်းတစ်လုံးလုံးရဲ့ အရှေ့အနောက် ဒီဇိုင်း တစ်ခုလုံးဟာ ချောမွတ်ကျော့ရှင်းနေပါတယ်။ V 11 ဟာ In-Display Fingerprint Scanning နည်းပညာကို ထည့်သွင်း အသုံးပြုထား တဲ့ V series ရဲ့ ပထမဆုံး အမျိုးအစားလည်း ဖြစ်ပါတယ်။ အဲ့ဒီနည်းပညာကို အခုနှစ်အစောပိုင်း CES မှာ စတင် မိတ်ဆက်ခဲ့ပြီး ဖုန်းလုံခြုံရေးအတွက် ဖုန်းမျက်နှာပြင်တွေကို ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ထားပါတယ်။ အဲ့ဒီနောက်ဆုံး ပေါ်နည်းပညာကို V11 မှာ ပေါင်းစပ်ထည့်သွင်း ထားပါတယ်။
Face Access ရဲ့ တိကျပြတ်သားမှုမှာလည်း infrared အလင်းရောင်ကို သုံးထားတာကြောင့် အမှောင်ထဲမှာတောင် မျက်နှာ အစိတ်အပိုင်းပေါင်း ၁၀၂၄ ပိုင်းကို တိကျစွာ မှတ်သားပြီး အချိန်ခဏအတွင်းမှာပဲ ဖုန်းကို unlock ဖြည်ပေးနိုင်မည် ဖြစ်ပါတယ်။
စကြဝဠာလောက၏ စိတ်လှုပ်ရှားဖွယ်ရာ လျှို့ဝှက်ဆန်းကြယ်မှုဖြစ်သော – Starry Night နဲ့ Nebula တို့မှ ဆန်းသစ်သော အရောင်တွေကို ကွန့်မြူးရယူထားတဲ့ အရောင် ၂ ရောင်ကို စတင်မိတ်ဆက်ထားတာဖြစ်ပါတယ်။  Starry Night ရဲ့ အနက်နှင့် အပြာရောင် အရောင်စပ်၊ Nubula ရဲ့ အပြာနှင့် ခရမ်းရောင် အရောင်စပ်တွေက V11 ရဲ့ ခေတ်မီ ဆန်းသစ်ထူးခြားတဲ့ ဒီဇိုင်းကို ပိုမိုအဆင့်မြင့်စေပြီးပိုမိုလှပ စေပါတယ်။ V11 ကို စက်တင်ဘာ (၂၉) ရက်နေ့ကစပြီး Starry Night အရောင်တွေနဲ့ ဝယ်ယူရရှိနိုင်မှာပါ။