Riot Games ရဲ့ Multiplayer First-person Shooter ဂိမ်းအသစ် VALORANT ကို လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ထုတ်လွှင့်ပေးဖို့ အသင့်ဖြစ်နေကြောင်း ဂိမ်းထုတ်လုပ်သူတွေက တရားဝင်တွစ်တာအကောင့်ကနေ ပြောကြားလာခဲ့ပါတယ်။

Counter-Strike, Overwatch တို့နဲ့ ယှဉ်ပြိုင်ရမယ့် ဒီဂိမ်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၀ ခုနှစ် နွေရာသီမှာ ဆော့ကစားနိုင်မယ်ဆိုတဲ့ ကတိကို ဂိမ်းထုတ်လုပ်သူတွေက တည်ခဲ့တာပါ။

VALORANT ရဲ့ Closed Beta ကို ဧပြီလ ၇ ရက်နေ့မှာ ထုတ်လွှင့်ပေးခဲ့ပြီး အချိန်တိုအတွင်း Twitch မှာ လူကြည့်အများဆုံးစံချိန်အချို့ကိုလည်း ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နာမည်ကျော်တွေနဲ့ ဂိမ်မာတွေရဲ့ Feedback တွေနဲ့ Fixes အချို့ကို ပြင်ဆင်ခဲ့ပြီးတဲ့နောက် တရားဝင် Launch လုပ်ဖို့ အသင့်ဖြစ်နေကြောင်း ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Riot Games က VALORANT အတွက် အခြေခံလိုအပ်ချက်တွေကို တည်ဆောက်နေချိန်မှာ နာမည်ကြီး Esports အဖွဲ့အစည်းအချို့ကတော့ VALORANT အသင်းတွေတောင် ဖွဲ့စည်းထားပြီဖြစ်တဲ့အတွက် ၂၀၂၀ ခုနှစ်အတွင်း Esports မြင်ကွင်းမှာ ဒီဂိမ်းကို မြင်တွေ့ရဖို့ အလားအလာကောင်းနေပါတယ်။

Ref – AFKGaming