[Unicode]

မြန်မာနိုင်ငံရှိ မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေး ရေရှည်ပိုမိုတိုးတက်ကောင်းမွန်လာစေရန် မြှင့်တင်ပေးရေး ရည်ရွယ်ချက်နှင့်အညီ Koe Koe Tech (KKT) သည် ‘မေမေ’ အမည်ရှိ အသုံးပြုသူနှင့် အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်သည့် chatbot အား မြန်မာနိုင်ငံတွင် လူသုံးအများဆုံး စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် Viber တွင် စတင် မိတ်ဆက်ခဲ့သည်။ ‘မေမေ’ chatbot သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် Koe Koe Tech နှင့် Population Services International တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ‘မေမေ’ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ် ကျန်းမာရေး စောင့်ရှောက်မှု အက်ပလီကေးရှင်း (Google Play Store မှတဆင့် ဒေါင်းလုတ်ရယူနိုင်) အား အဆင့်မြှင့်တင် ထားခြင်း ဖြစ်သည်။ ယခု ‘မေမေ’ chatbot သည် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ် ကျန်းမာရေးများနှင့် ပတ်သက်၍ ဆရာဝန်များနှင့် အခြားသော ကျန်းမာရေး ပညာရှင်များထံမှ အကြံပေးချက်များ၊ ဗဟုသုတများ အား အပတ်စဉ်စာတိုပေးပို့မှုများ၊ မေးလေ့မေးထရှိသော မေးခွန်းများမှတဆင့် အသုံးပြုသူများထံ ပေးအပ်သွားမည် ဖြစ်သည်။

အသုံးပြုသူများသည် ‘မေမေ’ Viber chatbot မှတဆင့် ကိုယ်ဝန်သက်တမ်း (သို့) ကလေးငယ်၏ မွေးနေ့ အစရှိသည့် အခြေခံ အချက်အလက်များကို ဖြည့်သွင်းလိုက်သည်နှင့် တပြိုင်နက် တစ်ဦးတစ်ယောက်ချင်းစီနှင့် သက်ဆိုင်သည့် ကျန်းမာရေးအကြံပေးချက် စာတိုများအား တစ်ပတ်လျှင် ၃ ကြိမ် လက်ခံရရှိသွားမည် ဖြစ်သည်။ အဆိုပါ ကျန်းမာရေးအကြံပေးချက် စာတိုများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ချမှတ် ထားသည့် မိခင်၊ မွေးကင်းစနှင့် ကလေးငယ် ကျန်းမာရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များနှင့် အညီ အထူးကု ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် အသေအချာ ပြင်ဆင်ပေးသွားမည် ဖြစ်ပြီး ကလေး မီးမဖွားခင်၊ မီးဖွားစဉ်နှင့် မီးဖွားပြီး ကာလများတွင် မိမိကိုယ်တိုင် နှင့် မိမိရင်သွေးငယ်၏ ကျန်းမာရေး ကောင်းမွန်စေရန် သိရှိလိုက်နာရမည့် အချက်များ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေစဉ် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ အရေးကြီးသော ကျန်းမာရေးပိုင်းဆိုင်ရာ လက္ခဏာများ၊ ကျန်းမာရေးနှင့် ညီညွတ်စေရန် မှီဝဲရမည့် အာဟာရများနှင့် ပတ်သက်သော အချက်အလက်များ၊ အကြံပေးချက်များလည်း ပါဝင်မည် ဖြစ်သည်။

“မြန်မာနိုင်ငံတဝန်း ကျေးလက်ဒေသတွေမှာရှိတဲ့ အမျိုးသမီးအများစုဟာ ယုံကြည်စိတ်ချရတဲ့ မိခင်၊ မွေးကင်းစ နဲ့ ကလေးငယ် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ရရှိနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ် ဆိုတာ ကျွန်မတို့ သိရှိထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အနေနဲ့ ‘မေမေ’ Viber chatbot ကို ဖန်တီးခဲ့တာ ဖြစ်ပြီး ဒီ ပလက်ဖောင်းကနေတဆင့် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အကြံပေးချက်တွေ၊ အချက်အလက်တွေကို အလွယ်တကူ ရယူသွားနိုင်မှာပါ။ Viber ဟာ လက်ရှိ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး စာတိုပေးပို့မှု အက်ပလီကေးရှင်းဖြစ်တဲ့အပြင် အသုံးပြုသူတွေ အနေနဲ့လည်း အကျွမ်းတဝင် ရှိပြီးသား ပလက်ဖောင်းတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ပိုမို များပြားတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်စုတွေဆီကို ကျွန်မတို့ရဲ့ ဝန်ဆောင်မှုကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို Viber ပလက်ဖောင်းကနေတဆင့် ပေးအပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု Koe Koe Tech ၏ Head of Programme-Health ဖြစ်သူ မဟေမာဝင်းက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့် Viber သည် လွန်ခဲ့သည့် ၈ နှစ်တာကာလအတွင်း အသုံးပြုသူများ၏ ကြိုက်နှစ်သက်အားပေးမှုကို ရရှိခဲ့ပြီးဖြစ်ကာ နိုင်ငံတွင်း၌ လက်ရှိ မှတ်ပုံတင်ပြီး အသုံးပြုသူပေါင်း သန်း ၄၀ ကျော်ကို ပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံမှ အသုံးပြုသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှု ဝန်ဆောင်မှုများအား ပေးအပ်နေသည့် အပြင် Viber သည် လက်ရှိတွင် ပြည်တွင်းမှ နာမည်ကျော် အနုပညာရှင်များ၊ ကုန်ပစ္စည်း အမှတ်တံဆိပ်များ နှင့် လက်တွဲလုပ်ဆောင်လျက် ရှိပြီး ပြည်တွင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ စတစ်ကာများကိုလည်း ဖန်တီးပေးအပ်လျက် ရှိသည်။

‘မေမေ’ Viber chatbot အား အောက်ပါ Link မှတဆင့် ဝင်ရောက်နိုင်မည် ဖြစ်သည်။

Link: https://vb.me/maymaybotpr_19

[Zawgyi]

ကိုယ္ဝန္ေဆာင္ႏွင့္ ကေလးငယ္က်န္းမာေရးႏွင့္ ပတ္သက္၍ သိ႐ွိထားသင့္သည့္ အသိေပးခ်က္မ်ား၊ ဗဟုသုတမ်ားအား ေပးအပ္ႏိုင္ရန္ ‘ေမေမ’ အမည္႐ွိ interactive Viber bot အား စတင္မိတ္ဆက္

ျမန္မာႏိုင္ငံ႐ွိ မိခင္မ်ားႏွင့္ ကေလးငယ္မ်ား၏ က်န္းမာေရး ေရ႐ွည္ပိုမိုတိုးတက္ေကာင္းမြန္လာေစရန္ ျမႇင့္တင္ေပးေရး ရည္႐ြယ္ခ်က္ႏွင့္အညီ Koe Koe Tech (KKT) သည္ ‘ေမေမ’ အမည္႐ွိ အသုံးျပဳသူႏွင့္ အျပန္အလွန္ဆက္သြယ္ေျပာဆိုႏိုင္သည့္ chatbot အား ျမန္မာႏိုင္ငံတြင္ လူသုံးအမ်ားဆုံး စာတိုေပးပို႔မႈ အက္ပလီေကး႐ွင္းတစ္ခု ျဖစ္သည့္ Viber တြင္ စတင္ မိတ္ဆက္ခဲ့သည္။ ‘ေမေမ’ chatbot သည္ ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္တြင္ Koe Koe Tech ႏွင့္ Population Services International တို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့သည့္ ‘ေမေမ’ ကိုယ္ဝန္ေဆာင္ႏွင့္ ကေလးငယ္ က်န္းမာေရး ေစာင့္ေ႐ွာက္မႈ အက္ပလီေကး႐ွင္း (Google Play Store မွတဆင့္ ေဒါင္းလုတ္ရယူႏိုင္) အား အဆင့္ျမႇင့္တင္ ထားျခင္း ျဖစ္သည္။ ယခု ‘ေမေမ’ chatbot သည္ ကိုယ္ဝန္ေဆာင္ႏွင့္ ကေလးငယ္ က်န္းမာေရးမ်ားႏွင့္ ပတ္သက္၍ ဆရာဝန္မ်ားႏွင့္ အျခားေသာ က်န္းမာေရး ပညာ႐ွင္မ်ားထံမွ အၾကံေပးခ်က္မ်ား၊ ဗဟုသုတမ်ား အား အပတ္စဥ္စာတိုေပးပို႔မႈမ်ား၊ ေမးေလ့ေမးထ႐ွိေသာ ေမးခြန္းမ်ားမွတဆင့္ အသုံးျပဳသူမ်ားထံ ေပးအပ္သြားမည္ ျဖစ္သည္။

အသုံးျပဳသူမ်ားသည္ ‘ေမေမ’ Viber chatbot မွတဆင့္ ကိုယ္ဝန္သက္တမ္း (သို႔) ကေလးငယ္၏ ေမြးေန႔ အစ႐ွိသည့္ အေျခခံ အခ်က္အလက္မ်ားကို ျဖည့္သြင္းလိုက္သည္ႏွင့္ တၿပိဳင္နက္ တစ္ဦးတစ္ေယာက္ခ်င္းစီႏွင့္ သက္ဆိုင္သည့္ က်န္းမာေရးအၾကံေပးခ်က္ စာတိုမ်ားအား တစ္ပတ္လွ်င္ ၃ ႀကိမ္ လက္ခံရ႐ွိသြားမည္ ျဖစ္သည္။ အဆိုပါ က်န္းမာေရးအၾကံေပးခ်က္ စာတိုမ်ားအား ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) မွ ခ်မွတ္ ထားသည့္ မိခင္၊ ေမြးကင္းစႏွင့္ ကေလးငယ္ က်န္းမာေရးႏွင့္ ပတ္သက္သည့္ လမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ အထူးကု ဆရာဝန္ႀကီးမ်ားႏွင့္ ကြၽမ္းက်င္ပညာ႐ွင္မ်ားကိုယ္တိုင္ အေသအခ်ာ ျပင္ဆင္ေပးသြားမည္ ျဖစ္ၿပီး ကေလး မီးမဖြားခင္၊ မီးဖြားစဥ္ႏွင့္ မီးဖြားၿပီး ကာလမ်ားတြင္ မိမိကိုယ္တိုင္ ႏွင့္ မိမိရင္ေသြးငယ္၏ က်န္းမာေရး ေကာင္းမြန္ေစရန္ သိ႐ွိလိုက္နာရမည့္ အခ်က္မ်ား ပါဝင္မည္ ျဖစ္သည္။ ထို႔အျပင္ ကိုယ္ဝန္ေဆာင္ေနစဥ္ ေဆာင္ရန္၊ ေ႐ွာင္ရန္ အခ်က္မ်ား၊ အေရးႀကီးေသာ က်န္းမာေရးပိုင္းဆိုင္ရာ လကၡဏာမ်ား၊ က်န္းမာေရးႏွင့္ ညီၫြတ္ေစရန္ မွီဝဲရမည့္ အာဟာရမ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ား၊ အၾကံေပးခ်က္မ်ားလည္း ပါဝင္မည္ ျဖစ္သည္။

“ျမန္မာႏိုင္ငံတဝန္း ေက်းလက္ေဒသေတြမွာ႐ွိတဲ့ အမ်ိဳးသမီးအမ်ားစုဟာ ယုံၾကည္စိတ္ခ်ရတဲ့ မိခင္၊ ေမြးကင္းစ နဲ႔ ကေလးငယ္ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ လမ္းၫႊန္ခ်က္ေတြကို ရ႐ွိႏိုင္ဖို႔ ခက္ခဲေနဆဲ ျဖစ္တယ္ ဆိုတာ ကြၽန္မတို႔ သိ႐ွိထားပါတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္မတို႔ အေနနဲ႔ ‘ေမေမ’ Viber chatbot ကို ဖန္တီးခဲ့တာ ျဖစ္ၿပီး ဒီ ပလက္ေဖာင္းကေနတဆင့္ အမ်ိဳးသမီးေတြ အေနနဲ႔ ကိုယ္ဝန္ေဆာင္နဲ႔ ကေလးငယ္ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့ အေရးႀကီးတဲ့ အၾကံေပးခ်က္ေတြ၊ အခ်က္အလက္ေတြကို အလြယ္တကူ ရယူသြားႏိုင္မွာပါ။ Viber ဟာ လက္႐ွိ ျမန္မာႏိုင္ငံမွာ လူသုံးအမ်ားဆုံး စာတိုေပးပို႔မႈ အက္ပလီေကး႐ွင္းျဖစ္တဲ့အျပင္ အသုံးျပဳသူေတြ အေနနဲ႔လည္း အကြၽမ္းတဝင္ ႐ွိၿပီးသား ပလက္ေဖာင္းတစ္ခု ျဖစ္တဲ့အတြက္ေၾကာင့္ ပိုမို မ်ားျပားတဲ့ အမ်ိဳးသမီးေတြနဲ႔ အိမ္ေထာင္စုေတြဆီကို ကြၽန္မတို႔ရဲ႕ ဝန္ေဆာင္မႈကို ေပးအပ္ႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ အခုလို Viber ပလက္ေဖာင္းကေနတဆင့္ ေပးအပ္ဖို႔ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္” ဟု Koe Koe Tech ၏ Head of Programme-Health ျဖစ္သူ မေဟမာဝင္းက ေျပာၾကားခဲ့သည္။

၂၀၁၁ ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ စတင္ဝင္ေရာက္လာသည့္ Viber သည္ လြန္ခဲ့သည့္ ၈ ႏွစ္တာကာလအတြင္း အသုံးျပဳသူမ်ား၏ ႀကိဳက္ႏွစ္သက္အားေပးမႈကို ရ႐ွိခဲ့ၿပီးျဖစ္ကာ ႏိုင္ငံတြင္း၌ လက္႐ွိ မွတ္ပုံတင္ၿပီး အသုံးျပဳသူေပါင္း သန္း ၄၀ ေက်ာ္ကို ပိုင္ဆိုင္ထားသည္။ ျမန္မာႏိုင္ငံမွ အသုံးျပဳသူမ်ားအတြက္ အခမဲ့ ဖုန္းေခၚဆိုမႈႏွင့္ စာတိုေပးပို႔မႈ ဝန္ေဆာင္မႈမ်ားအား ေပးအပ္ေနသည့္ အျပင္ Viber သည္ လက္႐ွိတြင္ ျပည္တြင္းမွ နာမည္ေက်ာ္ အႏုပညာ႐ွင္မ်ား၊ ကုန္ပစၥည္း အမွတ္တံဆိပ္မ်ား ႏွင့္ လက္တြဲလုပ္ေဆာင္လ်က္ ႐ွိၿပီး ျပည္တြင္းႏွင့္ သက္ဆိုင္သည့္ အေၾကာင္းအရာမ်ား၊ စတစ္ကာမ်ားကိုလည္း ဖန္တီးေပးအပ္လ်က္ ႐ွိသည္။

‘ေမေမ’ Viber chatbot အား ေအာက္ပါ Link မွတဆင့္ ဝင္ေရာက္ႏိုင္မည္ ျဖစ္သည္။

Link: https://vb.me/maymaybotpr_19