အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစုဟာ ကိုယ့်အိမ်မှာပဲနေပြီး အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Video Conferencing App တွေက ပိုပြီးအသုံးများလာကြပါတယ်။

ဒီအချိန်မှာ နာမည်ကြီး Messaging App တစ်ခုဖြစ်တဲ့ Viber ကလည်း ပုံမှန်ပါဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ Group Call Function ကို အဆင့်မြှင့်တင်ပေးလိုက်ပါတယ်။ ဒါကတော့ ပုံမှန်ထက်ပိုပြီး Group Call တစ်ခုမှာ လူအယောက် ၂၀ အထိ ခေါ်ဆိုနိုင်သွားပြီပဲဖြစ်ပါတယ်။

ဒီလိုမျိုး Update လုပ်ပေးလိုက်တဲ့အပြင် Viber ကနေ Twitter Account မှာ #StayAtHomeChallenge ကိုလည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယခင်တုန်းက Group Call ဟာ လူ ၅ ယောက်ပဲ ခေါ်ဆိုနိုင်တာကနေ မကြာသေးခင်တုန်းက လူ ၁၀ ယောက်နဲ့ အခုကြတော့ အယောက် ၂၀ အထိ တိုးမြှင့်ပေးလာတာပါ။ ဒီ Update ကိုတော့ Android Version မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အခု Update မှာ Group Call ကို လူအယောက် ၂၀ အထိ ခေါ်ဆိုနိုင်တာအပြင် Video Trimmer ဆိုတဲ့ Feature အသစ်တစ်ခုကိုပါ ထည့်သွင်းလာတယ်လို့ သိရပါတယ်။

Ref – Android Police