[Zawgyi]

Rakuten Viber သည္ ၎၏ ပထမဦးဆုံး Myanmar Summit အား ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ား၊ အႏုပညာရွင္မ်ား၊ မီဒီယာမ်ား ႏွင့္အတူ ရန္ကုန္ၿမိဳ႕၊ ပဲခူးကလပ္တြင္ ေအာက္တိုဘာ ၉ ရက္တြင္ က်င္းပျပဳလုပ္ခဲ့သည္။ ျမန္မာႏိုင္ငံတြင္ လူႀကိဳက္အမ်ားဆုံးေသာ စာတိုေပးပို႔မႈ အက္ပလီေကးရွင္း ျဖစ္သည့္ Viber သည္ အသုံးျပဳသူ အေရအတြက္မ်ားစြာကို ပိုင္ဆိုင္ထားသည့္အျပင္ မ်ားစြာေသာ စီးပြားေရးလုပ္ငန္းမ်ား သည္လည္း Viber အား အသုံးျပဳလ်က္ ရွိသည္။ အသုံးျပဳသူမ်ား အခ်င္းခ်င္း ဆက္သြယ္ေျပာဆိုမႈမ်ား အားလုံးသည္ သီးသန႔္သာ ျဖစ္သင့္သည္ဟု ယုံၾကည္ထားသည္ ႏွင့္အညီ Viber အေနႏွင့္ အသုံးျပဳသူမ်ား၏ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ား လုံၿခဳံစိတ္ခ်မႈရွိေစရန္ အစဥ္အၿမဲ အေလးထား ေဆာင္႐ြက္လ်က္ ရွိသည္။ ယမန္ေန႔က က်င္းပျပဳလုပ္ခဲ့ေသာ Viber Myanmar Summit တြင္လည္း ဤရည္သန္ခ်က္မ်ားအား ထပ္ေဆာင္း ကတိကဝတ္ျပဳ ေျပာၾကားခဲ့သည္။

“အခုလို ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ရတာ ကြၽန္ေတာ့္အေနနဲ႔ အရမ္းကို ဝမ္းေျမာက္မိပါတယ္။ ျမန္မာႏိုင္ငံဟာ ေဈးကြက္ခိုင္မာမႈအရေရာ၊ ဖြံ႕ၿဖိဳးတိုးတက္မႈအရပါ Viber အတြက္ အေရးအပါဆုံးေဈးကြက္ေတြထဲက တစ္ခု ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔အေနနဲ႔ အခုလက္ရွိမွာ ျပည္တြင္းဝန္ထမ္းေတြကိုလည္း ခန႔္အပ္ထားၿပီး သူတို႔ရဲ႕ ကြၽမ္းက်င္မႈေတြ ပိုမိုဖြံ႕ၿဖိဳး တိုးတက္လာေစဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံမႈေတြ စတင္လုပ္ေဆာင္ေနပါတယ္။ အလားတူပဲ ျမန္မာႏိုင္ငံအတြက္ သီးသန႔္ ရည္႐ြယ္ထားတဲ့၊ ဆန္းသစ္တဲ့ ဝန္ေဆာင္မႈေတြကိုလည္း စတင္လုပ္ေဆာင္ေနၿပီး Viber မွာ ရယူအသုံးျပဳႏိုင္တဲ့ အႏုပညာရွင္ေတြ၊ ထင္ရွားေက်ာ္ၾကားသူေတြရဲ႕ စတစ္ကာေတြဟာလည္း အသုံးျပဳသူေတြရဲ႕ ႀကိဳက္ႏွစ္သက္အားေပးမႈကို ရရွိေနပါတယ္။ ဒါ့အျပင္ ျပည္တြင္းက ဆက္သြယ္ေရး ေအာ္ပေရတာေတြနဲ႔အတူ ပူးေပါင္းၿပီး အသုံးျပဳသူေတြ ႀကိဳက္ႏွစ္သက္မႈရွိတဲ့ ဝန္ေဆာင္မႈေတြကိုလည္း ေပးအပ္ႏိုင္ခဲ့ပါတယ္။ Viber အေနနဲ႔ ျမန္မာႏိုင္ငံမွာ လုပ္ငန္းေတြ ဆက္လက္ခ်ဲ႕ထြင္လုပ္ေဆာင္သြားဦးမွာ ျဖစ္ၿပီး ဒီလို အံ့အားသင့္ဖို႔ေကာင္းတဲ့ ေဈးကြက္မွာ ဝန္ေဆာင္မႈေတြ ေပးအပ္ေနရတာကို အရမ္းပဲ ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္” ဟု Rakuten Viber ၏ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သူ Djamel Agaoua မွ ေျပာၾကားခဲ့သည္။

Rakuten Viber Myanmar Summit တြင္ ေကာ္ပိုရိတ္စကားဝိုင္းေဆြးေႏြးပြဲ (Corporate Panel Discussion) ႏွင့္ ထင္ရွားေက်ာ္ၾကားသူမ်ား စကားဝိုင္းေဆြးေႏြးပြဲ (Influencers Panel Discussion) ဟူ၍ စကားဝိုင္းေဆြးေႏြးပြဲ ၂ ခုကိုလည္း ထည့္သြင္းျပဳလုပ္ခဲ့ၿပီး ေကာ္ပိုရိတ္ စကားဝိုင္းေဆြးေႏြးပြဲအား “စဥ္ဆက္မျပတ္ လ်င္ျမန္စြာ တိုးတက္ေျပာင္းလဲေနသည့္ ယေန႔ေခတ္ ဒစ္ဂ်စ္တယ္ကမာၻႀကီးတြင္ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ား လုံၿခဳံစိတ္ခ်ေရး၏ အေရးပါအရာေရာက္မႈ” ေခါင္းစဥ္ျဖင့္ က်င္းပျပဳလုပ္ခဲ့သည္။ အဆိုပါ စကားဝိုင္းေဆြးေႏြးပြဲတြင္ AYA ဘဏ္၏ မန္ေနဂ်င္း ဒါ႐ိုက္တာ ဦးျမင့္ေဇာ္၊ PwC Myanmar ၏ Chief Digital Officer ကို Mike ဖုန္းျမင့္ႏွင့္ KoeKoe Tech မွ Program Coordinator ကိုဟိန္းေဇာ္ဦးတို႔မွ ပါဝင္ေဆြးေႏြးခဲ့ၾကၿပီး Information Matrix Co., Ltd ၏ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ မန္ေနးဂ်င္း ဒါ႐ိုက္တာ ဦးေသာင္းစုၿငိမ္းမွ Moderator အျဖစ္ ေဆာင္႐ြက္ေပးခဲ့သည္။ ဤစကားဝိုင္း ေဆြးေႏြးပြဲတြင္ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ား၏ လုံၿခဳံစိတ္ရမႈသည္ မည္သည့္အတြက္ေၾကာင့္ အလြန္အေရးပါသည္ ဟူသည့္အခ်က္ႏွင့္ ပတ္သက္၍ ပါဝင္ေဆြးေႏြးသူမ်ားမွ ၎တို႔၏ ရႈေထာင့္အျမင္မ်ားအား မွ်ေဝေျပာၾကားခဲ့ၾကၿပီး ဤအခ်က္အား ျမန္မာႏိုင္ငံကဲ့သို႔ ျမန္ဆန္စြာ တိုးတက္ ေျပာင္းလဲေနသည့္ ႏိုင္ငံတစ္ႏိုင္ငံရွိ အသုံးျပဳသူမ်ား အေနႏွင့္ ေမ့ေလ်ာ့မေနၾကေစရန္လည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။ ထို႔အျပင္ လ်င္ျမန္စြာ တိုးတက္ေျပာင္းလဲေနသည့္ ယေန႔ ဒစ္ဂ်စ္တယ္ေခတ္တြင္ ၎တို႔၏ စီးပြားေရး လုပ္ငန္းမ်ားအား လုပ္ကိုင္ေဆာင္႐ြက္ရာ ၌ ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ားအေပၚ တစ္ဦးခ်င္းစီ၏ အျမင္မ်ားကိုလည္း မွ်ေဝခဲ့ၾကသည္။

ေကာ္ပိုရိတ္ စကားဝိုင္းေဆြးေႏြးပြဲ အၿပီးတြင္ ထင္ရွားေက်ာ္ၾကားသူမ်ား စကားဝိုင္းေဆြးေႏြးပြဲကိုလည္း “ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းမ်ားအား လုံၿခဳံစိတ္ခ်စြာ အသုံးျပဳျခင္းႏွင့္ ျမန္မာႏိုင္ငံတြင္ ကုန္ပစၥည္း အမွတ္တံဆိပ္မ်ားႏွင့္ လက္တြဲလုပ္ကိုင္ျခင္း” ေခါင္းစဥ္ျဖင့္ ဆက္လက္ က်င္းပ ျပဳလုပ္ခဲ့သည္။ အဆိုပါ စကားဝိုင္း ေဆြးေႏြးပြဲတြင္ အစီအစဥ္ တင္ဆက္သူ မထရီဇာခိုင္မွ Moderator အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး နာမည္ေက်ာ္ အဆိုေတာ္ႏွင့္ သ႐ုပ္ေဆာင္ မစႏၵီျမင့္လြင္၊ ဆမ္ေဆာင္းျမန္မာ၏ Senior Manager, Corporate Communications and Marketing ကိုစိုးသူရ၊ နာမည္ေက်ာ္ Motivational Speaker တစ္ဦးျဖစ္သည့္ Dee Dee Burmese Vlog ႏွင့္ Miss Supranational Myanmar 2015 မ L ေဘာက္ႏူး တို႔မွ ပါဝင္ေဆြးေႏြးခဲ့ၾကရာ ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းမ်ားေပၚတြင္ အလုပ္လုပ္ကိုင္ရသည့္ အေတြ႕အႀကဳံမ်ား ႏွင့္ ၎တို႔၏ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ား လုံၿခဳံစိတ္ခ်ရမႈ ရွိေစရန္ မည္သို႔ သတိျပဳ လုပ္ေဆာင္ထားသည္ ဟူသည့္ အခ်က္မ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ထို႔အျပင္ Rakuten Viber Myanmar Summit တြင္ နာမည္ေက်ာ္ အဆိုေတာ္ ပန္းေရာင္ျခယ္၏ သီဆို ေဖ်ာ္ေျဖမႈႏွင့္ Networking Session လည္း ပါဝင္ခဲ့သည္။

“အခုေခတ္ ဒစ္ဂ်စ္တယ္ကမာၻႀကီးမွာ အံ့အားသင့္စရာ အခ်က္တစ္ခ်က္ကေတာ့ အသုံးျပဳသူေတြ အေနနဲ႔ အက္ပလီေကးရွင္းေတြ၊ ဝက္ဘ္ဆိုက္ေတြကေန သတ္မွတ္ထားတဲ့ စည္းမ်ဥ္းဥပေဒေတြ ကို မ်က္စိမွိတ္ၿပီး လက္ခံ လာရျခင္းပါပဲ။ ဘာလို႔လဲဆိုေတာ့ အဲဒီ အက္ပလီေကးရွင္းေတြ၊ ဝက္ဘ္ဆိုက္ေတြကို ဖန္တီးတဲ့သူေတြဟာ ဘယ္လိုမ်ိဳး အေၾကာင္းအရာေတြကို ကြၽန္ေတာ္တို႔ စိတ္ဝင္စားလဲဆိုတဲ့ အခ်က္ကို နားလည္သိရွိထားတယ္လို႔ ယုံၾကည္ထားခဲ့လို႔ပါပဲ။ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းေတြကို ကြၽန္ေတာ္တို႔ အသုံးျပဳတဲ့ေနရာမွာ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ ယုံၾကည္စိတ္ခ်မႈရွိေစဖို႔ အတြက္ ဘယ္သူေတြကို ယုံၾကည္စိတ္ခ်ႏိုင္လဲဆိုတာကို သိရွိ နားလည္ထားဖို႔ အရမ္း အေရးႀကီးပါတယ္။ အခုဒီ Rakuten Viber Myanmar Summit မွာ ျပဳလုပ္ခဲ့တဲ့ စကားဝိုင္းေဆြးေႏြးပြဲေတြကေန ကြၽန္ေတာ္ သိရွိနားလည္လိုက္တာကေတာ့ Facebook လိုမ်ိဳး နည္းပညာ ကုမၸဏီႀကီးေတြအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ေရးကိုယ္တာ သတင္းအခ်က္အလက္ေတြကို အက်ိဳးအျမတ္ အတြက္ ေရာင္းခ်ေနတာကို သိရွိနားလည္လိုက္ရၿပီး တစ္ခ်ိန္တည္းမွာပဲ Rakuten Viber လို ကုမၸဏီေတြအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ လုံၿခဳံစိတ္ခ်မႈ အျပည့္အဝ ရရွိေစဖို႔ end-to-end encryption နည္းပညာကို အသုံးျပဳၿပီး အကာအကြယ္ေပးထားတယ္ ဆိုတာကိုလည္း အျပည့္အဝ နားလည္ သိရွိ လိုက္ရပါတယ္” ဟု Rakuten Viber Myanmar Summit အခမ္းအနားအား တက္ေရာက္လာသူ ေမာ္ဒယ္ႏွင့္ သ႐ုပ္ေဆာင္ သီဟထြန္းက ေျပာၾကားသည္။

[Unicode]

Rakuten Viber ၏ ပထမဦးဆုံး Myanmar Summit အား ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်

Rakuten Viber သည် ၎င်း၏ ပထမဦးဆုံး Myanmar Summit အား ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ မီဒီယာများ နှင့်အတူ ရန်ကုန်မြို့၊ ပဲခူးကလပ်တွင် အောက်တိုဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးသော စာတိုပေးပို့မှု အက်ပလီကေးရှင်း ဖြစ်သည့် Viber သည် အသုံးပြုသူ အရေအတွက်များစွာကို ပိုင်ဆိုင်ထားသည့်အပြင် များစွာသော စီးပွားရေးလုပ်ငန်းများ သည်လည်း Viber အား အသုံးပြုလျက် ရှိသည်။ အသုံးပြုသူများ အချင်းချင်း ဆက်သွယ်ပြောဆိုမှုများ အားလုံးသည် သီးသန့်သာ ဖြစ်သင့်သည်ဟု ယုံကြည်ထားသည် နှင့်အညီ Viber အနေနှင့် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချမှုရှိစေရန် အစဉ်အမြဲ အလေးထား ဆောင်ရွက်လျက် ရှိသည်။ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော Viber Myanmar Summit တွင်လည်း ဤရည်သန်ချက်များအား ထပ်ဆောင်း ကတိကဝတ်ပြု ပြောကြားခဲ့သည်။

“အခုလို မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရတာ ကျွန်တော့်အနေနဲ့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံဟာ ဈေးကွက်ခိုင်မာမှုအရရော၊ ဖွံ့ဖြိုးတိုးတက်မှုအရပါ Viber အတွက် အရေးအပါဆုံးဈေးကွက်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ အခုလက်ရှိမှာ ပြည်တွင်းဝန်ထမ်းတွေကိုလည်း ခန့်အပ်ထားပြီး သူတို့ရဲ့ ကျွမ်းကျင်မှုတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် ရင်းနှီးမြုပ်နှံမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ အလားတူပဲ မြန်မာနိုင်ငံအတွက် သီးသန့် ရည်ရွယ်ထားတဲ့၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း စတင်လုပ်ဆောင်နေပြီး Viber မှာ ရယူအသုံးပြုနိုင်တဲ့ အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ စတစ်ကာတွေဟာလည်း အသုံးပြုသူတွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို ရရှိနေပါတယ်။ ဒါ့အပြင် ပြည်တွင်းက ဆက်သွယ်ရေး အော်ပရေတာတွေနဲ့အတူ ပူးပေါင်းပြီး အသုံးပြုသူတွေ ကြိုက်နှစ်သက်မှုရှိတဲ့ ဝန်ဆောင်မှုတွေကိုလည်း ပေးအပ်နိုင်ခဲ့ပါတယ်။ Viber အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်ချဲ့ထွင်လုပ်ဆောင်သွားဦးမှာ ဖြစ်ပြီး ဒီလို အံ့အားသင့်ဖို့ကောင်းတဲ့ ဈေးကွက်မှာ ဝန်ဆောင်မှုတွေ ပေးအပ်နေရတာကို အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု Rakuten Viber ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Djamel Agaoua မှ ပြောကြားခဲ့သည်။

Rakuten Viber Myanmar Summit တွင် ကော်ပိုရိတ်စကားဝိုင်းဆွေးနွေးပွဲ (Corporate Panel Discussion) နှင့် ထင်ရှားကျော်ကြားသူများ စကားဝိုင်းဆွေးနွေးပွဲ (Influencers Panel Discussion) ဟူ၍ စကားဝိုင်းဆွေးနွေးပွဲ ၂ ခုကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပြီး ကော်ပိုရိတ် စကားဝိုင်းဆွေးနွေးပွဲအား “စဉ်ဆက်မပြတ် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချရေး၏ အရေးပါအရာရောက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် AYA ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်ဇော်၊ PwC Myanmar ၏ Chief Digital Officer ကို Mike ဖုန်းမြင့်နှင့် KoeKoe Tech မှ Program Coordinator ကိုဟိန်းဇော်ဦးတို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး Information Matrix Co., Ltd ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးသောင်းစုငြိမ်းမှ Moderator အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ဤစကားဝိုင်း ဆွေးနွေးပွဲတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ လုံခြုံစိတ်ရမှုသည် မည်သည့်အတွက်ကြောင့် အလွန်အရေးပါသည် ဟူသည့်အချက်နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးသူများမှ ၎င်းတို့၏ ရှုထောင့်အမြင်များအား မျှဝေပြောကြားခဲ့ကြပြီး ဤအချက်အား မြန်မာနိုင်ငံကဲ့သို့ မြန်ဆန်စွာ တိုးတက် ပြောင်းလဲနေသည့် နိုင်ငံတစ်နိုင်ငံရှိ အသုံးပြုသူများ အနေနှင့် မေ့လျော့မနေကြစေရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ရာ ၌ တွေ့ကြုံရသည့် အခက်အခဲများအပေါ် တစ်ဦးချင်းစီ၏ အမြင်များကိုလည်း မျှဝေခဲ့ကြသည်။

ကော်ပိုရိတ် စကားဝိုင်းဆွေးနွေးပွဲ အပြီးတွင် ထင်ရှားကျော်ကြားသူများ စကားဝိုင်းဆွေးနွေးပွဲကိုလည်း “ဒစ်ဂျစ်တယ် ပလက်ဖောင်းများအား လုံခြုံစိတ်ချစွာ အသုံးပြုခြင်းနှင့် မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လက်တွဲလုပ်ကိုင်ခြင်း” ခေါင်းစဉ်ဖြင့် ဆက်လက် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် အစီအစဉ် တင်ဆက်သူ မထရီဇာခိုင်မှ Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး နာမည်ကျော် အဆိုတော်နှင့် သရုပ်ဆောင် မစန္ဒီမြင့်လွင်၊ ဆမ်ဆောင်းမြန်မာ၏ Senior Manager, Corporate Communications and Marketing ကိုစိုးသူရ၊ နာမည်ကျော် Motivational Speaker တစ်ဦးဖြစ်သည့် Dee Dee Burmese Vlog နှင့် Miss Supranational Myanmar 2015 မ L ဘောက်နူး တို့မှ ပါဝင်ဆွေးနွေးခဲ့ကြရာ ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်တွင် အလုပ်လုပ်ကိုင်ရသည့် အတွေ့အကြုံများ နှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချရမှု ရှိစေရန် မည်သို့ သတိပြု လုပ်ဆောင်ထားသည် ဟူသည့် အချက်များအား ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် Rakuten Viber Myanmar Summit တွင် နာမည်ကျော် အဆိုတော် ပန်းရောင်ခြယ်၏ သီဆို ဖျော်ဖြေမှုနှင့် Networking Session လည်း ပါဝင်ခဲ့သည်။

“အခုခေတ် ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ အံ့အားသင့်စရာ အချက်တစ်ချက်ကတော့ အသုံးပြုသူတွေ အနေနဲ့ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေ ကို မျက်စိမှိတ်ပြီး လက်ခံ လာရခြင်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေကို ဖန်တီးတဲ့သူတွေဟာ ဘယ်လိုမျိုး အကြောင်းအရာတွေကို ကျွန်တော်တို့ စိတ်ဝင်စားလဲဆိုတဲ့ အချက်ကို နားလည်သိရှိထားတယ်လို့ ယုံကြည်ထားခဲ့လို့ပါပဲ။ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို ကျွန်တော်တို့ အသုံးပြုတဲ့နေရာမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ယုံကြည်စိတ်ချမှုရှိစေဖို့ အတွက် ဘယ်သူတွေကို ယုံကြည်စိတ်ချနိုင်လဲဆိုတာကို သိရှိ နားလည်ထားဖို့ အရမ်း အရေးကြီးပါတယ်။ အခုဒီ Rakuten Viber Myanmar Summit မှာ ပြုလုပ်ခဲ့တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကနေ ကျွန်တော် သိရှိနားလည်လိုက်တာကတော့ Facebook လိုမျိုး နည်းပညာ ကုမ္ပဏီကြီးတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို အကျိုးအမြတ် အတွက် ရောင်းချနေတာကို သိရှိနားလည်လိုက်ရပြီး တစ်ချိန်တည်းမှာပဲ Rakuten Viber လို ကုမ္ပဏီတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံစိတ်ချမှု အပြည့်အဝ ရရှိစေဖို့ end-to-end encryption နည်းပညာကို အသုံးပြုပြီး အကာအကွယ်ပေးထားတယ် ဆိုတာကိုလည်း အပြည့်အဝ နားလည် သိရှိ လိုက်ရပါတယ်” ဟု Rakuten Viber Myanmar Summit အခမ်းအနားအား တက်ရောက်လာသူ မော်ဒယ်နှင့် သရုပ်ဆောင် သီဟထွန်းက ပြောကြားသည်။