လူအများအသုံးပြုကြသော စာတိုပို့ အက်ပလီကေးရှင်းဖြစ်သည့် Viber မှ အသုံးပြုသူများအတွက် ၂ ဆ ပိုမြန်ဆန်သောနှုန်းဖြင့် စာတိုများပေးပို့နိုင်ရန် ပြုလုပ်ထားပြီး ပို့ပြီးစာများ ဖတ်ရှုပြီးကြောင်းကို ပို့သူသိရှိစေရန်ပါ ဆောင်ရွက်ထားသည်

သြဂုတ်လ ၂၀၁၈၊ ရန်ကုန် – ကမ္ဘာပေါ်ရှိ စာတိုပို့ အက်ပလီကေးရှင်းများကဏ္ဍတွင် ဦးဆောင်လျက်ရှိသည့် Viber သည် ၎င်း၏ အသုံးပြုသူ သန်း ၁၀၀၀ အတွက် စာတိုပေးပို့မှု ၂ ဆ မြန်ဆန်အောင် ဆောင်ရွက်ပေးထားပြီး အသုံးပြုရာတွင် ပိုမိုကောင်းမွန်သော အတွေ့အကြုံကို ခံစားရစေမည် ဖြစ်သည်။ ထို့အပြင် Viber မှ ပိုမိုမြန်ဆန်သော စာတိုပေးပို့မှုကို အထောက်အကူ့ပြုမည့် ဒီဇိုင်းအသစ်ကို ဗားရှင်းမြှင့်တင်ပေးသွားမည် ဖြစ်ကာ Viber စာတိုပေးပို့ရာတွင် လွယ်ကူရုံသာမက ပိုမိုလှပလာမည် ဖြစ်သည်။

သူငယ်ချင်းတစ်ယောက်နှင့် chat ပြုလုပ်နေစဉ် သင်ပို့ထားသော စာများကို ဖတ်ပြီးသည်လား မဖတ်ရသေးလား၊ မည်သည့်အတွက်ကြောင့် စာပြန်ပို့ရန် အချိန်ကြာမြင့်နေကြောင်း စသည်တို့ကို တွေဝေနေစရာမလိုတော့ပေ။ Viber မှ လျင်မြန်သော စာတိုပေးပို့မှုကို အချိန်နှင့် တပြေးညီပြုလုပ်ပေးနေပြီး ယခုဗားရှင်းမြှင့်တင်ထားသည့် Viber chat screen မှ မိမိသူငယ်ချင်းများအားလုံးနှင့် လွယ်ကူစွာ ဆက်သွယ်ချိတ်ဆက်နိုင်မည် ဖြစ်သည်။ Viber မှ အဆင့်မြှင့်တင်ထားသော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

● ယခင်ထက်ပိုမိုမြန်ဆန်သော စာတိုပေးပို့မှု – စာတိုပေးပို့ခြင်းသည် ယခင်ကထက် ၂ ဆ ပို၍ မြန်ဆန်စွာ ပေးပို့နိုင်မည် ဖြစ်သည်။ သင်၏ စာတိုပေးပို့မှုများသည် ပိုမိုသဘာဝကျပြီး လျင်မြန်စွာ ပြောဆိုနိုင်မည် ဖြစ်သောကြောင့် စာမပြန်နိုင်မည်ကို စိုးရိမ်စရာမလိုတော့ပေ။

● ပို့ပြီးစာများ ဖတ်ရှုပြီးကြောင်းကို လျင်မြန်စွာသိရှိနိုင်ခြင်း – Icon အသစ်ဖြင့် စာတိုပေးပို့မှု အခြေအနေကို ပြသခြင်းကြောင့် လျင်မြန်စွာ ပေးပို့နိုင်သော စာတိုများ ဖတ်ရှုပြီးမှု အခြေအနေကို သိရှိနိုင်မည် ဖြစ်သည်။ လက်ခံသူမှ စာဖတ်ပြီးသည့် အကြောင်းကို သင့်အနေဖြင့် လျင်မြန်စွာ သိရှိနိုင်မည် ဖြစ်သည်။ ✓ သင်ပို့ထားသော စာတိုပေးပို့ပြီး ဖြစ်ကြောင်းကို ပြသမည် ဖြစ်သည်။ ✓✓ သည် လက်ခံသူ၏ ဖုန်းသို့ သင်ပို့ထားသော စာတို ရောက်ရှိကြောင်းကို ပြသမည် ဖြစ်သည်။ ✓✓သည် လက်ခံသူမှ သင်ပေးပို့ထားသော စာတိုကို မြင်ပြီး သို့ ဖတ်ရှုပြီး ဖြစ်ကြောငိးကု ပြသမည် ဖြစ်သည်။

● ပိုမိုကြီးမားပြီး ပိုမိုထင်လင်းသည့် ချက်ဘောက်များ – စာပေးပို့ရတွင် ပါဝင်သည့် စာများကို ပိုမို အာရုံစိုက်နိုင်စေရန် Viber မှ ပိုမိုထင်လင်းသော အရောင်များကို အသုံးပြုထားကာ ပိုမိုကြီးမားသည့် ချက်ဘောက်များဖြစ်အောင် ဖန်တီးထားသည်။ ဖန်သားပြင်ပေါ်တွင် စာများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် တစ်ချက်ကြည့်ရုံဖြင့် လွယ်ကူစွာ ဖတ်ရှုနိုင်မည် ဖြစ်သည်။

● ကြည်လင်ပြတ်သားသော GIF ၊ ဓာတ်ပုံနှင့် ဗီဒီယို ခံစားမှုများ – ပုံတစ်ပုံသည် စာလုံးရေ တစ်ထောင်တန်ဖိုးရှိသည်ဟူသော စကားအရ အသုံးပြုသူများသည် သူငယ်ချင်း၊ မိသားစုများနှင့် စာတိုပေးပို့ရာတွင် ဓာတ်ပုံများကို မျှဝေလေ့ရှိကြသည်။ ယခုဗားရှင်းတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ ပေးပို့ပါက ပိုမိုကြီးမား၊ ကြည်လင်ပြတ်သားသော အရည်အသွေးရှိသော Thumbnail များဖြင့် ဖန်သားပေါ်တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့အပြင် Viber သည် end-toend encryption ကို အသုံးပြုထားသောကြောင့် messenger များတွင် လုံခြုံစိတ်ချမှု အမြင့်မားဆုံး ဖြစ်သည်။ မျှဝေထားသော အချက်အလက်များကို အခြားသူများနှင့် ပြန်လည် မျှဝေခြင်းမရှိပဲ Viber မှ ပင်ဝင်ရောက်ကြည့်ရှုရန် မဖြစ်နိုင်သည့်အတွက် privacy ၁၀၀ ရာခိုင်နှုန်းဖြင့် စိတ်ချစွာ အသုံးပြုနိုင်ကြောင်းကို သုံးစွဲသူများအနေနှင့် သိရှိပြီးဖြစ်သည်။

“Viber ကို နေ့စဉ်အသုံးပြုနေကြတဲ့ သန်းရာနဲ့ချီရှိတဲ့ အသုံးပြုသူတွေအတွက် အကောင်းဆုံး ဆက်သွယ်ရေး ချိတ်ဆက်မှုကို ပေးနိုင်ဖို့အတွက် Viber အနေနဲ့ ဆန်းသစ်တီထွင်မှုတွေကို ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပုံပန်းသဏ္ဍာန် လှပမှုကို ပေးအပ်ရင်း အက်ပလီကေးရှင်းတစ်ခုလုံးမှာ အစအဆုံး ချောမွေ့စွာ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။” ဟု Viber ထုတ်ကုန်ပိုင်းဆိုင်ရာ ဒုဥက္ကဌ Ofir Eyal မှ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုဆက်ဆံလဲ ပြီးတော့ ဘယ်လို ဆက်သွယ်ချိတ်ဆက်ကျလဲ ဆိုတာ အဓိကကျပါတယ်။ အခုဆိုရင် အသုံးပြုသူတွေအနေနဲ့ ကမ္ဘာရဲ့ ဘယ်နေရာမှာ ရောက်နေပါစေ ပျော်ဖို့ကောင်းပြီး အမြင်အာရုံမှာ ကြည်လင်ပြတ်သားနေတဲ့ chat ဝန်ဆောင်မှုနဲ့ အလျင်မြန်ဆုံး ဆက်သွယ်ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။”

ပိုမိုလျင်မြန်သော chat ဖန်သားပြင်ကို iPhone အသုံးပြုသူများအတွက် ကမ္ဘာတဝန်းတွင် ရရှိနေပြီ ဖြစ်ပြီး Android အသုံးပြုသူများအတွက် မကြာမီ ရရှိနိုင်မည် ဖြစ်သည်။

Viber ရဲ့ နောက်ဆုံး ဗားရှင်းကို ယနေ့ပင် မြှင့်တင်လိုက်ပြီး သစ်လွင်တောက်ပပြီး လျင်မြန်သော စာတိုပေးပို့မှုများကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။

Viber version အသစ်အား Download ရယူရန် vb.me/52b34b