[Unicode]

ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူပေါင်း သန်း ၁၀၀၀ကျော်အား ပိုင်ဆိုင်ထားသည့် ထိပ်တန်း စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခု ဖြစ်သော Rakuten Viber သည် ၎င်း၏ ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသုံးပြုသူများအား လက်ဆောင် ပြန်လည်ပေးအပ်သွားမည့် အစီအစဉ်တစ်ခုကို စတင် မိတ်ဆက်ခဲ့ပြီး အဆိုပါ အစီအစဉ်အရ Viber အသုံးပြုသူများသည် Viber Out ဝန်ဆောင်မှု အသုံးပြုနိုင်မည့် ကူပွန်များ၊ လျှော့ဈေးခံစားခွင့်များ၊ မိတ်ဖက်အဖွဲ့အစည်းမှ ခံစားခွင့်ကူပွန်များ နှင့် စတစ်ကာများအား ကံစမ်းရယူသွားနိုင်မည် ဖြစ်သည်။ Viber အက်ပလီကေးရှင်းအား ဒေါင်းလုတ်ရယူ၍ အသုံးပြုထားသူ မည်သူမဆို ဤ အစီအစဉ်တွင် တစ်ကြိမ် ပါဝင်ကံစမ်းခွင့် ရရှိသွားမည် ဖြစ်သည့်အပြင် နောက်ထပ်တစ်ကြိမ် ပါဝင်ကံစမ်းလိုပါကလည်း သူငယ်ချင်း ၃ ယောက်အား ဤ အစီအစဉ်တွင် ပါဝင်ကံစမ်းရန် ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် ဒုတိယအကြိမ်မြောက် ကံစမ်းခွင့်အား ရယူသွားနိုင်မည် ဖြစ်သည်။

ဤကံစမ်းမဲ အစီအစဉ်တွင် Viber နှင့်သက်ဆိုင်သော ဆုမဲများသာမက မိတ်ဖက် အမှတ်တံဆိပ်ပေါင်း ၃၅ ခု ကျော်မှ ပေးအပ်မည့် အကျိုးခံစားခွင့်များလည်း ပါဝင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ Viber အသုံးပြုသူများသည် စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိ ဆုမဲများအား ရယူပိုင်ဆိုင်ခွင့် ရရှိသွားမည် ဖြစ်သည်။ ထို့အပြင် ဆုမဲများသည် နိုင်ငံအပေါ်လိုက်၍ ပြောင်းလဲမှု ရှိသွားမည် ဖြစ်သည့်အတွက် အသုံးပြုသူများသည် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများအတွင်း အသုံးပြုနိုင်မည့် ကံစမ်းမဲများကိုသာ ရရှိသွားနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှ အသုံးပြုသူများ အနေနှင့် YKKO, KFC နှင့် Little Sheep အစရှိသည့် Viber ၏ မိတ်ဖက်များထံမှ အထူးခံစားခွင့်များအား ရယူကံစမ်းသွားနိုင်မည် ဖြစ်သည်။

Viber အက်ပလီကေးရှင်းအား ကမ္ဘာတစ်ဝန်းမှ မိသားစုများနှင့် မိတ်ဆွေများအကြား မြင့်မားသော ဖုန်းပြောဆိုခများ ပေးစရာမလိုပဲ ဆက်သွယ်ပြောဆိုနိုင်စေရန် ရည်သန်ချက်ဖြင့် လွန်ခဲ့သော ၉ နှစ်ခန့်တွင် စတင်တီထွင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ Viber သည် အဆိုပါ ရည်သန်ချက်အား ယနေ့အထိ ဆက်လက်ထိန်းသိမ်းထားလျက် ရှိနေသေးသည့်အပြင် ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းတွင် လုံခြုံစိတ်ချရမှု အရှိဆုံး စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခု အနေနှင့်လည်း ရပ်တည်နေလျက် ရှိသည်။

“Viber ကို ဒီနေ့လို အနေအထားအထိ ရောက်ရှိလာစေဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ အသုံးပြုသူတွေနဲ့အတူ အခုလို ၉ နှစ်ပြည့် အခါသမယကို ဖြတ်သန်းလိုတဲ့အတွက် အခု အစီအစဉ်လေးကို ပြုလုပ်ပေးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး အခုလို Viber ကို ကူညီပံပိုးပေးခဲ့တဲ့၊ တန်ဖိုးထားရတဲ့ အသုံးပြုသူတွေကို ပြန်လည် ကျေးဇူးတုံ့ပြန်သွားမယ့် အစီအစဉ်မှာ ကျွန်မတို့ရဲ့ မိတ်ဖက် အမှတ်တံဆိပ်တွေ အနေနဲ့ ပူးပေါင်းပါဝင်ပြီး အကျိူးခံစားခွင့်တွေ ပေးအပ်သွားမှာ ဖြစ်တဲ့အတွက်လည်း အရမ်းကို ဝမ်းမြောက်မိပါတယ်” ဟု Viber ၏ CRO ဖြစ်သူ Cristina Constandache က ပြောကြားခဲ့သည်။

ဤ ကံစမ်းမဲ အစီအစဉ်အား https://vb.me/e7e777 မှတဆင့် ပါဝင်ကံစမ်းနိုင်မည် ဖြစ်သည်။ (မှတ်ချက် – မိုဘိုင်းဖုန်းရှိ Viber အက်ပလီကေးရှင်းမှသာ ဝင်ရောက်ကံစမ်းနိုင်မည်)

မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့သော Viber သည် ယခုလက်ရှိတွင် မှတ်ပုံတင် အသုံးပြုသူပေါင်း သန်း ၄၀ ကျော်အား ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှ အသုံးပြုသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုမှုနှင့် စာတို ပေးပို့မှု ဝန်ဆောင်မှုများအား ပေးအပ်လျက် ရှိသည်။ Viber သည် ယခုလက်ရှိတွင် ပြည်တွင်းမှ နာမည်ကျော်ကြားသူများ၊ အမှတ်တံဆိပ်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်တွင်းဈေးကွက်နှင့် ကိုက်ညီမှု ရှိသော စတစ်ကာများ၊ အကြောင်းအရာများအား အသုံးပြုသူများထံ ပေးအပ်လျက် ရှိသည်။

[Zawgyi]

Rakuten Viber မွ ၎၏ ၉ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ အသုံးျပဳသူမ်ားအား လက္ေဆာင္မ်ား ေပးအပ္လ်က္ရွိ

ကမာၻတစ္ဝန္းတြင္ အသုံးျပဳသူေပါင္း သန္း ၁၀၀၀ေက်ာ္အား ပိုင္ဆိုင္ထားသည့္ ထိပ္တန္း စာတိုေပးပို႔မႈ အက္ပလီေကးရွင္းတစ္ခု ျဖစ္ေသာ Rakuten Viber သည္ ၎၏ ၉ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ အသုံးျပဳသူမ်ားအား လက္ေဆာင္ ျပန္လည္ေပးအပ္သြားမည့္ အစီအစဥ္တစ္ခုကို စတင္ မိတ္ဆက္ခဲ့ၿပီး အဆိုပါ အစီအစဥ္အရ Viber အသုံးျပဳသူမ်ားသည္ Viber Out ဝန္ေဆာင္မႈ အသုံးျပဳႏိုင္မည့္ ကူပြန္မ်ား၊ ေလွ်ာ့ေဈးခံစားခြင့္မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမွ ခံစားခြင့္ကူပြန္မ်ား ႏွင့္ စတစ္ကာမ်ားအား ကံစမ္းရယူသြားႏိုင္မည္ ျဖစ္သည္။ Viber အက္ပလီေကးရွင္းအား ေဒါင္းလုတ္ရယူ၍ အသုံးျပဳထားသူ မည္သူမဆို ဤ အစီအစဥ္တြင္ တစ္ႀကိမ္ ပါဝင္ကံစမ္းခြင့္ ရရွိသြားမည္ ျဖစ္သည့္အျပင္ ေနာက္ထပ္တစ္ႀကိမ္ ပါဝင္ကံစမ္းလိုပါကလည္း သူငယ္ခ်င္း ၃ ေယာက္အား ဤ အစီအစဥ္တြင္ ပါဝင္ကံစမ္းရန္ ဖိတ္ေခၚလိုက္ျခင္းအားျဖင့္ ဒုတိယအႀကိမ္ေျမာက္ ကံစမ္းခြင့္အား ရယူသြားႏိုင္မည္ ျဖစ္သည္။

ဤကံစမ္းမဲ အစီအစဥ္တြင္ Viber ႏွင့္သက္ဆိုင္ေသာ ဆုမဲမ်ားသာမက မိတ္ဖက္ အမွတ္တံဆိပ္ေပါင္း ၃၅ ခု ေက်ာ္မွ ေပးအပ္မည့္ အက်ိဳးခံစားခြင့္မ်ားလည္း ပါဝင္မည္ျဖစ္ၿပီး ကမာၻတစ္ဝန္းမွ Viber အသုံးျပဳသူမ်ားသည္ စုစုေပါင္း ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၃၅ သန္းေက်ာ္ တန္ဖိုးရွိ ဆုမဲမ်ားအား ရယူပိုင္ဆိုင္ခြင့္ ရရွိသြားမည္ ျဖစ္သည္။ ထို႔အျပင္ ဆုမဲမ်ားသည္ ႏိုင္ငံအေပၚလိုက္၍ ေျပာင္းလဲမႈ ရွိသြားမည္ ျဖစ္သည့္အတြက္ အသုံးျပဳသူမ်ားသည္ ၎တို႔၏ သက္ဆိုင္ရာ ႏိုင္ငံမ်ားအတြင္း အသုံးျပဳႏိုင္မည့္ ကံစမ္းမဲမ်ားကိုသာ ရရွိသြားႏိုင္မည္ ျဖစ္သည္။ ဥပမာအားျဖင့္ ျမန္မာႏိုင္ငံမွ အသုံးျပဳသူမ်ား အေနႏွင့္ YKKO, KFC ႏွင့္ Little Sheep အစရွိသည့္ Viber ၏ မိတ္ဖက္မ်ားထံမွ အထူးခံစားခြင့္မ်ားအား ရယူကံစမ္းသြားႏိုင္မည္ ျဖစ္သည္။

Viber အက္ပလီေကးရွင္းအား ကမာၻတစ္ဝန္းမွ မိသားစုမ်ားႏွင့္ မိတ္ေဆြမ်ားအၾကား ျမင့္မားေသာ ဖုန္းေျပာဆိုခမ်ား ေပးစရာမလိုပဲ ဆက္သြယ္ေျပာဆိုႏိုင္ေစရန္ ရည္သန္ခ်က္ျဖင့္ လြန္ခဲ့ေသာ ၉ ႏွစ္ခန႔္တြင္ စတင္တီထြင္မိတ္ဆက္ခဲ့ျခင္း ျဖစ္သည္။ Viber သည္ အဆိုပါ ရည္သန္ခ်က္အား ယေန႔အထိ ဆက္လက္ထိန္းသိမ္းထားလ်က္ ရွိေနေသးသည့္အျပင္ ယခုအခ်ိန္တြင္ ကမာၻတစ္ဝန္းတြင္ လုံၿခဳံစိတ္ခ်ရမႈ အရွိဆုံး စာတိုေပးပို႔မႈ အက္ပလီေကးရွင္းတစ္ခု အေနႏွင့္လည္း ရပ္တည္ေနလ်က္ ရွိသည္။

“Viber ကို ဒီေန႔လို အေနအထားအထိ ေရာက္ရွိလာေစဖို႔ ကူညီပံ့ပိုးေပးခဲ့တဲ့ အသုံးျပဳသူေတြနဲ႔အတူ အခုလို ၉ ႏွစ္ျပည့္ အခါသမယကို ျဖတ္သန္းလိုတဲ့အတြက္ အခု အစီအစဥ္ေလးကို ျပဳလုပ္ေပးဖို႔ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ၿပီး အခုလို Viber ကို ကူညီပံပိုးေပးခဲ့တဲ့၊ တန္ဖိုးထားရတဲ့ အသုံးျပဳသူေတြကို ျပန္လည္ ေက်းဇူးတုံ႔ျပန္သြားမယ့္ အစီအစဥ္မွာ ကြၽန္မတို႔ရဲ႕ မိတ္ဖက္ အမွတ္တံဆိပ္ေတြ အေနနဲ႔ ပူးေပါင္းပါဝင္ၿပီး အက်ိဴးခံစားခြင့္ေတြ ေပးအပ္သြားမွာ ျဖစ္တဲ့အတြက္လည္း အရမ္းကို ဝမ္းေျမာက္မိပါတယ္” ဟု Viber ၏ CRO ျဖစ္သူ Cristina Constandache က ေျပာၾကားခဲ့သည္။

ဤ ကံစမ္းမဲ အစီအစဥ္အား https://vb.me/e7e777 မွတဆင့္ ပါဝင္ကံစမ္းႏိုင္မည္ ျဖစ္သည္။ (မွတ္ခ်က္ – မိုဘိုင္းဖုန္းရွိ Viber အက္ပလီေကးရွင္းမွသာ ဝင္ေရာက္ကံစမ္းႏိုင္မည္)

ျမန္မာႏိုင္ငံသို႔ ၂၀၁၁ ခုႏွစ္တြင္ စတင္ဝင္ေရာက္လာခဲ့ေသာ Viber သည္ ယခုလက္ရွိတြင္ မွတ္ပုံတင္ အသုံးျပဳသူေပါင္း သန္း ၄၀ ေက်ာ္အား ပိုင္ဆိုင္ထားၿပီး ျမန္မာႏိုင္ငံမွ အသုံးျပဳသူမ်ားအတြက္ အခမဲ့ ဖုန္းေခၚဆိုမႈႏွင့္ စာတို ေပးပို႔မႈ ဝန္ေဆာင္မႈမ်ားအား ေပးအပ္လ်က္ ရွိသည္။ Viber သည္ ယခုလက္ရွိတြင္ ျပည္တြင္းမွ နာမည္ေက်ာ္ၾကားသူမ်ား၊ အမွတ္တံဆိပ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိသည့္အျပင္ ျပည္တြင္းေဈးကြက္ႏွင့္ ကိုက္ညီမႈ ရွိေသာ စတစ္ကာမ်ား၊ အေၾကာင္းအရာမ်ားအား အသုံးျပဳသူမ်ားထံ ေပးအပ္လ်က္ ရွိသည္။