Zawgyi
Unicode
သင့်ကိုယ်ရေးကိုယ်တာ Message များနှင့်ပတ်သတ်သည့် အဆိုးဆုံး အချက် ၄ချက်။
သင့်ကိုယ်ရေးကိုယ်တာ Message များက အမှန်တကယ် လုံခြုံစိတ်ချရပါသလား။ အမှန်တွင် ဖြစ်နိုင်ချေ နည်းသည်။
လူတိုင်းသည် ယခုခေတ်တွင် ခင်မင်ရင်းနှီးစွာ ဆက်သွယ်ပြောဆိုမှုများကို လက်ကိုင်ဖုန်းများနှင့် လက်တော့ပ် မျက်နှာပြင်များမှတစ်ဆင့် ပြုလုပ်လာကြပါသည်မှာ ယခင်နှင့် နှိုင်းယှဥ်လျှင် အလွန်များပြားလာပြီ ဖြစ်သည်။ သို့သော် ထိုသို့ဆက်သွယ်ပြောဆိုခြင်းသည် သင့်အတွက် လုံခြုံမှုမရှိနိုင်ကြောင်းကို သင်သိပါသလား ? နည်းပညာလောကတွင် လတ်တလော ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်များအရ အချိူ့သော စာတိုပေးပို့မှု အက်ပလီကေးရှင်းများသည် သင့် Message များအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုကို မပေးစွမ်းနိုင်ပါ။ ထို့ကြောင့် ဟက်ကာများ၊ ကြော်ငြာလုပ်ငန်းများ၊ ဥပဒေစိုးမိုးရေး ဆိုင်ရာအဖွဲ့အစည်းများ အပြင် သင့်မိဘများကပါ သင့်ကိုယ်ရေးကိုယ်တာ Message များကို ယခုချိန်တွင် ဝင်ကြည့်နေနိုင်ပါတယ်။
သင်သတိမပြုမိချိန်တွင် ဤအချက်လေးချက်က သင့်ဘဝကို ပြောင်းလဲစေနိုင်ပါသည်။ သို့သော် ကောင်းသောပြောင်းလဲချင်း မဟုတ်ပါ။ ထို စာတိုပေးပို့မှု အက်ပလီကေးရှင်းများ အသုံးပြု၍ပြောဆိုရာမှတစ်ဆင့် သင့်ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များသည် လွဲမှားစွာဖြင့် အခြားသူများလက်ထဲသို့ ရောက်သွားနိုင်သောကြောင့် ဖြစ်သည်။
ကြော်ငြာလုပ်ငန်းများက သင့်ကိုခြေရာခံလိုက်နိုင်မည်။ သင်နှင့် သင့်သူငယ်ချင်းများ အပြန်အလှန် Message ပို့ပြီးပြောထားသော အကြောင်းအရာများနှင့် သက်ဆိုင်သော ကြော်ငြာများကို မြင်တွေ့ရခြင်း၊ သင့်နှင့် သင့်သူငယ်ချင်းများ အပြင်သွားမည်ဟု ပြောလိုက်လျှင် အချိန်ကို သတ်မှတ်ရန် အချက်ပေးသည့် Message များဝင်လာခြင်း တို့သည် အဘယ်ကြောင့်ဖြစ်နေသည်ကို သင်စဥ်းစားမိပါသလား။ အချိူ့ Messaging app များက သင်၏ဒေတာများကို လျိူ့ဝှက်စွာ စုဆောင်းပြီး ကုမ္ပဏီများက ထိုဒေတာများကို အသုံးချပြီး သင်နှင့် စပ်လျဥ်းသော ကြော်ငြာများကို မြင်ရအောင် ကြေညာနိုင်ခြင်းကြောင့် ဖြစ်သည်။
သင်၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရနိုင်ပါသည်။ နိုင်ငံကူးလက်မှတ်များ ဘဏ် အကောင့်များကို စာပို့ Application မှတစ်ဆင့် ပို့တော့မည် ဆိုပါက အထူးသတိထားရန် လိုအပ်ပါသည်။ သင့်ရဲ့ အချက်အလက်များကို ခိုးယူမယ့်သူများသည် သင့်၏ စာပို့ စနစ်ထဲကို ခိုးဝင်ပြီး လိုအပ်သော အချက်အလက်များကို ခိုးယူခြင်းနှင့် လိုအပ်သောနေရာများတွင် အသုံးချခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ Chat box ထဲကို ဝင်ရောက်ပြီး သင့်သူငယ်ချင်း မိတ်ဆွေများနှင့် ဆက်သွယ်ခြင်း များအပြင် ငွေရေးကြေးရေးကိစ္စများအထိ ခိုးယူနိုင်ပါသည်။
သင့်ကို ခြိမ်းခြောက်ငွေညစ်သည်အထိ လုပ်နိုင်ပါသည်။ သင့်အနေဖြင့် သင့်သူငယ်ချင်းမှ သင့်ကို နေ့လည်စာ စားရန်ခေါ်သည်ဖြစ်စေ၊ သင့်ချစ်သူထံ သင့်လျိူ့ဝှက်ပုံများပို့သည့်အခါတွင်ဖြစ်စေ၊ သင်သည် နှစ်ခါစဥ်းစားမိမည် မဟုတ်ဘဲ ပေးပို့လိုက်မိနိုင်ပါသည်။ သို့ရာတွင် ယခုကဲ့သို့ ပေးပို့ခြင်းသည် လုံးဝ မလုံခြုံပါ။ သင့်ရဲ့ အချက်အလက်များအား အလွဲသုံးစား လုပ်ခံရနိုင်ပါသည်။ တစ်စုံ တစ်ယောက်မှ သင့်ကို ထိခိုက်အောင် အရှက်ရအောင် ပြုလုပ်လာနိုင်ပါသည်။ ထို့အပြင် တခြားပြိုင်ဘက်လုပ်ငန်း များကလည်း သင့်ရဲ့ လုပ်ငန်းဆိုင်ရာ လျိူ့ဝှက်ချက်များအား ခိုးယူနိုင်ပါသည်။ သင့်အား ခြိမ်းခြောက်ပြီး ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများကို စေခိုင်းသည် အထိ ဖြစ်နိုင်ပါသည်။
အာဏာပိုင်များက သင့်ဆီသို့ ခြေရာခံလာနိုင်သည်။ သင်သည် နိုင်ငံရေးသမားတစ်ဦး ဖြစ်စေ သာမန်တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်စေ သတင်းအချက်အလက်များကို ဖြန့်ဝေရာတွင် အထူးသတိထားရန် လိုအပ်ပါသည်။ လုံခြုံစိတ်ချရသော စာပို့စနစ် မရှိပါက အစိုးရများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သင့်ပို့ထားသော စာများအား ဝင်ရောက်ကြည့်ရှု့ပြီး သင့်အား ဖြစ်နိုင်ခြေအများဆုံး အန္တရာယ်ရှိသူ အဖြစ် ကော်ချက်ချနိုင်ရုံသာမက ဖမ်းဆီးအရေးယူသည်အထိ လုပ်ကောင်းလုပ်လာနိုင်ပါသည်။
ထို့ကြောင့်သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ပို့ဆောင်သော စာပို့စနစ်သည် အမှန်တကယ် လုံခြုံမှုပေးနိုင်စွမ်းရှိမရှိ သတိပြုရန် လိုအပ်ပါသည်။ နိုင်ငံတွင်း အသုံးပြုမှုအများဆုံး ဆက်သွယ်ရေး စာပို့စနစ်တစ်ခုဖြစ်သည့် Viber က သုံးစွဲသူများ၏ အချက်အလက်များ အားလုံးကို ၃၆၀ ဒီဂရီ လုံခြုံရေးစနစ်သုံးပြီး စာပို့ဆောင်ခြင်း အဆင့်တိုင်းကို End-to-end encryption ဖြင့် သုံးစွဲသူများစိတ်ချ လက်ချ အသုံးပြုနိုင်ရန် ကာကွယ်ပေးထားပါသည်။
End-to-end encryption သည် သင်နှင့် သင်ဆက်သွယ်လိုသော သူများသာ သင်ပေးပို့လိုက်သော စာအားဖတ်ရှု့နိုင်မည် ဖြစ်သည်။ အခြေခံအားဖြင့် သင်စာပို့လိုက်သောအခါ ထိုစာသည် သင်ပေးပို့လိုက်သော သူထံသို့ ရောက်ရှိသွားသော အချိန်ထိ ကုဒ်တစ်ခုအနေဖြင့် ရှိနေမည် ဖြစ်သည်။ Viber အပါအဝင် မည်သူမှ သင်၏ စာများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှု့၍ ရနိုင်မည် မဟုတ်ပါ။
Viber ၏ သူမတူသော လုပ်ဆောင်ချက်များကို အသုံးပြု၍ သင်၏ ဒေတာများအား အပြည့်အဝ ကိုင်တွယ်ထိန်းချူပ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။ သင့် Message များအား အက်ပလီကေးရှင်းမှ မည့်သည့်အချိန်တွင်မဆို ဖျက်ပစ်နိုင်သည်။ သင်မည်သူဖြင့် ဆက်သွယ်နေသည်ကိုလဲ မှန်မမှန် စစ်ဆေးနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်၏ စကားပြောဆိုမှုများအား ကွယ်ဝှက်ထားနိုင်ပြီး လျိူ့ဝှက်နံပါတ်ဖြင့်လည်း သိမ်းဆည်းနိုင်မည် ဖြစ်သည်။
Viber မှ သင့်အား ကမ္ဘာတစ်ဝှမ်းရှိ သင်၏ ချစ်ခင်ရသူများနှင့် မိတ်ဆွေအပေါင်းအသင်းများကို ပိုမိုကောင်းမွန်စွာ ဆက်သွယ်ပေးနိုင်ရန် အပြင်သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံမှုအပြည့်အဝ ပေးနိုင်သည့် ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်းတစ်ယောက် အနေဖြင့် ကြိုးစားလျက်ရှိပါသည်။