Unicode

MMA ပွဲတွေနဲ့ လူသိများတဲ့ ONE Championship ဟာ အခုနှစ်အတွင်းမှာ Esports ဘက်ကို ခြေဦးတည်လာပြီး ONE Esports အဖွဲ့ခွဲကို စတင်တည်ထောင်ခဲ့ပါတယ်။ အခု ဒီဇင်ဘာလလယ်မှာတော့ သူတို့ရဲ့ ပထမဆုံး Esports ပြိုင်ပွဲကြီးလို့ ဆိုရမယ့် ONE Esports Dota 2 World Pro Invitational အား စင်ကာပူနိုင်ငံမှာ ရွေးချုယ်ကျင်းပခဲ့ပါတယ်။

ONE Esports Dota 2 World Pro ဖိတ်ခေါ်ပြိုင်ပွဲဟာ နာမည်အတိုင်းပဲ ကမ္ဘာအနှံ့မှ နာမည်အကြီးဆုံး Dota 2 အသင်းများအနက် ၁၂ သင်းကို ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး Dota 2 ကိုပိုင်ဆိုင်တဲ့ Valve ရဲ့ တရားဝင်ပွဲမဟုတ်တာကြောင့် DPC Point လို့ခေါ်တဲ့ The International ပြိုင်ပွဲကို ဝင်ရောက်ရေးအတွက် ယှဉ်ပြိုင်ရတဲ့ အမှတ်ကိုတော့ မပေးခဲ့ပါဘူး။ ဒါပေမယ့် စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာငါးသိန်း ပေးခဲ့တာကြောင့် မနည်းဘူးလို့ ပြောနိုင်ပါတယ်။

ဒီဇင်ဘာလ ၁၇ – ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကို Team Secret, PSG.LGD, Virtus.Pro, Evil Geniuses, NaVi, Vici Gaming, TNC Predator, Alliance, Gambit Esports, Team Aster, Team Liquid နဲ့ J.Storm အသင်းတွေက ဖိတ်ခေါ်မှုအား လက်ခံပြီး လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲကို ခြောက်သင်းစီ အုပ်စုနှစ်ခုခွဲကာ ယှဉ်ပြိုင်စေပြီး အပေါ်ဆုံးလေးသင်းကသာ ရှုံးထွက်အဆင့်ကို တက်ရောက်စေတဲ့ စနစ်နဲ့ ကစားခဲ့ရာမှာ တရုတ်အခြေစိုက်အသင်းတွေဖြစ်တဲ့ Team Aster နဲ့ PSG.LGD တို့က အုပ်စုအဆင့်မှာတင် လှည့်ပြန်ခဲ့ရပေမယ့် နောက်ဆုံးကျန်ရှိခဲ့တဲ့ တရုတ်အခြေစိုက်အသင်း Vici Gaming က ချန်ပီယံအဖြစ် ဗိုလ်စွဲသွားခဲ့တာပါ။

Vici Gaming ဟာ နောက်ဆုံးဂရင်းဖိုင်နယ်မှာ မြောက်အမေရိကအခြေစိုက်အသင်းဖြစ်တဲ့ Evil Geniuses ကို သုံးပွဲပြတ် အနိုင်ရရှိပြီး ပထမဆုကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပထမဆုအဖြစ် VG ဟာ ဒေါ်လာနှစ်သိန်း ရရှိခဲ့ပြီး ဒုတိယနေရာက EG အသင်းက ဒေါ်လာတစ်သိန်းရရှိခဲ့ပါတယ်။

အခုပြိုင်ပွဲဟာ Esports ဈေးကွက်ထဲဝင်ရောက်ဖို့ ONE Championship ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသလိုက်တာဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ပုံမှန်အားဖြင့် Esports ပြိုင်ပွဲတွေမှာ ဒေသအလိုက် Qualifier တွေနဲ့ ဝင်ရောက်ခွင့်ဆုံးဖြတ်လေ့ရှိပေမယ့် နာမည်ကြီးလူကြိုက်များအသင်းတွေကိုသာ တိုက်ရိုက်ဖိတ်ခေါ်ပြီး ဆော့ကစားစေတဲ့ ပုံစံကိုရော နောက်ပြိုင်ပွဲတွေမှာ ဆက်ထိန်းထားဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Zawgyi

MMA ပြဲေတြနဲ႔ လူသိမ်ားတဲ့ ONE Championship ဟာ အခုႏွစ္အတြင္းမွာ Esports ဘက္ကို ေျခဦးတည္လာၿပီး ONE Esports အဖြဲ႕ခြဲကို စတင္တည္ေထာင္ခဲ့ပါတယ္။ အခု ဒီဇင္ဘာလလယ္မွာေတာ့ သူတုိ႔ရဲ႕ ပထမဆုံး Esports ၿပိဳင္ပြဲႀကီးလို႔ ဆုိရမယ့္ ONE Esports Dota 2 World Pro Invitational အား စင္ကာပူႏုိင္ငံမွာ ေရြးခ်ုယ္က်င္းပခဲ့ပါတယ္။

ONE Esports Dota 2 World Pro ဖိတ္ေခၚၿပိဳင္ပြဲဟာ နာမည္အတုိင္းပဲ ကမာၻအႏွံ႔မွ နာမည္အႀကီးဆုံး Dota 2 အသင္းမ်ားအနက္ ၁၂ သင္းကို ဖိတ္ေခၚယွဥ္ၿပိဳင္ေစခဲ့တာျဖစ္ၿပီး Dota 2 ကိုပုိင္ဆုိင္တဲ့ Valve ရဲ႕ တရားဝင္ပြဲမဟုတ္တာေၾကာင့္ DPC Point လို႔ေခၚတဲ့ The International ၿပိဳင္ပြဲကို ဝင္ေရာက္ေရးအတြက္ ယွဥ္ၿပိဳင္ရတဲ့ အမွတ္ကိုေတာ့ မေပးခဲ့ပါဘူး။ ဒါေပမယ့္ စုစုေပါင္း ဆုေၾကးေငြ အေမရိကန္ေဒၚလာငါးသိန္း ေပးခဲ့တာေၾကာင့္ မနည္းဘူးလို႔ ေျပာႏုိင္ပါတယ္။

ဒီဇင္ဘာလ ၁၇ – ၂၂ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ၿပိဳင္ပြဲကို Team Secret, PSG.LGD, Virtus.Pro, Evil Geniuses, NaVi, Vici Gaming, TNC Predator, Alliance, Gambit Esports, Team Aster, Team Liquid နဲ႔ J.Storm အသင္းေတြက ဖိတ္ေခၚမႈအား လက္ခံၿပီး လာေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ၿပိဳင္ပြဲကို ေျခာက္သင္းစီ အုပ္စုႏွစ္ခုခြဲကာ ယွဥ္ၿပိဳင္ေစၿပီး အေပၚဆုံးေလးသင္းကသာ ရႈံးထြက္အဆင့္ကို တက္ေရာက္ေစတဲ့ စနစ္နဲ႔ ကစားခဲ့ရာမွာ တရုတ္အေျခစုိက္အသင္းေတြျဖစ္တဲ့ Team Aster နဲ႔ PSG.LGD တုိ႔က အုပ္စုအဆင့္မွာတင္ လွည့္ျပန္ခဲ့ရေပမယ့္ ေနာက္ဆုံးက်န္ရွိခဲ့တဲ့ တရုတ္အေျခစုိက္အသင္း Vici Gaming က ခ်န္ပီယံအျဖစ္ ဗုိလ္စြဲသြားခဲ့တာပါ။

Vici Gaming ဟာ ေနာက္ဆုံးဂရင္းဖိုင္နယ္မွာ ေျမာက္အေမရိကအေျခစုိက္အသင္းျဖစ္တဲ့ Evil Geniuses ကို သုံးပြဲျပတ္ အႏုိင္ရရွိၿပီး ပထမဆုကို ထုိက္တန္စြာ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ ပထမဆုအျဖစ္ VG ဟာ ေဒၚလာႏွစ္သိန္း ရရွိခဲ့ၿပီး ဒုတိယေနရာက EG အသင္းက ေဒၚလာတစ္သိန္းရရွိခဲ့ပါတယ္။

အခုၿပိဳင္ပြဲဟာ Esports ေစ်းကြက္ထဲဝင္ေရာက္ဖို႔ ONE Championship ရဲ႕ ဆုံးျဖတ္ခ်က္ျပတ္သားမႈကို ျပသလိုက္တာဆုိရင္လည္း မွားမယ္မထင္ပါဘူး။ ပုံမွန္အားျဖင့္ Esports ၿပိဳင္ပြဲေတြမွာ ေဒသအလုိက္ Qualifier ေတြနဲ႔ ဝင္ေရာက္ခြင့္ဆုံးျဖတ္ေလ့ရွိေပမယ့္ နာမည္ႀကီးလူႀကိဳက္မ်ားအသင္းေတြကိုသာ တုိက္ရုိက္ဖိတ္ေခၚၿပီး ေဆာ့ကစားေစတဲ့ ပုံစံကိုေရာ ေနာက္ၿပိဳင္ပြဲေတြမွာ ဆက္ထိန္းထားဦးမလားဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။