[Zawgyi]

အင္တာနက္အသုံးျပဳသူေတြၾကားမွာ တူညီတဲ့စိတ္တစ္ခုေတာ့ ရွိၾကပါလိမ့္မယ္။ အဲဒါက Autoplaying ဗီဒီယိုေတြကို စိတ္အေႏွာင့္အယွက္ျဖစ္တတ္ၾကတာပါပဲ။ ဒါေၾကာင့္ Autoplaying ဗီဒီယိုေတြကို ရပ္တန႔္ဖို႔ နည္းလမ္းေတြ ရွာေဖြခဲ့ၾကေပမယ့္လည္း ဝက္ဘ္ဆိုက္ေတြမွာ ဆက္လက္ေနရာယူေနၾကဆဲ ျဖစ္ပါတယ္။

အခုေတာ့ ဘယ္ေလာက္ပဲ ညည္းညဴေနပါေစ Autoplaying ဗီဒီယိုေတြဟာ Google Play Store ဆီကိုလည္း ေရာက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။ Google Play Store ဟာ သိပ္မၾကာခင္အခ်ိန္အတြင္း App ေတြ Game listings ေတြမွာ ပ႐ိုမိုးရွင္းဆိုင္ရာ Autoplaying ဗီဒီယိုေတြ စတင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

Google Play Console Help မွာ ေဖာ္ျပခ်က္အရ ဒီ Autoplaying ဗီဒီယိုေတြဟာ စက္တင္ဘာလမွာ စတင္မယ္လို႔ သိရပါတယ္။ Google ကေတာ့ App listings ထဲက ဗီဒီယိုေတြဟာ အလိုအေလ်ာက္ပြင့္ေနမွာျဖစ္ၿပီး “သင့္ Content ကို ပိုမ်ားတဲ့အသုံးျပဳသူေတြရဲ႕ အၾကည့္ေအာက္ေရာက္သြားေစဖို႔ ကူညီႏိုင္လိမ့္မယ္” လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ Google အေနနဲ႔ အသုံးျပဳသူေတြ အလြန္အမင္းစိတ္အေႏွာင့္အယွက္မျဖစ္ရေအာင္လို႔ Autoplaying ဗီဒီယိုေတြကို ပိတ္ထားႏိုင္မယ့္ ေ႐ြးခ်ယ္ခြင့္ေတာ့ ေပးလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အနည္းဆုံးေတာ့ ဖုန္းေဒတာနဲ႔သုံးေနခ်ိန္မ်ိဳးမွာ Autoplaying ကိုပိတ္ထားခြင့္ေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

Autoplaying ဗီဒီယိုတွေ စတင်လာတော့မယ့် Google Play Store

အင်တာနက်အသုံးပြုသူတွေကြားမှာ တူညီတဲ့စိတ်တစ်ခုတော့ ရှိကြပါလိမ့်မယ်။ အဲဒါက Autoplaying ဗီဒီယိုတွေကို စိတ်အနှောင့်အယှက်ဖြစ်တတ်ကြတာပါပဲ။ ဒါကြောင့် Autoplaying ဗီဒီယိုတွေကို ရပ်တန့်ဖို့ နည်းလမ်းတွေ ရှာဖွေခဲ့ကြပေမယ့်လည်း ဝက်ဘ်ဆိုက်တွေမှာ ဆက်လက်နေရာယူနေကြဆဲ ဖြစ်ပါတယ်။

အခုတော့ ဘယ်လောက်ပဲ ညည်းညူနေပါစေ Autoplaying ဗီဒီယိုတွေဟာ Google Play Store ဆီကိုလည်း ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။ Google Play Store ဟာ သိပ်မကြာခင်အချိန်အတွင်း App တွေ Game listings တွေမှာ ပရိုမိုးရှင်းဆိုင်ရာ Autoplaying ဗီဒီယိုတွေ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Google Play Console Help မှာ ဖော်ပြချက်အရ ဒီ Autoplaying ဗီဒီယိုတွေဟာ စက်တင်ဘာလမှာ စတင်မယ်လို့ သိရပါတယ်။ Google ကတော့ App listings ထဲက ဗီဒီယိုတွေဟာ အလိုအလျောက်ပွင့်နေမှာဖြစ်ပြီး “သင့် Content ကို ပိုများတဲ့အသုံးပြုသူတွေရဲ့ အကြည့်အောက်ရောက်သွားစေဖို့ ကူညီနိုင်လိမ့်မယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် Google အနေနဲ့ အသုံးပြုသူတွေ အလွန်အမင်းစိတ်အနှောင့်အယှက်မဖြစ်ရအောင်လို့ Autoplaying ဗီဒီယိုတွေကို ပိတ်ထားနိုင်မယ့် ရွေးချယ်ခွင့်တော့ ပေးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အနည်းဆုံးတော့ ဖုန်းဒေတာနဲ့သုံးနေချိန်မျိုးမှာ Autoplaying ကိုပိတ်ထားခွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena