[Zawgyi]

Mytel အေနနဲ႔ ၂၀၁၈ ခုႏွစ္ကာလအတြင္းမွာ အၿမဲတမ္းသုံးစြဲသူ ၄ သန္းေက်ာ္ ရရွိခဲ့ျခင္းကို ၾကည့္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံအတြင္း ျပဳလုပ္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈမ်ားစြာထဲက ေအာင္ျမင္တဲ့ ရင္ႏွီးျမဳပ္ႏွံမႈတစ္ခုလို႔ ဆိုႏိုင္မွာျဖစ္ပါတယ္။ ယခု၂၀၁၉ ခုႏွစ္မွာဆိုရင္လည္း Mytel အေနနဲ႔ ၎ရဲ႕ ေခတ္မီဆန္းသစ္ေသာ နည္းပညာမ်ား၊ တီထြင္စမ္းသစ္ေသာ ဝန္ေဆာင္မႈ၊ ထုတ္ကုန္မ်ားမွတဆင့္ သုံးစြဲသူအေရအတြက္ကို ႏွစ္ဆ ထက္ျမင့္သြားဖို႔လည္း ရည္မွန္းထားပါတယ္လို႔ သိရပါတယ္။

ဗီယက္နမ္ႏိုင္ငံရွိ အႀကီးဆုံး Telecommunication တစ္ခုျဖစ္တဲ့ Viettel ဟာ Mytel ရဲ႕ မိခင္ကုမၸဏီ ျဖစ္ပါတယ္။ Viettel ရဲ႕ CEO ျဖစ္သူ Le Dang Dung က ျမန္မာႏိုင္ငံရွိ Mytel သုံးစြဲသူ အေရအတြက္ကို ၁၀ သန္းအထိ ျမင့္တင္သြားႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ Reuters သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

Viettel က ယခု ၂၀၁၉ခုႏွစ္မွာ ေရပန္းစားလာမယ့္ 5G Network ကိုလည္း ဗီယက္နမ္ႏိုင္ငံမွာ ပထမဦးဆုံးရရွိေအာင္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာ လူဦးေရ ၉၅သန္း ဝန္းက်င္ ရွိတဲ့အနက္ သန္း ၆၀ က Viettel ကို အသုံးျပဳေနၾကတာ ျဖစ္ပါတယ္။ အာရွနဲ႔ အာဖရိကႏိုင္ငံေတြမွာလည္း Viettel ကြန္ရက္ကို ျဖန္႔က်က္ထားၿပီး၊ အခုဆိုရင္ အသုံးျပဳသူ စုစုေပါင္း သန္း ၃၀ေက်ာ္အထိ ရွိတယ္လို႔ သိရပါတယ္။

Mytel အေနနဲ႔ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံမႈမ်ား လုပ္ေဆာင္ၿပီးတဲ့ေနာက္ ႏိုင္ငံရဲ႕ ဆက္သြယ္ေရးက႑ကို ပိုမိုတိုးတက္ျမင့္မားလာေစဖို႔ အကူအညီျဖစ္ေစခဲ့ၿပီး ႏိုင္ငံတစ္ခုလုံးအတြက္လည္း ေကာင္းမြန္ေသာ ပံ့ပိုးမႈမ်ားကို တစ္ခန္းတစ္က႑မွ ပါဝင္လုပ္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

Ref : Reuters

[Unicode]

Mytel သုံးစွဲသူ အရေအတွက်ကို ၁၀ သန်းအထိ မြင့်တင်သွားနိုင်ဖို့ ရည်ရွယ်ထားတဲ့ Viettel

Mytel အနေနဲ့ ၂၀၁၈ ခုနှစ်ကာလအတွင်းမှာ အမြဲတမ်းသုံးစွဲသူ ၄ သန်းကျော် ရရှိခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း ပြုလုပ်တဲ့ ရင်းနှီးမြုပ်နှံမှုများစွာထဲက အောင်မြင်တဲ့ ရင်နှီးမြုပ်နှံမှုတစ်ခုလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ယခု၂၀၁၉ ခုနှစ်မှာဆိုရင်လည်း Mytel အနေနဲ့ ၎င်းရဲ့ ခေတ်မီဆန်းသစ်သော နည်းပညာများ၊ တီထွင်စမ်းသစ်သော ဝန်ဆောင်မှု၊ ထုတ်ကုန်များမှတဆင့် သုံးစွဲသူအရေအတွက်ကို နှစ်ဆ ထက်မြင့်သွားဖို့လည်း ရည်မှန်းထားပါတယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံရှိ အကြီးဆုံး Telecommunication တစ်ခုဖြစ်တဲ့ Viettel ဟာ Mytel ရဲ့ မိခင်ကုမ္ပဏီ ဖြစ်ပါတယ်။ Viettel ရဲ့ CEO ဖြစ်သူ Le Dang Dung က မြန်မာနိုင်ငံရှိ Mytel သုံးစွဲသူ အရေအတွက်ကို ၁၀ သန်းအထိ မြင့်တင်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Viettel က ယခု ၂၀၁၉ခုနှစ်မှာ ရေပန်းစားလာမယ့် 5G Network ကိုလည်း ဗီယက်နမ်နိုင်ငံမှာ ပထမဦးဆုံးရရှိအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လူဦးရေ ၉၅သန်း ဝန်းကျင် ရှိတဲ့အနက် သန်း ၆၀ က Viettel ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာလည်း Viettel ကွန်ရက်ကို ဖြန့်ကျက်ထားပြီး၊ အခုဆိုရင် အသုံးပြုသူ စုစုပေါင်း သန်း ၃၀ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

Mytel အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်ပြီးတဲ့နောက် နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို ပိုမိုတိုးတက်မြင့်မားလာစေဖို့ အကူအညီဖြစ်စေခဲ့ပြီး နိုင်ငံတစ်ခုလုံးအတွက်လည်း ကောင်းမွန်သော ပံ့ပိုးမှုများကို တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Ref : Reuters