[Unicode]

ဗီဒီယို အတိုတွေ မျှဝေတဲ့ Vine ကို ပူးတွဲ ဖန်တီးထားသူ Dom Hofmann က Vine မျိုးဆက် App ၁ ခုကို လျှို့ဝှက် ဖန်တီးနေခဲ့ပါတယ်။ အဲဒီ App ကတော့ Byte ဖြစ်ပြီး အခုတော့ Android နဲ့ iOS Version တွေကို ဖြန့်ချိပေးလိုက်ပါပြီ။

၂၀၁၈ ခုနှစ်မှာ Hofmann က အဲဒီ App ကို ၂၀၁၉ ခုနှစ် ဆောင်းဦးမှာ ဖြန့်ချိပေးမယ်လို့ ကြေညာခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ အခုမှပဲ ဖြန့်ချိပေးနိုင်တာဖြစ်ပေမယ့် နိုင်ငံတိုင်းမှာ မရသေးပါဘူး။ Byte မှာ Vine လိုပဲ ၆ စက္ကန့်ကြာ ဗီဒီယိုတွေကို ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် TikTok လိုမျိုး ဗီဒီယိုတွေကို Scrolling လုပ်ပြီး ကြည့်ရှုရမှာပါ။

Byte မှာ Editors တွေက ရွေးချယ်ထားတဲ့ ၆ စက္ကန့်ကြာ ဗီဒီယိုတွေကို ပြသပေးတဲ့ Discovery Section ထည့်သွင်းထားပါတယ်။ Comedy, Animation, Art, Pets နဲ့ Sports စသဖြင့် Categories များစွာ ပါတဲ့အတွက် သင်နှစ်သက်တဲ့ ဗီဒီယိုတွေကို လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လက်ရှိမှာ TikTok နဲ့ တခြား အလားတူ ပလက်ဖောင်းတွေမှာ ရနေတဲ့ Audio Mixing , Transition Effects နဲ့ AR (Augmented Reality Filters) တွေကို Byte မှာ မရသေးပါဘူး။ ဒါပေမယ့် Hofmann က ဗီဒီယို ဖန်တီးသူတွေ ဝင်ငွေရစေမယ့် ထူးခြားတဲ့ အစီအစဉ်တွေ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ Vine ကို ပိတ်သိမ်းပြီးနောက် TikTok, Instagram နဲ့ တခြား ပလက်ဖောင်းတွေဟာ အရမ်း အောင်မြင်လာကြပါတယ်။ အခုတော့ Byte က အဲဒီ ပလက်ဖောင်းတွေကို ယှဉ်ပြိုင်တော့မှာပါ။

Ref : tnw

[Zawgyi]

Vine မ်ိဳးဆက္ Byte ရဲ႕ Android နဲ႔ iOS App ေတြကို Download လုပ္ႏိုင္ၿပီ

ဗီဒီယို အတိုေတြ မွ်ေဝတဲ့ Vine ကို ပူးတြဲ ဖန္တီးထားသူ Dom Hofmann က Vine မ်ိဳးဆက္ App ၁ ခုကို လွ်ိဳ႕ဝွက္ ဖန္တီးေနခဲ့ပါတယ္။ အဲဒီ App ကေတာ့ Byte ျဖစ္ၿပီး အခုေတာ့ Android နဲ႔ iOS Version ေတြကို ျဖန႔္ခ်ိေပးလိုက္ပါၿပီ။

၂၀၁၈ ခုႏွစ္မွာ Hofmann က အဲဒီ App ကို ၂၀၁၉ ခုႏွစ္ ေဆာင္းဦးမွာ ျဖန႔္ခ်ိေပးမယ္လို႔ ေၾကညာခဲ့ေပမယ့္ မျဖစ္လာခဲ့ပါဘူး။ အခုမွပဲ ျဖန႔္ခ်ိေပးႏိုင္တာျဖစ္ေပမယ့္ ႏိုင္ငံတိုင္းမွာ မရေသးပါဘူး။ Byte မွာ Vine လိုပဲ ၆ စကၠန႔္ၾကာ ဗီဒီယိုေတြကို ဖန္တီးႏိုင္ပါတယ္။ ဒါေပမယ့္ TikTok လိုမ်ိဳး ဗီဒီယိုေတြကို Scrolling လုပ္ၿပီး ၾကည့္ရႈရမွာပါ။

Byte မွာ Editors ေတြက ေ႐ြးခ်ယ္ထားတဲ့ ၆ စကၠန႔္ၾကာ ဗီဒီယိုေတြကို ျပသေပးတဲ့ Discovery Section ထည့္သြင္းထားပါတယ္။ Comedy, Animation, Art, Pets နဲ႔ Sports စသျဖင့္ Categories မ်ားစြာ ပါတဲ့အတြက္ သင္ႏွစ္သက္တဲ့ ဗီဒီယိုေတြကို လြယ္ကူစြာ ရွာေဖြၾကည့္ရႈႏိုင္ပါတယ္။

လက္ရွိမွာ TikTok နဲ႔ တျခား အလားတူ ပလက္ေဖာင္းေတြမွာ ရေနတဲ့ Audio Mixing , Transition Effects နဲ႔ AR (Augmented Reality Filters) ေတြကို Byte မွာ မရေသးပါဘူး။ ဒါေပမယ့္ Hofmann က ဗီဒီယို ဖန္တီးသူေတြ ဝင္ေငြရေစမယ့္ ထူးျခားတဲ့ အစီအစဥ္ေတြ ထည့္သြင္းေပးမယ္လို႔ ေျပာပါတယ္။ ၂၀၁၆ ခုႏွစ္မွာ Vine ကို ပိတ္သိမ္းၿပီးေနာက္ TikTok, Instagram နဲ႔ တျခား ပလက္ေဖာင္းေတြဟာ အရမ္း ေအာင္ျမင္လာၾကပါတယ္။ အခုေတာ့ Byte က အဲဒီ ပလက္ေဖာင္းေတြကို ယွဥ္ၿပိဳင္ေတာ့မွာပါ။

Ref : tnw