Richard Branson ပိုင်တဲ့ Virgin Galactic ဟာ SpaceShip Two အာကာသယာဉ်နဲ့ သွားမယ့် အာကာသ ခရီးစဉ်အတွက် လက်မှတ်တွေကို ပြန်လည် ရောင်းချပေးလိုက်ပါတယ်။ လူ ၁ ယောက်ကို ဒေါ်လာ ၄၅၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၇ ထောင်ကျော် ကျသင့်မှာပါ။ ဒါဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ကုမ္ပဏီ မျှော်မှန်းထားတဲ့ ဒေါ်လာ ၂ သိန်းထက် ၂ ဆကျော် ပိုများနေပါတယ်။

US-SPACE-TOURISM-BEZOS-BRANSON

Branson ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ SpaceShip Two နဲ့  အာကာသအစွန်းကို အောင်မြင်စွာ သွားရောက်နိုင်ခဲ့ပြီးနောက်မှာ လက်မှတ်ပြန်ရောင်းပေးလိုက်တာပါ။ အာကာသယာဉ်ဟာ ကမ္ဘာမြေပြင်အထက် ၅၃ မိုင်အထိ သွားရောက်ခဲ့ပြီး လိုက်ပါသူတွေဟာ ကမ္ဘာ့မြေဆွဲအားမဲ့ အရသာကို မိနစ်အနည်းငယ် ခံစားနိုင်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ကို Unitity 22 လို့ နာမည်ပေးခဲ့ပြီး Virgin Galactic အတွက် သမိုင်းဝင် အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

Virgin Galactic sets ticket prices starting at $450,000 - Flipboard

ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ် စမ်းသပ် အာကာသ ခရီးစဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့အတွက် လက်မှတ်ရောင်းချတာကို ရပ်နားခဲ့ရပါတယ်။ အဲဒီ ဖြစ်ရပ်ပြီးနောက် Branson ဟာ SpaceShip Two အာကာသယာဉ်ဟာ စိတ်ချရကြောင်း ပြသဖို့အတွက် သူကိုယ်တိုင် လိုက်ပါစီးနင်းပြမယ်လို့ ကတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ သူဟာ အဲဒီ ကတိကို သက်သေပြသနိုင်ခဲ့ပြီး ခရီးစဉ်မှာ ကုမ္ပဏီ ဝန်ထမ်း ၃ ယောက်လိုက်ပါစီးနင်းခဲ့ပါတယ်။ ကုမ္ပဏီဟာ အများပြည်သူအတွက် ပထမဆုံး အာကာသခရီးစဉ်ကို စက်တင်ဘာလနှောင်းပိုင်းမှာ ပြုလုပ်ပေးဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ခရီးစဉ်ကို Unity 23 လို့ နာမည်ပေးထားပြီး သုတေသန ပြုလုပ်မယ့် ကိရိယာတွေနဲ့ အီတလီ လေတပ်က အဖွဲ့ဝင် ၃ ယောက် လိုက်ပါမှာပါ။

ကုမ္ပဏီက အစောပိုင်းမှာ အာကာသ နယ်ပယ်ကို အကျိုးပြုမယ့် အဖွဲ့အစည်းက လူတွေကိုပဲ လိုက်ပါခွင့်ပြုမှာ ဖြစ်ပြီး သာမာန် ခရီးသည်တွေကို နောက်ပိုင်းမှ ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။

Ref : theverge