[Zawgyi]

ေမာ္ဒယ္နံပါတ္ Vivo 1819 နဲ႔ Vivo စမတ္ဖုန္းသစ္တစ္လုံးကို Geekbench မွာေတြ႕ခဲ့ရၿပီး သူ႕မွာ MediaTek Helio P70 ခ်စ္ပ္ဆက္ကို အသုံးျပဳလာပါတယ္။ ဒီဖုန္းဟာ ၂၀၁၉ ႏွစ္စမွာ တရားဝင္ထြက္လာမယ့္ ပထမဆုံးဖုန္းေတြထဲက တစ္ခု ျဖစ္လာႏုိင္တယ္။

အဆုိပါ Geekbench စာရင္းမွာ ဒီဟန္းဆက္အသစ္ကို MediaTek MT6771 SoC နဲ႔အားျဖည့္ထားတယ္ လို႔ ထြက္ေပၚလာခဲ့ၿပီး ၄င္းဟာ Helio P70 ခ်စ္ပ္ဆက္ပါပဲ။ သူ႕မွာ 4GB RAM မန္မုိရီနဲ႔ တြဲဖက္ထားကာ ေနာက္ဆုံးေပၚ Android OS ျဖစ္တဲ့ Android 9 Pie ကို သုံးထားတယ္။ Single-core စမ္းသပ္မႈမွာ 1562 Score ရခဲ့ၿပီး Multi-core Test မွာေတာ့ 5964 ေတာင္ ရခဲ့ပါတယ္။

ဒီဟန္းဆက္ကို မၾကာေသးခင္ကလည္း Vivo 1818 နဲ႔ Vivo 1820 တုိ႔နဲ႔အတူ EEC ဆိုတဲ့ ရုရွအစုိးရ Datebase မွာ ေတြ႕ခဲ့ရပါတယ္။ Vivo 1818 ဟန္းဆက္ဟာ Snapdragon 439 အသုံးျပဳခဲ့တဲ့ Vivo Y93 အတြက္ ဥေရာပဗားရွင္းလို႔ ယူဆရၿပီး Vivo 1820 ဟန္းဆက္မွာေတာ့ 22.5W အားအျမန္သြင္းစနစ္ကို ေတြ႕ခဲ့ရလို႔ High-end ဖုန္းတစ္လုံးျဖစ္လာမယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ Vivo 1819 ေမာ္ဒယ္ကသာ Geekbench ေပၚမွာ ပထမဆုံး Specs နဲ႔ ျမင္ေတြ႕ရတဲ့ စမတ္ဖုန္းပါ။

Vivo 1819 နဲ႔ပတ္သက္တဲ့ အျခားအခ်က္အလက္ေတြကေတာ့ ေပၚထြက္မလာေသးပါဘူး။ ဒါေပမယ့္ ဒီဟန္းဆက္မွာ Waterdrop Notch တစ္ခု ပါဝင္လာဖို႔ရွိၿပီး Gradient အေရာင္ေျပးနဲ႔ ေနာက္ေက်ာလည္း ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – Playful Droid

[Unicode]

မော်ဒယ်နံပါတ် Vivo 1819 နဲ့ Vivo စမတ်ဖုန်းသစ်တစ်လုံးကို Geekbench မှာတွေ့ခဲ့ရပြီး သူ့မှာ MediaTek Helio P70 ချစ်ပ်ဆက်ကို အသုံးပြုလာပါတယ်။ ဒီဖုန်းဟာ ၂၀၁၉ နှစ်စမှာ တရားဝင်ထွက်လာမယ့် ပထမဆုံးဖုန်းတွေထဲက တစ်ခု ဖြစ်လာနိုင်တယ်။

အဆိုပါ Geekbench စာရင်းမှာ ဒီဟန်းဆက်အသစ်ကို MediaTek MT6771 SoC နဲ့အားဖြည့်ထားတယ် လို့ ထွက်ပေါ်လာခဲ့ပြီး ၎င်းဟာ Helio P70 ချစ်ပ်ဆက်ပါပဲ။ သူ့မှာ 4GB RAM မန်မိုရီနဲ့ တွဲဖက်ထားကာ နောက်ဆုံးပေါ် Android OS ဖြစ်တဲ့ Android 9 Pie ကို သုံးထားတယ်။ Single-core စမ်းသပ်မှုမှာ 1562 Score ရခဲ့ပြီး Multi-core Test မှာတော့ 5964 တောင် ရခဲ့ပါတယ်။

ဒီဟန်းဆက်ကို မကြာသေးခင်ကလည်း Vivo 1818 နဲ့ Vivo 1820 တို့နဲ့အတူ EEC ဆိုတဲ့ ရုရှအစိုးရ Datebase မှာ တွေ့ခဲ့ရပါတယ်။ Vivo 1818 ဟန်းဆက်ဟာ Snapdragon 439 အသုံးပြုခဲ့တဲ့ Vivo Y93 အတွက် ဥရောပဗားရှင်းလို့ ယူဆရပြီး Vivo 1820 ဟန်းဆက်မှာတော့ 22.5W အားအမြန်သွင်းစနစ်ကို တွေ့ခဲ့ရလို့ High-end ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် Vivo 1819 မော်ဒယ်ကသာ Geekbench ပေါ်မှာ ပထမဆုံး Specs နဲ့ မြင်တွေ့ရတဲ့ စမတ်ဖုန်းပါ။

Vivo 1819 နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကတော့ ပေါ်ထွက်မလာသေးပါဘူး။ ဒါပေမယ့် ဒီဟန်းဆက်မှာ Waterdrop Notch တစ်ခု ပါဝင်လာဖို့ရှိပြီး Gradient အရောင်ပြေးနဲ့ နောက်ကျောလည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – Playful Droid