· လက်တွေ့ဘဝနှင့် ဒီဂျစ်တယ်နည်းပညာ ပေါင်းကူးဆက်သွယ်ရန်သည် vivo ၏ ရည်မှန်းချက်ဖြစ်ကြောင်း vivo ဆက်သွယ်ရေးသုတေသနအဖွဲ့ကို ဦးဆောင်သူ Qin Fei မှ ပြောကြား။

· vivo အနေဖြင့် သတင်းအချက်အလက်အသုံးပြုမှု အပိုင်းကို ပိုမိုအာရုံစိုက်ကာ သုံးစွဲသူများ၏ ဒီဂျစ်တယ် ဘဝတွင် လိုအပ်ချက်ဖြင့် ကိုက်ညီသည့် ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို ထုတ်လုပ်သွားမည်။

· 6G နည်းပညာသည် 5G နှင့် AI နည်းပညာ ပေါင်းစပ်ထားသကဲ့သို့ မရိုးရှင်းပါ။ 6G mobile communication system သည် နည်းပညာအားလုံးကို ပိုမိုချိတ်ဆက်အသုံးပြုနိုင်ပြီး ပိုမိုကျယ်ပြန့်သော နေရာတွေအထိ အသုံးပြုနိုင်ကာ ဆက်သွယ်ရေး၊ ကွန်ပျူတာအသုံးပြုခြင်း၊ ဒေတာများ သိမ်းဆည်းနိုင်ခြင်းနှင့် များစွာသော ဝန်ဆောင်မှုများကို အထောက်အပံ့ပေးခြင်းစသည့် အခြေခံ လုပ်ဆောင်နိုင်စွမ်းများကို ပိုမို အားအင် ပြည့်ဝစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကမ္ဘာတဝှမ်းတွင် 5G network များကို တွင်တွင်ကျယ်ကျယ် ဈေးကွက်ထဲသို့ စတင်ရောင်းချနေပြီး နည်းပညာကဏ္ဍ၏ သုတေသနလေ့လာရမည့်ထဲတွင် 6G သည်လည်း ပါဝင်လာပြီဖြစ်ပါသည်။

vivo ၏ ဆက်သွယ်ရေး သုတေသနအဖွဲ့မှ လတ်တလောတွင် စာတမ်း (၂) စောင်ကို ထုတ်ပြန်ထားပါသည်။ (6G အနာဂတ်၊ လိုအပ်ချက်နှင့် စိန်ခေါ်မှုများ နှင့် ၂၀၃၀၏ ဒီဂျစ်တယ် အနာဂတ်) တို့ဖြစ်သည်။

၂၀၃၀ ၏ ဒီဂျစ်တယ် အနာဂတ်စာတမ်းတွင် ၂၀၃၀ ခုနှစ်တွင် ဖြစ်လာနိုင်ဖွယ်ရှိသည့်အခြေအနေများကို လေ့လာထားခြင်းဖြစ်ပါသည်။ နောက်ထပ်ထုတ်ပြန်ထားသည့် စာတမ်းတွင်ဖြစ်လာနိုင်ခြေရှိသည့် ကွန်ရက် ချိတ်ဆက်မှုများ၏ စိန်ခေါ်မှုကို လေ့လာကာ 6G ရဲ့ရည်မှန်းချက်များနှင့် မှတ်တိုင်များကို ပိုမိုကျယ်ပြန့်စွာ ရေးသားထားခြင်းဖြစ်ပါသည်။

လုပ်ငန်းကဏ္ဍအတွေ့အကြုံများအရ (၁၀) နှစ်တစ်ခါ မိုဘိုင်းလ်ဆက်သွယ်ရေးလည်ပတ်မှုသည် အစားထိုးလေ့ ရှိကြောင်းပြသနေပါသည်။ ထို့ကြောင့် ၂၀၃၀ ခုနှစ်ခန့်တွင် 6G ကွန်ရက်ကို စတင်နိုင်မည်ဟု ပညာရှင်များက မျှော်လင့်ထားကြပါသည်။ 5G ကွန်ရက်သည် 4G ထက် ပိုမိုမြန်ဆန်ပြီး ကျယ်ပြန့်သည့် ချိတ်ဆက်မှုများကို တွေ့ရပါသည်။ အဓိကမေးခွန်းအနေဖြင့် 6G ကွန်ယက်တွင် ပါဝင်မည့် 5G နှင့်မတူသည့် အဓိက အချက်တွေက ဘာလဲဆိုတာကို အမေးဆုံး ဖြစ်သည်။

“6G ခေတ်ကိုရောက်ဖို့ ဆယ်စုနှစ်တစ်ခုလောက် လိုသေးတဲ့အတွက် အခုချိန်မှာ တိကျတဲ့ အဖြေပေးဖို့ ခက်ခဲပါတယ်။ သို့သော်လည်း 4G နှင့် 5G ကွန်ယက်တွေက connection ချိတ်ဆက်မှုနဲ့ ဒီဂျစ်တယ် အသွင် ကူးပြောင်းရေးကို အဓိကထားတဲ့အတွက် 6G မှာတော့ connection နဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်း‌ရေး အပြင် ပိုမိုမှတ်သားနိုင်တဲ့ မှတ်ဉာဏ်မြင့်တဲ့ စနစ်တစ်ခုပါဝင်လာနိုင်မယ် ဆိုတာကိုတော့ အသေအချာ ပြောရဲပါတယ် ” ဟု vivo ဆက်သွယ်ရေးသုတေသနရဲ့ ဦးဆောင်သူ Qin Fei မှ ပြောကြားပါသည်။ 6G ကွန်ရက်သည် 5G နှင့် AI နည်းပညာကို ပေါင်းစပ်ရုံသာမဟုတ်ဟု ထပ်မံ ပြောကြားခဲ့ပါသည်။ ထိုအစား ရေဒီယိုကွန်ရက် အသုံးပြုနိုင်သည့် နည်းပညာကို ပေါင်းစပ်ပြီး ပိုမိုကျယ်ပြန့်သည့် နေရာများအထိ အသုံးပြုနိုင် ကာ ဆက်သွယ်ရေး၊ ကွန်ပျူတာအသုံးပြုခြင်း၊ ဒေတာများ သိမ်းဆည်းနိုင်ခြင်းနှင့် ICDT ဝန်ဆောင်မှုများကို အထောက်အပံ့ပေးခြင်းစသည့် အခြေခံ လုပ်ဆောင်နိုင်စွမ်းများကို ပိုမို အားပြည့်စွာဆောင်ရွက်နိုင်မည် ဖြစ်သည်။

နောင်လာမည့် (၁၀) နှစ်တွင် 6G နှင့် အခြားသော နည်းပညာများသည် လူမှုဘဝအတွက် ဘယ်လိုပြောင်းလဲမှု တွေ သယ်ဆောင်လာနိုင်မလဲ? ၂၀၂၀ ခုနှစ်၊ နှစ်လည်ပိုင်းတွင် vivo ဆက်သွယ်ရေးနှင့် သုတေသနအဖွဲ့မှ “Imaging Digital Life in 2030” ခေါင်းစဉ်ဖြင့် 6G အသုံးပြုနိုင်မည့် နမူနာ application များရရှိစေရန် စုဆောင်းဖို့အတွက် ပွဲတစ်ခုကို ကျင်းပခဲ့ပါသည်။ ၎င်းမှာ အလွန်အောင်မြင်ခဲ့သည့် ပွဲတစ်ခုဖြစ်ခဲ့ပြီး တက္ကသိုလ် ဘွဲ့ရခါစလူငယ်များ၊ ဒီဂျစ်တယ်လောကနှင့် မီဒီယာမှ ကျွမ်းကျင်ပညာရှင် အယောက် (၂၀) ထံမှ ပြုလုပ် ထားသည့် နမူနာ အခု (၈၀၀) ကျော်ရရှိခဲ့ပါသည်။ ရရှိလာသည့် ခန့်မှန်း ဖြစ်နိုင်ချေ အခြေအနေများကို ပိုမို လက်တွေ့ကျစေရန်အတွက် သုတေသနအဖွဲ့မှ ၂၀၃၀ ခုနှစ် အတွက် ဆက်စပ်နေသော ကဏ္ဍများနှင့် နောက် (၁၀) နှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် Multiple Government Institutions Development plan ကို လေ့လာခဲ့ပါသည်။ ၎င်းတို့၏ လေ့လာတွေ့ရှိချက်များနှင့် နောက်ဆုံး အနှစ်ချုပ်များကို Digital Life 2030 စာတမ်းထဲတွင် ထည့်သွင်းဖော်ပြရေးသားထားပါသည်။

ထိုစာတမ်းထဲတွင် သုတေသနအဖွဲ့မှ မျှော်မှန်းထားသည့် ၂၀၃၀ ခုနှစ် – ၂၀၃၀ ခုနှစ်အလွန် လူမှု့ဘဝနှင့် ဆက်စပ်သည့် တိုးတက်မှုဖြစ်နိုင်ချေ (၁၁) ခုကို အနီးကပ်လေ့လာကာ အနီးစပ်ဆုံးဖြစ်နိုင်သည့် နမူနာအခြေ အနေ (၂၀) ကျော်ကို တင်ပြခဲ့ပါသည်။ ထိုတင်ပြချက်များတွင် ထုတ်ကုန်နှင့် ဝန်ဆောင်မှုဆိုင်ရာ တီထွင် ဖန်တီးမှု ဒီဇိုင်းပေါင်း (၆၀) ပါဝင်ပြီး သုံးစွဲသူများနှင့် နည်းပညာရှင်များအတွက် ၂၀၃၀ ခုနှစ်နှင့် ၂၀၃၀ ခုနှစ် အလွန် ဒီဂျစ်တယ်ကဏ္ဍ၏ ဖြစ်နိုင်သည့် ပုံရိပ်ကို ဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။

ကမ္ဘာပေါ်တွင် ဦးဆောင်နေသည့် မိုဘိုင်းလ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo အနေဖြင့် ဆက်သွယ်ရေး ကဏ္ဍတွင် ပြောင်းလဲနေသော ပြောင်မြောက်သည့် နည်းပညာများနှင့် 5G ကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ် လေ့လာလျက်ရှိပါသည်။ vivo အနေဖြင့် 5G ဖွံ့ဖြိုးတိုးတက်မှုနှင့် တောက်ပသော နည်းပညာသစ် များကို မြှင့်တင်ပေးခြင်းဖြင့် ဦိးဆောင်သူဖြစ်ပါသည်။ ၂၀၁၆ အစောပိုင်းတွင် vivo မှ 5G အတွက် ကြိုတင် ပြင်ဆင်ကာ ရင်းနှီးမြှုပ်နှံခဲ့ပြီး အားစိုက်ထုတ်နိုင်ရန်အတွက် 5G ၏ အဓိက သွင်ပြင်လက္ခဏာနည်းပညာများနှင့် စံသတ်မှတ်ချက်များအတွက် သုတေသန စင်တာကို တည်ထောင်ခဲ့ပါသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် vivo အနေဖြင့် 5G ၏ တရားဝင်လိုင်း (၂,၀၀၀) ကျော်အတွက် လုပ်ကိုင်ခွင့် များရရှိခဲ့ပြီး 3GPP အဖွဲ့အစည်းများသို့ 5G နှင့် သက်ဆိုင်သော အဆိုပြုလွှာ (၄,၀၀၀) ကျော်ကို တင်သွင်းနိုင်ခဲ့ သည်။ ၂၀၂၀ အောက်တိုဘာလတွင် ဘေကျင်းရှိ IMT-2020 (5G) မြှင့်တင်ရေး အဖွဲ့မှ စီစဉ်သော millimeter-wave field test ကို vivo နှင့် ZTE တို့ ပြီးမြောက်ခဲ့ပါသည်။

vivo ၏ အမြော်အမြင်ရှိသောနည်းဗျူဟာနှင့်တစ်သမတ်တည်းဖြစ်သောရင်းနှီးမြှုပ်နှံမှုကြောင့် ကုမ္ပဏီသည် 5G စံနှုန်းများနှင့် နည်းပညာအချက်အချာများ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် မှတ်သားဖွယ် ကောင်းသော တိုးတက်မှုများရရှိခဲ့သည်။ vivo သည် တစ်ကမ္ဘာလုံးဆိုင်ရာ 5Gနည်းပညာအတွက် အရေးပါ သောပံ့ပိုးသူတစ်ဦးဖြစ်သည်။ 5G မိုဘိုင်းလ်ဖုန်းဈေးကွက်တွင် vivo သည် 5G မိုဘိုင်းဖုန်းများတိုးမြင့်လာမှု နှင့်တိုးတက်လာသော 5G အတွေ့အကြုံများကို သုံးစွဲသူများအားပေးရန် ကတိပြုထားသည်။

ယင်း၏ကတိအတိုင်း vivo သည် ဈေးနှုန်းသတ်မှတ်ချက် အနည်းအများစုံလင်သည့် 5G အထောက်အပံ့ပေး ထားသော ဖုန်း ၁၉ လုံး ပါဝင်သည့်ဖုန်းအစုကိုတီထွင်ခဲ့သည်။ အဆိုပါဖုန်းအသစ်များသည် သုံးစွဲသူများ အတွက် ပိုမိုရွေးချယ်နိုင်မှုပေးပြီး 5G အသုံးပြုမှုကိုအရှိန်မြှင့်တင်ပေးမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် 5G စနစ်ဖြန့်ချိလိုက်သည်နှင့်တစ်ပြိုင်နက် vivoသည် 6Gအတွက် သုတေသနအဖွဲ့တစ်ခုကို တည်ထောင်ခဲ့သည်။ “ကျွန်တော်တို့ဖော်ပြထားတဲ့ 6Gအမြင်က ရုပ်ပိုင်းဆိုင်ရာနှင့်ဒီဂျစ်တယ် ကမ္ဘာနှစ်ခုရဲ့ လွတ်လပ်စွာချိတ်ဆက်ထားတဲ့ပေါင်းစပ်မှုဖြစ်ပါတယ်၊ မိုဘိုင်းဖုန်းအမှတ်တံဆိပ်တစ်ခုအနေနဲ့ vivo ကဒီကမ္ဘာ နှစ်ခုကိုဆက်သွယ်ပေးတဲ့တံတားတစ်စင်းဖြစ်လာဖို့ကြိုးပမ်းနေတာပါ” ဟု Qin Fei က ပြောကြားခဲ့သည်။ အနာဂတ်တွင် vivo သည် သတင်းအချက်အလက်သုံးစွဲမှုဆိုင်ရာ အစိတ်အပိုင်းများအပေါ် ဆက်လက် အာရုံစိုက်ပြီး သုံးစွဲသူများ၏ဒီဂျစ်တယ်ဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် စမတ်ထုတ်ကုန်များ နှင့်အသိဉာဏ်ဆိုင်ရာ၀ န်ဆောင်မှုများ ဆက်လက်ပေးသွားမည်ဖြစ်သည်။

Source – vivo