Zawgyi

စမတ်ဖုန်းတွေက အခုအချိန်မှာ စွမ်းဆောင်ရည်ပိုကောင်းလာတာတဲ့အတူ Battery ပိုင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်နေပြီဖြစ်ပါတယ်။ ယခင်တုန်းက OnePlus ရဲ့ Dash Charge တစ်ခုလောက်ကပဲ တခြားဖုန်းတွေထက်ပိုမြန်ဆန်တဲ့ Fast Charging ကို Support လုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စမတ်ဖုန်းကုမ္ပဏီတိုင်းနီးပါးက ကိုယ်ပိုင် Fast Charging စနစ်တွေကို ပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။

အခုလိုမျိုး Fast Charging တွေထဲမှာ လောလောဆယ်အနေနဲ့ Huawei ကနေ Mate X Foldable ဖုန်းမှာ ထည့်သွင်းထားမယ့် 55W SuperCharge Charging စနစ်က အမြန်ဆုံးဖြစ်နေပြီးတော့ အဲ့ဒီနောက်မှာတော့ OPPO Find X Lamborghini Edition မှာပါတဲ့ 40W SuperVOOC Flash Charge ၊ Huawei ရဲ့ 40W SuperCharge Charging စနစ်တွေရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတော့ Xiaomi ကနေ 4000mAh Battery ကို ၁၇ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ 100W Super Charge Turbo နည်းပညာကို ပြသသွားခဲ့ပြန်ပါတယ်။ အဲ့ဒီအတွက် Xiaomi က 100W Charging ပါတဲ့ စမတ်ဖုန်းကိုတော့ တကယ်မထုတ်ပြသွားပေမယ့် နည်းပညာအရတော့ အကောင်းဆုံးဖြစ်လာခဲ့တာပါ။

အခုအချိန်မှာတော့ Xiaomi ရဲ့ ဒီ 100W Fast Charging ထက်ပိုကောင်းတဲ့ Charging နည်းပညာကို Vivo ကနေ ပြသလိုက်ပြီပဲဖြစ်ပါတယ်။ ဒါကတော့ 120W Super FlashCharge နည်းပညာပဲဖြစ်ပြီးတော့ 4000mAh Battery ကို 50% ပြည့်ဖို့ ၅ မိနစ်ပဲ အချိန်ပေးရမှာဖြစ်ပြီးတော့ 100% ပြည့်ဖို့အတွက်က ၁၃ မိနစ်ပဲ ကြာမြင့်တော့မှာဖြစ်ပါတယ်။

ဒီ 120W Super FlashCharge နည်းပညာဟာ ယုံဖို့ခက်လောက်အောင်မြန်ဆန်နေတာဖြစ်ပြီးတော့ Vivo ကနေ ဇွန်လ နောက်ဆုံးပတ်မှာ ကျင်းပမယ့် MWC Shanghai 2019 မှာ ဒီ Charging နည်းပညာကို သုံးထားတဲ့ စမတ်ဖုန်းကို ပြသလာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် တကယ့် 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းကိုပါ ပြသသွားဖို့လည်း ရှိနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး 4000mAh Battery ကို အားအပြည့်သွင်းဖို့ ၁၅ မိနစ်တောင်မကြာဘူးဆိုတာက Vivo အနေနဲ့ တကယ်ကို အံ့အားသင့်စရာ Innovation တစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Ref – GSM Arena

Unicode

ကမ္ဘာ့အမြန်ဆုံး 120W Super FlashCharge နည်းပညာကို ပြသလိုက်တဲ့ Vivo