[Unicode]

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက Vivo ဟာ သူတို့ရဲ့ နာမည်သစ်နဲ့ OS သစ်အကြောင်းကို အနည်းငယ် ထုတ်ပြသွားခဲ့ပါသေးတယ်။ Vivo ရဲ့ Product manager က “Jovi OS” အကြောင်း အစဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ ရက်ပိုင်းအတွင်းမှာပဲ စိတ်ကူးပြောင်းခဲ့တယ်လို့ ယူဆရပါတယ်။

အကြောင်းရင်းကတော့ Vivo ဟာ သူတို့ရဲ့ OS သစ်ကို “Jovi OS” အနေနဲ့ နာမည်သစ်ပေးဖို့ လျာထားခဲ့ပေမယ့် နာမည်ဟောင်းနဲ့ပဲ ပြန်ပြီးမိတ်ဆက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Vivo X30 မိတ်ဆက်ပွဲမှာ Vivo ဟာ FunTouch နောက်ဆုံးဗားရှင်းကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။

Vivo V30X ဟာ FunTouchOS 10 မောင်းနှင်ထားတာဖြစ်ပြီး ကုမ္ပဏီက ဒီ OS သစ်ကို အခြား Device တွေဆီလည်းပို့ဆောင်ပေးမှာဖြစ်ပြီး Update ရဖို့ စောင့်ဆိုင်းပေးပါရန်လည်း အသိပေးပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲမှာ Vivo ဟာ Update roadmap ကိုလည်း ကြေညာသွားခဲ့ပါတယ်။ ကြေညာချက်အရ Update သစ်ဟာ ၃သုတ်ခွဲပြီး ထုတ်ပေးမှာ ဖြစ်ပါတယ်။

Update ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှာ စပြီးထုတ်ပေးမယ်လို့ သိရပါတယ်။ ပထမအသုတ်အဖြစ် NEX 3, NEX 3 5G, X27, X27 Pro, X27 8 + 128GB version, NEX, NEX screen fingerprint version, NEX flagship version, NEX dual screen version နဲ့ S5 တို့ကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒုတိယအသုတ်မှာတော့ Z5, Z5i, Z5x, S1 နဲ့ S1Pro တို့ကို FunTouchOS 10 update ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ တတိယအသုတ်မှာတော့ X21s, X23, X23 Symphony Edition, Z3, Z3i နဲ့ Z3i Standard Edition တွေကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဒီ Update တွေဟာ တရုတ်ပြည်တွင်းအတွက်ပဲလား နိုင်ငံတကာဈေးကွက်တွေလည်း ပါဝင်မှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: Gizmochina

[Zawgyi]

FunTouchOS 10 Update ေပးမယ့္အစီအစဥ္ကို ေၾကညာလိုက္တဲ့ Vivo

လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္တုန္းက Vivo ဟာ သူတို႔ရဲ႕ နာမည္သစ္နဲ႔ OS သစ္အေၾကာင္းကို အနည္းငယ္ ထုတ္ျပသြားခဲ့ပါေသးတယ္။ Vivo ရဲ႕ Product manager က “Jovi OS” အေၾကာင္း အစေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကုမၸဏီကေတာ့ ရက္ပိုင္းအတြင္းမွာပဲ စိတ္ကူးေျပာင္းခဲ့တယ္လို႔ ယူဆရပါတယ္။

အေၾကာင္းရင္းကေတာ့ Vivo ဟာ သူတို႔ရဲ႕ OS သစ္ကို “Jovi OS” အေနနဲ႔ နာမည္သစ္ေပးဖို႔ လ်ာထားခဲ့ေပမယ့္ နာမည္ေဟာင္းနဲ႔ပဲ ျပန္ၿပီးမိတ္ဆက္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ Vivo X30 မိတ္ဆက္ပြဲမွာ Vivo ဟာ FunTouch ေနာက္ဆုံးဗားရွင္းကိုလည္း မိတ္ဆက္သြားခဲ့ပါတယ္။

Vivo V30X ဟာ FunTouchOS 10 ေမာင္းႏွင္ထားတာျဖစ္ၿပီး ကုမၸဏီက ဒီ OS သစ္ကို အျခား Device ေတြဆီလည္းပို႔ေဆာင္ေပးမွာျဖစ္ၿပီး Update ရဖို႔ ေစာင့္ဆိုင္းေပးပါရန္လည္း အသိေပးေျပာဆိုသြားခဲ့ပါတယ္။ ဒီပြဲမွာ Vivo ဟာ Update roadmap ကိုလည္း ေၾကညာသြားခဲ့ပါတယ္။ ေၾကညာခ်က္အရ Update သစ္ဟာ ၃သုတ္ခြဲၿပီး ထုတ္ေပးမွာ ျဖစ္ပါတယ္။

Update ဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီမွာ စၿပီးထုတ္ေပးမယ္လို႔ သိရပါတယ္။ ပထမအသုတ္အျဖစ္ NEX 3, NEX 3 5G, X27, X27 Pro, X27 8 + 128GB version, NEX, NEX screen fingerprint version, NEX flagship version, NEX dual screen version နဲ႔ S5 တို႔ကို ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။

ဒုတိယအသုတ္မွာေတာ့ Z5, Z5i, Z5x, S1 နဲ႔ S1Pro တို႔ကို FunTouchOS 10 update ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။ တတိယအသုတ္မွာေတာ့ X21s, X23, X23 Symphony Edition, Z3, Z3i နဲ႔ Z3i Standard Edition ေတြကို ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။ ဒီ Update ေတြဟာ တ႐ုတ္ျပည္တြင္းအတြက္ပဲလား ႏိုင္ငံတကာေဈးကြက္ေတြလည္း ပါဝင္မွာလား ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Ref: Gizmochina