Vivo ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ APEX Series ဖုန်းအသစ်ဖြစ်တဲ့ APEX 2020 စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း တရားဝင်မမိတ်ဆက်ခင်မှာ APEX 2020 စမတ်ဖုန်းမှာ ပါဝင်လာမယ့် Feature တစ်ခုကို Teaser ဓါတ်ပုံထုတ်ပြခဲ့ပါတယ်။

ယခုဓါတ်ပုံအရ Vivo APEX 2020 ဖုန်းမှာ လက်ရှိစမတ်ဖုန်းတွေအားလုံးထက် ပိုပြီးမြန်ဆန်တဲ့ 60W Wireless Charging ကို Support ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။ Vivo APEX 2020 မှာ Battery အနေနဲ့ ဘယ်လောက် mAh ပါဝင်မလဲဆိုတာကို မသိရသေးပေမယ့်လည်း ဒီ 60W Wireless Charging ဆိုတာက အထင်ကြီးဖို့အရမ်းကောင်းနေပါပြီ။

Vivo ကနေ Weibo စာမျက်နှာမှာတင်ထားတဲ့ စာအရ APEX 2020 စမတ်ဖုန်းဟာ Display နဲ့ Camera ပိုင်းမှာပဲ အကောင်းဆုံးဖြစ်မှာမဟုတ်ဘဲ Ultra-fast Flash Wireless Charging ပါ ပါဝင်လာမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Xiaomi Mi 10 Series နဲ့ Huawei Mate 30 Pro ဖုန်းတွေမှာ 30W Wireless Charging ကို အမြင့်ဆုံး Support ပြုလုပ််ထားပြီး Samsung Galaxy S20 Series ဖုန်းတွေတောင်မှ 25W Wireless Charging ကိုပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။

Vivo APEX 2020 စမတ်ဖုန်းဟာ လက်ရှိသိထားရတဲ့သတင်းတွေအရ Full Screen Display အမျိုးအစားကိုမှ 120Hz Refresh Rate Support ပေးလာမှာဖြစ်ပြီး Pan Tilt Zoom (PTZ) Camera အမျိုးအစားကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Camera Setup က 5x ကနေ 7.5x Optical Zoom ကို Support လုပ်မှာဖြစ်သလို Performance ပိုင်းမှာလည်း Snapdragon 865 Processor ကို သုံးလာမှာဖြစ်ပါတယ်။

Ref – Gizmo China