Vivo ကုမ္ပဏီဟာ NEX 3 5G စမတ်ဖုန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်ခဲ့တာပါ။ အခုတော့ သူ့ကို Upgrade တင်ထားတဲ့ NEX 3s 5G အား လာမယ့်မတ်လ ၁၀ ရက်နေ့မှာ ထပ်မံပွဲထုတ်ဦးမှာဖြစ်ပါတယ်။

NEX 3s 5G ဖုန်းဟာ Geekbench နဲ့ Google Play Console တို့မှာလည်း ထွက်ပေါ်ခဲ့ပြီးဖြစ်ကာ မျိုးဆက်သစ် Flagship ဖြစ်တဲ့ Snapdragon 865 အသုံးပြုထားတာလည်း မြင်တွေ့ရပြီးသားပါ။ ဒါပေမယ့် ယနေ့မှာတော့ Vivo ဟာ Teaser အသစ်ကနေ NEX 3s 5G ရဲ့အတွင်းမှာ Snapdragon 865 အသုံးပြုလာမယ်လို့ တရားဝင်အတည်ပြုလိုက်ပါတယ်။

Vivo ဟာ တရုတ်ဆိုရှယ်မီဒီယာ Weibo မှာလည်း ဗီဒီယိုအတိုလေးတစ်ခုကို တင်ခဲ့ပြီး NEX 3s 5G ရဲ့ နောက်ကျောဘက်ကို ပြသခဲ့ပါတယ်။ NEX 3s 5G ဟာ ရိုးရိုး NEX 3 5G ဒီဇိုင်းနဲ့ဆင်တူပြီး နောက်ကင်မရာ သုံးလုံးပါဝင်ပါတယ်။

ဒါ့အပြင် ယခင်က Tease လုပ်ထားတဲ့ Orange ကာလာအပြင် Blue ကာလာနဲ့လည်း ထွက်ရှိလာမယ်ဆိုတာကို သိရခဲ့ပါတယ်။ Vivo ဟာ ထုံးစံအတိုင်း အခုထိတော့ NEX 3s 5G ဖုန်းရဲ့ Specs အပြည့်အစုံကို မထုတ်ပြန်ပေးသေးပါဘူး။ ဒါပေမယ့် ဒီဖုန်းကို TENAA ပေါ်မှာ မြင်တွေ့ခဲ့ရာမှာတော့ ယခင်မော်ဒယ်နဲ့ကွာခြားမှုက ချစ်ပ်ဆက်နဲ့ ဘက္ထရီတို့သာ ဖြစ်တာကို တွေ့ခဲ့ရပါတယ်။

ထွက်ရှိရက်ကလည်း နီးကပ်နေပြီဖြစ်တာကြောင့် လာမယ့်ရက်တွေမှာ NEX 3s 5G ဖုန်းရဲ့ အခြား Feature တွေကို ဆက်လက်မြင်တွေ့ရဖွယ် ရှိပါတယ်။

Ref – GSM Arena