Vivo Mobile Myanmar Co., Ltdမှ COVID-19 ရောဂါအတွက် ရှာဖွေကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ အထွေထွေ ဆေးရုံကြီးနှင့် မန္တလေးမြို့ရှိ ကန်တော်နဒီ အထွေထွေဆေးရုံသို့ စုစုပေါင်း ငွေကျပ် သိန်းနှစ်ရာတိတိ လှူဒါန်းခဲ့သည်။

ကမ္ဘာထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သော Vivo Mobile Myanmar Co., Ltdမှ မြန်မာနိုင်ငံ မတ်လအတွင်း စတင်ကူးစက်ပြန့်ပွားခဲ့သော COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအတွက် ရှာဖွေကုသရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာငွေကျပ်သိန်းနှစ်ရာတိတိ(ဆေးရုံတစ်ရုံသို့ငွေကျပ်သိန်းတစ်ရာစီ) ကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ ဆေးရုံများသို့သွားရောက်လှူဒါန်းခဲ့ပါသည်။

ဧပြီလ ၃ရက်နေ့ တွင်Vivoမှတာဝန်ရှိ သူများသည် COVID-19 ရောဂါ ရှာဖွေ ကုသ ရေးဆိုင်ရာ လုပ်ငန်း များကို အဓိက ကူညီ ပံ့ပိုးပေးရန် ရည်ရွယ်ပြီး မန္တလေးမြို့၊ချမ်းမြေ့သာစီမြို့နယ်၊ ၆၂လမ်းရှိ ကန်တော်နဒီ ဆေးရုံကြီးနှင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ မြောက်ဥက္ကလာပ အထွေထွေ ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခဲ့ရာ ဒေါက်တာကြည်စိုး (မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး) နှင့် ဒေါက်တာစုစုဒွေး (ကန်တော်နဒီ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး)တို့က အလှူငွေများလက်ခံရရှိခဲ့ပါသည်။

အဆိုပါ အလှူနှင့်ပတ်သက်၍ Vivo Mobile Myanmar Co., Ltd ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Niမှ“ကျွန်တော်တို့ Vivo အမှတ်တံဆိပ် တင်သွင်းရောင်းချနေတဲ့ နိုင်ငံတိုင်းမှာ သုံးစွဲသူပြည်သူလူထုကို တတ်အားသရွေ့ပြန်လည်အကျိုးပြုကူညီတာဟာ ကျွန်တော်တို့ ထားရှိတဲ့ ကတိကဝတ်တစ်ခု ဖြစ်ပါတယ်။ အခုလို မြန်မာပြည်သူတွေ အကူအညီ အလိုအပ်ဆုံး အချိန်မှာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီရတဲ့အတွက် အရမ်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခုလို အရင်က မကြုံခဲ့ဖူးတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူအားလုံးနီးပါး လူမှုရေးအရရော စီးပွားရေးအရပါ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့်COVID-19 ကပ်ရောဂါကို ကာကွယ်ရုံသာမက အောင်မြင်စွာ ကုသနိုင်ဖို့ ရည်ရွယ်ပြီး ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ သူတွေကို ကျွန်တော်တို့အနေနဲ့ ကူညီပံ့ပိုးပေးရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

၂၀၂၀ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် COVID-19 ဖြစ်ပွားမှုအခြေအနေကို ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ ကပ်ရောဂါepidemic မှ pandemic အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်COVID-19 ဧပြီလ ၃ ရက်နေ့ (ယနေ့အထိ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်သူ အယောက် (၂၀) အထိရှိနေခဲ့ပြီ ဖြစ်ပါသည်။

Vivo Mobile Myanmar Co., Ltdသည် ကျန်းမာရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ရုံသာမက ဝယ်ယူသူများ၏ ကျန်းမာရေး ကို အထူးအလေးထားသည့် အနေဖြင့်Vivo စမတ်ဖုန်းဝယ်ယူသူများကို အိမ်အရောက် ဖုန်းပို့ဆောင်ပေးမည့်Vivo Fast Delivery စနစ်ကို စီစဉ်ထားပါသည်။ ဝယ်ယူသူများအနေဖြင့်လည်း ဆိုင်တွင်ဖုန်းလာရောက် ဝယ်ယူရန်မလိုဘဲVivo Myanmar Official Page တွင် တိုက်ရိုက် မှာယူနိုင်ပါသည်။ အ‌သေးစိတ်ကို (Vivo Fast Delivery)တွင်ဝင်ရောက်၍ လေ့လာနိုင်ပါသည်။

Source – Vivo