လက်ရှိအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ စမတ်ဖုန်းထုတ်လုပ်မှုတွေအပြင် စမတ်ဖုန်းအသစ်တွေမိတ်ဆက်ဖို့ကိုလည်း နှောင့်နှေးသွားစေတာဖြစ်ပါတယ်။ အခုလည်း Vivo ကနေ သူ့ရဲ့ Android 10 ကို အခြေခံထားတဲ့ FuntouchOS 10 ကို မိတ်ဆက်မယ့်အချိန်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ဆုတ်လိုက်ပါတယ်။

Vivo ဟာ အဆိုပါ FuntouchOS 10 ကို အစောပိုင်းတုန်းက ယခုဖေဖော်ဝါရီလအတွင်းမှာ Beta Testing စတင်ဖို့စီစဥ်ထားပေမယ့် အခုအချိန်မှာတော့ အဆိုပါ အစီအစဥ်ကို ဖျက်သိမ်းပြီး နောက်ကို ရွေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် FuntouchOS 10 Public Beta ဟာ လာမယ့် မတ်လကုန်ဝန်းကျင်မှပဲ Vivo NEX 3 ၊ NEX 3 5G ၊ NEX S ၊ NEX Dual Display ၊ X27 နဲ့ X27 ဖုန်းတွေအတွက် ရရှိလာတော့မှာဖြစ်ပါတယ်။ ကျန်တဲ့ Vivo စမတ်ဖုန်းတွေအတွက် Update ပြုလုပ်ပေးမယ့်အချိန်ကိုလည်း နောက်ပိုင်းမှ ပြန်လည်ကြေညာသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ Vivo ရဲ့ FuntouchOS 10 အသစ်မှာ ပါဝင်လာမယ့် Feature အချို့ကို အတည်ပြုနိုင်ခဲ့ပြီးတော့ Icon Design အသစ်တွေ၊ Animations ၊ Live Wallpaper အသစ်တွေနဲ့ Edge Lighting လို Feature တွေပါဝင်လာမှာပါ။ ဒါတင်မဟုတ်သေးဘဲ Android 10 ရဲ့ System-wide Dark Mode ၊ Gesture Navigation အသစ်တွေကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena