Vivo T2 စမတ်ဖုန်းကို တရုတ်မှာ ဒီလ ၂၃ ရက်နေ့ ကြေညာမယ်လို့ မျှော်လင့်ထားပေမယ့် ကုမ္ပဏီက ဇွန်လ ၆ ရက်နေ့မှ ကြေညာဖို့ နောက်ဆုတ်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ Specs Page ကို ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။ အဲဒီအတွက် နောက် ၂ ပတ်လောက်မှ ကြေညာမယ့် ဖုန်းရဲ့ Specs တွေကို ကြိုတင်သိလာရပါပြီ။

Vivo T2 ဟာ နာမည်ကသာ အသစ် ဖြစ်ပြီး Specs အားလုံးက ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့  iQOO Neo6 SE နဲ့ တူညီပါတယ်။

Vivo T2 မှာ ၆.၆၂ လက်မ AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Full HD+ Resolution ရှိပြီး 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main (OIS) , 8MP Ultrawide နဲ့ 2MP Auxiliary ကင်မရာတွေကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။

Vivo T2 မိတ်ဆက်ပွဲကျမှ ဈေးနှုန်းကို သိရမှာ ဖြစ်ပါတယ်။ RAM/Storage Option ၂ မျိုး ပါလာမှာ ဖြစ်သလို အရောင်ကလည်း ၂ မျိုး ထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဈေးကလည်း အစားစား ရှိလာမှာ ဖြစ်ပါတယ်။

Ref : gsmarena