Vivo က မတ်လမှာ စွမ်းရည်သင့် S6 5G ကို ကြေညာလိုက်ပြီး ၆.၄၄ လက်မ AMOLED မျက်နှာပြင်၊ အနောက်ကင်မရာ ၄ လုံးနဲ့ Exynos 980 Chipset တွေ ထည့်ထားပါတယ်။ အခုတော့ Vivo က Specs အများစု တူညီတဲ့ G1 5G ကို ချပြလိုက်ပြီး အစိုးရနဲ့ စီးပွားရေးလုပ်ငန်းသုံးဖို့ ရည်ရွယ်ဖန်တီးထားပါတယ်။

G1 5G မှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ အတွက် သီးခြား အသုံးပြုနိုင်တဲ့ စနစ် ပါလာပြီး Apps နဲ့ ဒေတာတွေကို သီးခြားစီ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အလုပ်အတွက် ဖုန်း ၁ လုံးနဲ့ ကိုယ်ရေးကိုယ်တာ အတွက် ဖုန်း ၁ လုံး ဝယ်ယူစရာ မလိုတော့ပါဘူး။

Vivo က ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို အခြေခံပြီး Apps နဲ့ Tweaks တွေ ပံ့ပိုးပေးထားသလို ဖုန်းရဲ့ Interface ကို ‌Customize လုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ Software Install လုပ်တာ၊ Update ထည့်တာတွေကို ထိန်းချုပ်နိုင်သလို WiFi , Bluetooth , ကင်မရာ တွေကို ပိတ်တာလို Set Options တွေကို သုံးနိုင်ပါတယ်။ သုံးစွဲသူတွေဟာ ခလုတ် ၁ ချက်နှိပ်ရုံနဲ့ နေရာ ၂ ခုကို ပြောင်းသုံးနိုင်ပါတယ်။

တခြား Specs တွေက S6 5G နဲ့တူပြီး 48MP Main အပါအဝင် အနောက်ကင်မရာ ၄ လုံး ပါပါတယ်။ 4,500mAh ဘက်ထရီနဲ့ Dual-mode 5G ထောက်ပံ့ထားပါတယ်။ Android 10 အခြေပြု Funtouch OS 10 မောင်းနှင်ထားပြီး ၃,၅၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်း ၉ သောင်းလောက်ရှိပြီး 8GB RAM နဲ့ 128GB Storage ပါပါတယ်။

Ref : gsmarena