Zawgyi

တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Vivo ဟာ သူတုိ႔ရဲ႕ အမွတ္တံဆိပ္သစ္ IQOO Gaming စမတ္ဖုန္းအတြက္ Space Knight Edition ကိုမိတ္ဆက္လုိက္ၿပီး တရုတ္အမ်ဳိးသားအာကာသဌာနကို ဂုဏ္ျပဳတဲ့ အေနနဲ႔ မွည့္ေခၚထားတာ ျဖစ္ပါတယ္။ ဒီအထူးဗားရွင္းဟာ 12GB RAM နဲ႔ 256GB Storage မန္မုိရီတုိ႔ျဖင့္ ထြက္လာမွာပါ။

IQOO Space Knight Edition စမတ္ဖုန္းဟာ ထူးျခားတဲ့ထုတ္ပုိးပုံျဖင့္ထြက္ရွိလာၿပီး အထဲမွာလည္း ရွန္းက်ဳိး အာကာသယာဥ္ကို ျပဳလုပ္ခဲ့တဲ့ သတၱဳ အမည္းျပားေလး ပါဝင္ပါတယ္။ ေနာက္ဘက္ ကုိယ္ထည္ကလည္း ပုံမွန္ထက္ အနည္းငယ္ထူးျခားေနၿပီး Pocophone F1 တုိ႔လုိ ဖုန္းေတြမွာပါတဲ့ Kevlar အကြပ္နဲ႔ ဆင္တူပါတယ္။

IQOO စမတ္ဖုန္းမွာ 6.41” လက္မအရြယ္ Super AMOLED Display ပါဝင္ၿပီး Screen-to-body အခ်ဳိးက 91.7% ေတာင္ရွိေနပါတယ္။ အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ Adreno 640 GPU တုိ႔ပါဝင္ၿပီး Android 9 ကိုအေျခခံထားတဲ့ Funtouch OS ျဖင့္ အသုံးျပဳရမွာျဖစ္ပါတယ္။ Fingerprint ကို Display အတြင္းမွာပဲ ထည့္သြင္းလာၿပီး 4,000 mAh ဘကၳရီႀကီးက 44W အားအျမန္သြင္းစနစ္ပါဝင္တယ္။

ေက်ာဘက္ကင္မရာက သုံးလုံးတြဲျဖစ္ၿပီး 12MP + 13MP + 2MP ျဖစ္ပါတယ္။ ေရွ႕ဘကက္မွာေတာ့ 12MP f/2.0 ကင္မရာတစ္လုံးထဲကို ဆယ္ဖီရုိက္ဖို႔ ထည့္ေပးထားတယ္။ အာကာသ သူရဲေကာင္းဆုိတဲ့ Theme နဲ႔လုိက္ဖက္ေအာင္ အျမင္ပုိင္းျပဳျပင္ထားတာက လြဲလို႔ က်န္တဲ့အစိတ္အပုိင္းေတြကေတာ့ ပုံမွန္ Vivo IQOO နဲ႔ အတူတူပါပဲ။ ပုံမွန္ Vivo IQOO စမတ္ဖုန္းဟာ တရုတ္ယြမ္ ၄,၂၉၈ (ျမန္မာေငြ ကိုးသိန္းခြဲေက်ာ္) က်သင့္တဲ့အတြက္ Space Knight Edition ကေတာ့ ဒီထက္အနည္းငယ္ေစ်းပိုမယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ တရုတ္ျပည္ အာကာသဌာနကို ဂုဏ္ျပဳထုတ္လုပ္ထားတာေၾကာင့္ ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ ေျခဆန္႔လာမယ္လို႔ မထင္ရပါဘူး။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Vivo ဟာ သူတို့ရဲ့ အမှတ်တံဆိပ်သစ် IQOO Gaming စမတ်ဖုန်းအတွက် Space Knight Edition ကိုမိတ်ဆက်လိုက်ပြီး တရုတ်အမျိုးသားအာကာသဌာနကို ဂုဏ်ပြုတဲ့ အနေနဲ့ မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဒီအထူးဗားရှင်းဟာ 12GB RAM နဲ့ 256GB Storage မန်မိုရီတို့ဖြင့် ထွက်လာမှာပါ။

IQOO Space Knight Edition စမတ်ဖုန်းဟာ ထူးခြားတဲ့ထုတ်ပိုးပုံဖြင့်ထွက်ရှိလာပြီး အထဲမှာလည်း ရှန်းကျိုး အာကာသယာဉ်ကို ပြုလုပ်ခဲ့တဲ့ သတ္တုဖြင့် ပြုလုပ်ထားတဲ့ အမည်ပြားလေး ပါဝင်ပါတယ်။ နောက်ဘက် ကိုယ်ထည်ကလည်း ပုံမှန်ထက် အနည်းငယ်ထူးခြားနေပြီး Pocophone F1 တို့လို ဖုန်းတွေမှာပါတဲ့ Kevlar အကွပ်နဲ့ ဆင်တူပါတယ်။

IQOO စမတ်ဖုန်းမှာ 6.41” လက်မအရွယ် Super AMOLED Display ပါဝင်ပြီး Screen-to-body အချိုးက 91.7% တောင်ရှိနေပါတယ်။ အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်နဲ့ Adreno 640 GPU တို့ပါဝင်ပြီး Android 9 ကိုအခြေခံထားတဲ့ Funtouch OS ဖြင့် အသုံးပြုရမှာဖြစ်ပါတယ်။ Fingerprint ကို Display အတွင်းမှာပဲ ထည့်သွင်းလာပြီး 4,000 mAh ဘက္ထရီကြီးက 44W အားအမြန်သွင်းစနစ်ပါဝင်တယ်။

ကျောဘက်ကင်မရာက သုံးလုံးတွဲဖြစ်ပြီး 12MP + 13MP + 2MP ဖြစ်ပါတယ်။ ရှေ့ဘကက်မှာတော့ 12MP f/2.0 ကင်မရာတစ်လုံးထဲကို ဆယ်ဖီရိုက်ဖို့ ထည့်ပေးထားတယ်။ အာကာသ သူရဲကောင်းဆိုတဲ့ Theme နဲ့လိုက်ဖက်အောင် အမြင်ပိုင်းပြုပြင်ထားတာက လွဲလို့ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ပုံမှန် Vivo IQOO နဲ့ အတူတူပါပဲ။ ပုံမှန် Vivo IQOO စမတ်ဖုန်းဟာ တရုတ်ယွမ် ၄,၂၉၈ (မြန်မာငွေ ကိုးသိန်းခွဲကျော်) ကျသင့်တဲ့အတွက် Space Knight Edition ကတော့ ဒီထက်အနည်းငယ်ဈေးပိုမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တရုတ်ပြည် အာကာသဌာနကို ဂုဏ်ပြုထုတ်လုပ်ထားတာကြောင့် နိုင်ငံတကာဈေးကွက်ကိုတော့ ခြေဆန့်လာမယ်လို့ မထင်ရပါဘူး။

Ref – GSM Arena