iQOO က ဈေးချိုတဲ့ ဖုန်းတွေကို အခုနောက်ပိုင်း ပိုမို ထုတ်လုပ်လာနေပေမယ့် စွမ်းရည်မြင့် ဖုန်းတွေကိုလည်း မေ့မထားပါဘူး။ အခုလည်း iQOO ရဲ့ စွမ်းရည်မြင့် ဖုန်း အသစ် ၁ လုံးထွက်ပေါ်လာပါတယ်။ မော်ဒယ်နံပါတ်က V2024A ဖြစ်ပြီး iQOO 3 Pro ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းကို 3C မှာ မှတ်ပုံတင်ထားပြီး 55W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။ မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။

အဲဒီဖုန်းကို Geekbench မှာလည်း တွေ့ခဲ့ပြီးပြီ ဖြစ်ပြီး Snapdragon 865 Chipset ပါမယ့် အထောက်အထားတွေတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် Snapdragon 865+ ကို ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့အတွက် Vivo iQOO 3 Pro (V2024A) မှာ 865+ ထည့်သွင်းလာနိုင်ပါတယ်။

ပြိုင်ဘက် Gaming စမတ်ဖုန်းတွေမှာ နောက်ဆုံးထုတ် Qualcomm Chipset ကို ထည့်သွင်းလာကြတဲ့အတွက် iQOO ကလည်း အားကျမခံ ဖုန်း အသစ်ထုတ်မှာပါ။ iQOO 3 Pro ကို ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် ဩဂုတ်လမှာ ချပြတော့မယ်လို့ ထင်ပါတယ်။ 3C ကို ရောက်လာပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မဝေးတော့ပါဘူး။

ref : gsmarena