[Zawgyi]

တရုတ္အေျခစုိက္ထုတ္လုပ္သူ Vivo ဟာ အခုလအေစာပုိင္းမွာ သူတုိ႔ရဲ႕ အမွတ္တံဆိပ္ခြဲအျဖစ္ iQOO ကို မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီအမွတ္တံဆိပ္သစ္ေအာက္ကေန ထုတ္ကုန္တစ္ခုကိုမွ ထုတ္ျပလာခဲ့ျခင္းေတာ့ မရွိေသးပါဘူး။

ယေန႔မွာ သူတုိ႔ရဲ႕ Weibo အေကာင့္ကေန Teaser ပိုစတာတစ္ခုကို တရားဝင္တင္လာခဲ့ၿပီး ပုိစတာမွာလဲ ဘာအခ်က္အလက္မွေတာ့ မပါေပမယ့္ ေန႔စြဲအျဖစ္ မတ္လ တစ္ရက္ေန႔ကို သတ္မွတ္လာခဲ့ပါတယ္။ ဒါ့အျပင္ “Monster Inside” ဆုိတဲ့ စကားလုံးကို သုံးစြဲလာတာေတြ႕ရၿပီး မိတ္ဆက္ပြဲကို တရုတ္ျပည္ ရွန္းက်န္႔ျပည္နယ္မွာ ျပဳလုပ္သြားမွာပါ။

“Monster Inside” ဆုိတဲ့စကားလုံးက iQOO ထုတ္ကုန္အသစ္အတြက္ တစ္ခုတည္းေသာ သဲလြန္စ ျဖစ္ေနၿပီး သူ႕ရဲ႕အဓိပၸါယ္က စြမ္းေဆာင္ရည္အား အင္မတန္ျမင့္မားတဲ့ စမတ္ဖုန္းတစ္ခုလို႔ ပုံေဖာ္ၾကည့္လို႔ ရႏုိင္ပါတယ္။ သူ႕မွာ မန္မုိရီ 12 GB RAM နဲ႔ 256 GB Storage ပါဝင္လာမယ္ဆုိတာေတာ့ သတင္းထြက္ထားခဲ့ၿပီးသားပါ။

ဒါ့အျပင္ ကုမၸဏီရဲ႕ 50W Super VOOC အားသြင္းစနစ္ၿပီးရင္ ဒုတိယအျမန္ဆုံးလို႔ ဆုိႏုိင္တဲ့ 44W အားအျမန္သြင္းစနစ္ “FlashCharge” လည္း သတင္းေပါက္ၾကားခဲ့ပါေသးတယ္။ Under-display Fingerprint တစ္ခုပါဝင္တာကိုလည္း အရင္ Teaser ထဲမွာ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ မ်က္ႏွာျပင္က AMOLED Display ျဖစ္ဖို႔ မ်ားပါတယ္။

တစ္ခ်ဳိ႕ကေတာ့ Vivo iQOO ဟာ သူတုိ႔ရဲ႕ Foldable ဖုန္းျဖစ္လိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကေပမယ့္ အခုေနာက္ပုိင္းထြက္လာတဲ့ သတင္းေတြအရေတာ့ 4,000 mAh ဝန္းက်င္ ဘကၳရီတစ္ခုနဲ႔ ေက်ာဘက္မွာ ကင္မရာသုံးလုံးပါဝင္တဲ့ Gaming ဟန္းဆက္တစ္ခုလည္း ျဖစ္ႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

တရုတ်အခြေစိုက်ထုတ်လုပ်သူ Vivo ဟာ အခုလအစောပိုင်းမှာ သူတို့ရဲ့ အမှတ်တံဆိပ်ခွဲအဖြစ် iQOO ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှတ်တံဆိပ်သစ်အောက်ကနေ ထုတ်ကုန်တစ်ခုကိုမှ ထုတ်ပြလာခဲ့ခြင်းတော့ မရှိသေးပါဘူး။

ယနေ့မှာ သူတို့ရဲ့ Weibo အကောင့်ကနေ Teaser ပိုစတာတစ်ခုကို တရားဝင်တင်လာခဲ့ပြီး ပိုစတာမှာလဲ ဘာအချက်အလက်မှတော့ မပါပေမယ့် နေ့စွဲအဖြစ် မတ်လ တစ်ရက်နေ့ကို သတ်မှတ်လာခဲ့ပါတယ်။ ဒါ့အပြင် “Monster Inside” ဆိုတဲ့ စကားလုံးကို သုံးစွဲလာတာတွေ့ရပြီး မိတ်ဆက်ပွဲကို တရုတ်ပြည် ရှန်းကျန့်ပြည်နယ်မှာ ပြုလုပ်သွားမှာပါ။

“Monster Inside” ဆိုတဲ့စကားလုံးက iQOO ထုတ်ကုန်အသစ်အတွက် တစ်ခုတည်းသော သဲလွန်စ ဖြစ်နေပြီး သူ့ရဲ့အဓိပ္ပါယ်က စွမ်းဆောင်ရည်အား အင်မတန်မြင့်မားတဲ့ စမတ်ဖုန်းတစ်ခုလို့ ပုံဖော်ကြည့်လို့ ရနိုင်ပါတယ်။ သူ့မှာ မန်မိုရီ 12 GB RAM နဲ့ 256 GB Storage ပါဝင်လာမယ်ဆိုတာတော့ သတင်းထွက်ထားခဲ့ပြီးသားပါ။

ဒါ့အပြင် ကုမ္ပဏီရဲ့ 50W Super VOOC အားသွင်းစနစ်ပြီးရင် ဒုတိယအမြန်ဆုံးလို့ ဆိုနိုင်တဲ့ 44W အားအမြန်သွင်းစနစ် “FlashCharge” လည်း သတင်းပေါက်ကြားခဲ့ပါသေးတယ်။ Under-display Fingerprint တစ်ခုပါဝင်တာကိုလည်း အရင် Teaser ထဲမှာ မြင်တွေ့ခဲ့ရတာကြောင့် မျက်နှာပြင်က AMOLED Display ဖြစ်ဖို့ များပါတယ်။

တစ်ချို့ကတော့ Vivo iQOO ဟာ သူတို့ရဲ့ Foldable ဖုန်းဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးနေကြပေမယ့် အခုနောက်ပိုင်းထွက်လာတဲ့ သတင်းတွေအရတော့ 4,000 mAh ဝန်းကျင် ဘက္ထရီတစ်ခုနဲ့ ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်တဲ့ Gaming ဟန်းဆက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Ref – GSM Arena