[Zawgyi]

မေန႔ကပဲ AnTuTu မွာ iQOO Neo Pro လို႔ ထင္ရတဲ့ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြ ထြက္လာပါတယ္။ အခုေတာ့ iQOO က အဲဒီ စမတ္ဖုန္းကို iQOO Neo 855 လို႔ နာမည္ေပးထားမွာ ျဖစ္ၿပီး တရုတ္ႏုိင္ငံ ေဘဂ်င္းမွာ ၂၄ ရက္ေန႔ မိတ္ဆက္မယ္လို႔ သတင္းေပးလိုက္ပါတယ္။ iQOO က အဲဒီ စမတ္ဖုန္းရဲ႕ Specs ေတြကိုေတာ့ အရိပ္အျမြက္ေတာင္ မေျပာေသးပါဘူး။ ဒါေပမယ့္ နာမည္အရ Qualcomm Snapdragon 855 SoC ပါလာႏုိင္ပါတယ္။ AnTuTu က စာရင္းအရ 8GB RAM , 256GB Storage နဲ႔ 1080p Display ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အရြယ္အစားကိုေတာ့ မသိရေသးပါဘူး။ AnTuTu မွာ ၄၇၇,၀၁၆ မွတ္ရထားၿပီး တျခား Snapdragon 855 Smartphone ေတြထက္ မ်ားေနပါတယ္။

iQOO Neo 855 ဟာ ဂိမ္း အသားေပး စမတ္ဖုန္း ျဖစ္ၿပီး  ကုမၸဏီက တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ အဲဒီ စမတ္ဖုန္းရဲ႕ ဓါတ္ပံုေတြကို တင္ထားပါတယ္။ ဓါတ္ပံုေတြအရ Notched Display နဲ႔ အေနာက္ကင္မရာ ၃ လံုး ပါလာမွာပါ။ ဒီဇိုင္းကေတာ့ Snapdragon 845 ပါတဲ့ iQOO Neo နဲ႔ အရမ္းကို ဆင္တူပါတယ္။ Carbon Fiber Black နဲ႔ Electro-Optic Purple အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

iQOO Neo 855 ရဲ႕ သတင္းအခ်က္အလက္ေတြကို လက္ရွိမွာ ဒီေလာက္ပဲ သိရပါေသးတယ္။ Vivo ရဲ႕ ဂိမ္း အသားေပး စမတ္ဖုန္း ကုမၸဏီခြဲ iQOO က စမတ္ဖုန္း ၄ လံုး ထုတ္လုပ္ေရာင္းခ်ထားပါတယ္။ မူလ ပထမ iQOO ေနာက္မွာ iQOO Neo , iQOO Pro နဲ႔ iQOO Pro 5G ေတြ ထြက္လာပါတယ္။ iQOO Neo 855 ကေတာ့ ငါးလံုးေျမာက္ စမတ္ဖုန္း ျဖစ္လာမွာပါ။

ref : gsmarena

[Unicode]

Vivo iQOO Neo 855 ကို ၂၄ ရက်နေ့မှာ ကြေညာမည်

မနေ့ကပဲ AnTuTu မှာ iQOO Neo Pro လို့ ထင်ရတဲ့ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထွက်လာပါတယ်။ အခုတော့ iQOO က အဲဒီ စမတ်ဖုန်းကို iQOO Neo 855 လို့ နာမည်ပေးထားမှာ ဖြစ်ပြီး တရုတ်နိုင်ငံ ဘေဂျင်းမှာ ၂၄ ရက်နေ့ မိတ်ဆက်မယ်လို့ သတင်းပေးလိုက်ပါတယ်။ iQOO က အဲဒီ စမတ်ဖုန်းရဲ့ Specs တွေကိုတော့ အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ဒါပေမယ့် နာမည်အရ Qualcomm Snapdragon 855 SoC ပါလာနိုင်ပါတယ်။ AnTuTu က စာရင်းအရ 8GB RAM , 256GB Storage နဲ့ 1080p Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားကိုတော့ မသိရသေးပါဘူး။ AnTuTu မှာ ၄၇၇,၀၁၆ မှတ်ရထားပြီး တခြား Snapdragon 855 Smartphone တွေထက် များနေပါတယ်။

iQOO Neo 855 ဟာ ဂိမ်း အသားပေး စမတ်ဖုန်း ဖြစ်ပြီး ကုမ္ပဏီက တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေကို တင်ထားပါတယ်။ ဓါတ်ပုံတွေအရ Notched Display နဲ့ အနောက်ကင်မရာ ၃ လုံး ပါလာမှာပါ။ ဒီဇိုင်းကတော့ Snapdragon 845 ပါတဲ့ iQOO Neo နဲ့ အရမ်းကို ဆင်တူပါတယ်။ Carbon Fiber Black နဲ့ Electro-Optic Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

iQOO Neo 855 ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲ သိရပါသေးတယ်။ Vivo ရဲ့ ဂိမ်း အသားပေး စမတ်ဖုန်း ကုမ္ပဏီခွဲ iQOO က စမတ်ဖုန်း ၄ လုံး ထုတ်လုပ်ရောင်းချထားပါတယ်။ မူလ ပထမ iQOO နောက်မှာ iQOO Neo , iQOO Pro နဲ့ iQOO Pro 5G တွေ ထွက်လာပါတယ်။ iQOO Neo 855 ကတော့ ငါးလုံးမြောက် စမတ်ဖုန်း ဖြစ်လာမှာပါ။

ref : gsmarena