Zawgyi

Vivo ရဲ႕ iQOO အမွတ္တံဆိပ္အသစ္ဟာ တရုတ္ျပည္တြင္းက စမတ္ဖုန္းသုံးစြဲသူေတြအတြက္ အလန္းစား ထုတ္ကုန္ေတြကို ထုတ္လုပ္ေနတာပါ။ ယေန႔မွာေတာ့ TENAA ဝက္ဆုိက္ေပၚမွာ Vivo V1936AL ေမာ္ဒယ္နံပါတ္နဲ႔ ဟန္းဆက္တစ္ခု ေပၚထြက္လာခဲ့ၿပီး iQOO အဖြဲ႕ဝင္အသစ္ျဖစ္မယ္လို႔ ယူဆရပါတယ္။

TENAA ဝက္ဆုိက္ရဲ႕ေဖာ္ျပခ်က္အရ Vivo V1936AL မွာ Waterdrop Notch တစ္ခုနဲ႔ 6.38” လက္မ Display ပါဝင္ပါတယ္။ သူ႕ရဲ႕ေမာ္ဒယ္နံပါတ္အရေတာ့ iQOO Neo အဖြဲ႕ဝင္ျဖစ္မယ္လို႔ ယူဆရၿပီး ကုိယ္ထည္အခ်ဳိး 159.53 x 75.23 x 8.13mm ရွိတာေၾကာင့္ ေတာ္ေတာ္ေလးပါးလႊာတယ္လို႔ ဆုိရမွာပါ။ iQOO Neo 855 မွာလိုပဲ သူ႕ရဲ႕ေနာက္ဘက္မွာ Triple-cam ပါဝင္လာမွာျဖစ္ပါတယ္။

ေလာေလာဆယ္ေတာ့ Vivo V1936AL နဲ႔ပတ္သက္ၿပီး သိထားရသမွ် ဒါအကုန္ပါပဲ။ TENAA ဝက္ဆုိက္ကလည္း က်န္ေသးတဲ့ Specs ေတြကို ေဖာ္ျပမလာေသးပါဘူး။ သူ႕ရဲ႕ကိုယ္ထည္အခ်ဳိးအစားေတြက Neo 855 စမတ္ဖုန္းနဲ႔ တူညီေနတာေၾကာင့္ ဖုန္းအသစ္စက္စက္တစ္လုံးအစား Neo 855 အတြက္ ဗားရွင္းအသစ္လည္း ျဖစ္လာႏုိင္ပါတယ္။

Vivo iQOO Neo 855 စမတ္ဖုန္းကို ေအာက္တုိဘာမွာ မိတ္ဆက္ခဲ့ၿပီး 6/64GB ေမာ္ဒယ္အတြက္ ေစ်းႏႈန္းက ယြမ္ေငြ ၁၉၉၈ (ျမန္မာေငြေလးသိန္းသုံးေသာင္း) သာရွိခဲ့တာပါ။

Ref – Gizmo China

Unicode

Vivo ရဲ့ iQOO အမှတ်တံဆိပ်အသစ်ဟာ တရုတ်ပြည်တွင်းက စမတ်ဖုန်းသုံးစွဲသူတွေအတွက် အလန်းစား ထုတ်ကုန်တွေကို ထုတ်လုပ်နေတာပါ။ ယနေ့မှာတော့ TENAA ဝက်ဆိုက်ပေါ်မှာ Vivo V1936AL မော်ဒယ်နံပါတ်နဲ့ ဟန်းဆက်တစ်ခု ပေါ်ထွက်လာခဲ့ပြီး iQOO အဖွဲ့ဝင်အသစ်ဖြစ်မယ်လို့ ယူဆရပါတယ်။

TENAA ဝက်ဆိုက်ရဲ့ဖော်ပြချက်အရ Vivo V1936AL မှာ Waterdrop Notch တစ်ခုနဲ့ 6.38” လက်မ Display ပါဝင်ပါတယ်။ သူ့ရဲ့မော်ဒယ်နံပါတ်အရတော့ iQOO Neo အဖွဲ့ဝင်ဖြစ်မယ်လို့ ယူဆရပြီး ကိုယ်ထည်အချိုး 159.53 x 75.23 x 8.13mm ရှိတာကြောင့် တော်တော်လေးပါးလွှာတယ်လို့ ဆိုရမှာပါ။ iQOO Neo 855 မှာလိုပဲ သူ့ရဲ့နောက်ဘက်မှာ Triple-cam ပါဝင်လာမှာဖြစ်ပါတယ်။

လောလောဆယ်တော့ Vivo V1936AL နဲ့ပတ်သက်ပြီး သိထားရသမျှ ဒါအကုန်ပါပဲ။ TENAA ဝက်ဆိုက်ကလည်း ကျန်သေးတဲ့ Specs တွေကို ဖော်ပြမလာသေးပါဘူး။ သူ့ရဲ့ကိုယ်ထည်အချိုးအစားတွေက Neo 855 စမတ်ဖုန်းနဲ့ တူညီနေတာကြောင့် ဖုန်းအသစ်စက်စက်တစ်လုံးအစား Neo 855 အတွက် ဗားရှင်းအသစ်လည်း ဖြစ်လာနိုင်ပါတယ်။

Vivo iQOO Neo 855 စမတ်ဖုန်းကို အောက်တိုဘာမှာ မိတ်ဆက်ခဲ့ပြီး 6/64GB မော်ဒယ်အတွက် ဈေးနှုန်းက ယွမ်ငွေ ၁၉၉၈ (မြန်မာငွေလေးသိန်းသုံးသောင်း) သာရှိခဲ့တာပါ။

Ref – Gizmo China