[Zawgyi]





Ref: GSM Arena

[Unicode]

Snapdragon 855+ နဲ့ ထွက်လာဦးမယ့် Vivo iQOO Neo ဟန်းဆက်သစ်

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ TENAA ပေါ်မှာ Vivo IQOO Neo လိုင်းထဲမှာ အဖွဲ့ဝင်သစ်ဖြစ်လာမယ်လို့ ယူဆရတဲ့ ဟန်းဆက်သစ်တစ်ခုကို တွေ့ခဲ့ရပါသေးတယ်။ Waterdrop Notch ပါဝင်ပြီး 6.38-inch မျက်နှာပြင်နဲ့ ဒီဟန်းဆက်ဟာ ကျောဘက်မှာလည်း ကင်မရာသုံးလုံး တပ်ဆင်ထားပါသေးတယ်။

TENAA ပေါ်မှာတွေ့ခဲ့ရတဲ့ ဟန်းဆက်ဟာ မော်ဒယ်နံပါတ် V1936AL ပါ။ အခုလည်း တရုတ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Master Lu ကနေ ဒီဟန်းဆက်ရဲ့ Benchmarked ထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ Benchmarked အရ ဒီဟန်းဆက်ဟာ Sanpdragon 855+ အသုံးပြုထားတာကိုလည်း သိခဲ့ရပါတယ်။

Vivo iQOO Neo ဟာ Snapdragon 845 နဲ့ စတင်ထွက်ပေါ်လာခဲ့တာပါ။ ဒီနောက်၊ သိပ်မကြာခင်အချိန်အတွင်း Neo 855 ဟာ Snapdragon 855 နဲ့အတူ ထွက်လာခဲ့ပြန်ပါတယ်။ အခုတော့ သူတို့ထပ်နောက်တစ်ဆင့်မြင့်တဲ့ iQOO Neo သစ်ဟာ Snapdragon 855+ နဲ့ ထပ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

အခုအချိန်ထိ သိနိုင်တာကတော့ မျက်နှာပြင်ဟာ 2340 X 1080 resolution ဖြစ်ပြီး Refresh rate ကတော့ 2956MHz ဖြစ်မယ်ဆိုတာပါ။ မန်မိုရီက 8GB ဖြစ်တာကိုလည်းတွေ့မြင်ရပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB လို့လည်း သတင်းထွက်ထားပါတယ်။ ဒါ့အပြင် 33W အမြန်အားသွင်းစနစ်လည်း ပါဝင်လာဦးမယ်လို့ သတင်းထွက်ထားပါသေးတယ်။

Ref: GSM Arena