[Zawgyi]

Vivo ဟာ iQOO Neo ကို အဆင့္ျမႇင့္တင္ၿပီး လာမယ့္ ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ ေၾကညာမယ္လို႔ သတင္းထြက္ထားတာပါ။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း iQOO Neo ဟာ Snapdragon 855 နဲ႔ ထြက္လာမယ္လို႔ ကုမၸဏီအေနနဲ႔ အသိေပးခဲ့ပါေသးတယ္။ အခုေတာ့ SoC အဆင့္ျမႇင့္ထားတဲ့ iQOO Neo ကို TENAA မွာေပၚေပါက္လာတာကို ေတြ႕ျမင္လိုက္ရပါၿပီ။

TENAA ကတစ္ဆင့္ iQOO Neo အသစ္ရဲ႕ အဓိကအစိတ္အပိုင္းအခ်ိဳ႕အေၾကာင္းကိုလည္း အတည္ျပဳႏိုင္ခဲ့ပါတယ္။ iQOO Neo 855 ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ ကင္မရာပိုင္းကေတာ့ လက္ရွိ iQOO Neo နဲ႔ တစ္ထပ္တည္းပဲလို႔ ဆိုရမွာပါ။ 6.38-inch မ်က္ႏွာျပင္ျဖစ္ၿပီး ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ထားပါတယ္။

အဆင့္ျမႇင့္တင္လိုက္တဲ့ Snapdragon 855 chipset နဲ႔အတူ Memory 8GB RAM ကို တြဲဖက္ေပးထားပါတယ္။ သိုေလွာင္မႈပမာဏအျဖစ္ 256GB ထည့္သြင္းေပးထားတာကို ေတြ႕ျမင္ရပါတယ္။ ဒါေတြက မူလ Neo နဲ႔ မတူညီတဲ့အခ်က္ေတြပါ။ ဘက္ထရီပမာဏကေတာ့ 4,420mAh ျဖစ္လာပါလိမ့္မယ္။

မူလ iQOO Neo မွာ 22.5 W အျမန္အားသြင္းစနစ္ ပါဝင္ခဲ့ေပမယ့္ အခု အဆင့္ျမႇင့္တင္လိုက္တဲ့ iQOO Neo သစ္မွာေတာ့ 44W အျမန္အားသြင္းစနစ္ ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အေရာင္ေတြကေတာ့ Gold, Black Carbon နဲ႔ Purple gradient ေတြျဖစ္လာဖြယ္ရွိပါတယ္။ ေဈးႏႈန္းကေတာ့ မူလ Neo ရဲ႕ ေဈးႏႈန္းနဲ႔ Pro တို႔ၾကားျဖစ္တဲ့ (၄ သိန္း ၃ ေသာင္းဝန္းက်င္ၾကားနဲ႔ ၆ သိန္း ၈ ေသာင္းဝန္းက်င္ၾကား) မွာပဲ ျဖစ္လာဖြယ္ ရွိပါတယ္။

Ref: GSM Arena

[Unicode]

Snapdragon 855 နဲ့ Vivo iQOO Neo သစ်ကို TENAA မှာ တွေ့မြင်ရပြီ

Vivo ဟာ iQOO Neo ကို အဆင့်မြှင့်တင်ပြီး လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်ထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း iQOO Neo ဟာ Snapdragon 855 နဲ့ ထွက်လာမယ်လို့ ကုမ္ပဏီအနေနဲ့ အသိပေးခဲ့ပါသေးတယ်။ အခုတော့ SoC အဆင့်မြှင့်ထားတဲ့ iQOO Neo ကို TENAA မှာပေါ်ပေါက်လာတာကို တွေ့မြင်လိုက်ရပါပြီ။

TENAA ကတစ်ဆင့် iQOO Neo အသစ်ရဲ့ အဓိကအစိတ်အပိုင်းအချို့အကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ iQOO Neo 855 ရဲ့ မျက်နှာပြင်အရွယ်အစားနဲ့ ကင်မရာပိုင်းကတော့ လက်ရှိ iQOO Neo နဲ့ တစ်ထပ်တည်းပဲလို့ ဆိုရမှာပါ။ 6.38-inch မျက်နှာပြင်ဖြစ်ပြီး ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားပါတယ်။

အဆင့်မြှင့်တင်လိုက်တဲ့ Snapdragon 855 chipset နဲ့အတူ Memory 8GB RAM ကို တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုပမာဏအဖြစ် 256GB ထည့်သွင်းပေးထားတာကို တွေ့မြင်ရပါတယ်။ ဒါတွေက မူလ Neo နဲ့ မတူညီတဲ့အချက်တွေပါ။ ဘက်ထရီပမာဏကတော့ 4,420mAh ဖြစ်လာပါလိမ့်မယ်။

မူလ iQOO Neo မှာ 22.5 W အမြန်အားသွင်းစနစ် ပါဝင်ခဲ့ပေမယ့် အခု အဆင့်မြှင့်တင်လိုက်တဲ့ iQOO Neo သစ်မှာတော့ 44W အမြန်အားသွင်းစနစ် ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ အရောင်တွေကတော့ Gold, Black Carbon နဲ့ Purple gradient တွေဖြစ်လာဖွယ်ရှိပါတယ်။ ဈေးနှုန်းကတော့ မူလ Neo ရဲ့ ဈေးနှုန်းနဲ့ Pro တို့ကြားဖြစ်တဲ့ (၄ သိန်း ၃ သောင်းဝန်းကျင်ကြားနဲ့ ၆ သိန်း ၈ သောင်းဝန်းကျင်ကြား) မှာပဲ ဖြစ်လာဖွယ် ရှိပါတယ်။

Ref: GSM Arena