[Zawgyi]

တ႐ုတ္စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္တဲ့ Vivo ဟာ သူတို႔ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ iQOO အေၾကာင္းကို ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္တုန္းက ေၾကညာခဲ့ပါတယ္။ ဒီတုန္းက iQOO ဆိုတဲ့ အမည္နဲ႔ Teaser ကို ထုတ္ျပခဲ့တာျဖစ္ၿပီး ဒီအမည္ဟာ Vivo ရဲ႕ အမွတ္တံဆိပ္ခြဲ ျဖစ္ေၾကာင္းကိုပဲ ေျပာသြားခဲ့ပါတယ္။

iQOO နဲ႔ပတ္သက္ၿပီး လူအမ်ားစိတ္ဝင္စားခဲ့ၾကတာက Vivo ရဲ႕ Foldable ကို ဒီအမွတ္တံဆိပ္နဲ႔ ထုတ္မွာလား ဆိုတာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့တစ္ပါတ္က ထြက္ေပၚလာတဲ့သတင္းအရ ပထမဦးဆုံး iQOO စမတ္ဖုန္းဟာ Foldable ဖုန္း မဟုတ္ဘဲ Snapdragon 855 သုံး 12GB RAM နဲံ စမတ္ဖုန္းတစ္လုံးလို႔ သိခဲ့ရပါတယ္။

ဒီ SoC နဲ႔ RAM ပမာဏေၾကာင့္ ပထမဆုံး iQOO ဖုန္းဟာ Gaming ဖုန္းတစ္လုံးျဖစ္လာဖြယ္ရွိတယ္လို႔ ေကာက္ခ်က္ခ်ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ iQOO မွာ 44W fast-charging စနစ္ကိုလည္း ေထာက္ပံ့ေပးထားမယ္လို႔ သိရတာေၾကာင့္ ပိုၿပီးအံ့အားသင့္စရာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္က Weibo မွာ ထပ္ေပၚေပါက္လာတဲ့ Teaser မွာေတာ့ “Monster Inside” ဆိုတဲ့ စာသားနဲ႔အတူ မတ္လ ၁ ရက္ေန႔မွာ ပြဲက်င္းပမယ့္ အေၾကာင္းကို သိလိုက္ရပါတယ္။  SD 855, 12GB RAM, 256GB storage, 44W fast-charging, 4,000mAh ေတြနဲ႔ Vivo ရဲ႕ Sub-brand သစ္ဟာ စိန္ေခၚမႈသစ္ေတြနဲ႔ စိတ္ဝင္စားစရာအသစ္ေတြကို ယူေဆာင္လာတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

မတ်လ ၁ ရက်နေ့မှာ တရားဝင်ထွက်ပေါ်လာမယ့် iQOO

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo ဟာ သူတို့ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ iQOO အကြောင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ကြေညာခဲ့ပါတယ်။ ဒီတုန်းက iQOO ဆိုတဲ့ အမည်နဲ့ Teaser ကို ထုတ်ပြခဲ့တာဖြစ်ပြီး ဒီအမည်ဟာ Vivo ရဲ့ အမှတ်တံဆိပ်ခွဲ ဖြစ်ကြောင်းကိုပဲ ပြောသွားခဲ့ပါတယ်။

iQOO နဲ့ပတ်သက်ပြီး လူအများစိတ်ဝင်စားခဲ့ကြတာက Vivo ရဲ့ Foldable ကို ဒီအမှတ်တံဆိပ်နဲ့ ထုတ်မှာလား ဆိုတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပါတ်က ထွက်ပေါ်လာတဲ့သတင်းအရ ပထမဦးဆုံး iQOO စမတ်ဖုန်းဟာ Foldable ဖုန်း မဟုတ်ဘဲ Snapdragon 855 သုံး 12GB RAM နဲံ စမတ်ဖုန်းတစ်လုံးလို့ သိခဲ့ရပါတယ်။

ဒီ SoC နဲ့ RAM ပမာဏကြောင့် ပထမဆုံး iQOO ဖုန်းဟာ Gaming ဖုန်းတစ်လုံးဖြစ်လာဖွယ်ရှိတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် iQOO မှာ 44W fast-charging စနစ်ကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရတာကြောင့် ပိုပြီးအံ့အားသင့်စရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က Weibo မှာ ထပ်ပေါ်ပေါက်လာတဲ့ Teaser မှာတော့ “Monster Inside” ဆိုတဲ့ စာသားနဲ့အတူ မတ်လ ၁ ရက်နေ့မှာ ပွဲကျင်းပမယ့် အကြောင်းကို သိလိုက်ရပါတယ်။  SD 855, 12GB RAM, 256GB storage, 44W fast-charging, 4,000mAh တွေနဲ့ Vivo ရဲ့ Sub-brand သစ်ဟာ စိန်ခေါ်မှုသစ်တွေနဲ့ စိတ်ဝင်စားစရာအသစ်တွေကို ယူဆောင်လာတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: GSMArena