Zawgyi

ၿပီးခဲ့တဲ့လက Vivo ကုမၸဏီဟာ သူတုိ႔လက္ရွိလုပ္ကိုင္ေနတဲ့ ပေရာဂ်က္ေတြ၊ မၾကာခင္ ေစ်းကြက္ထဲ ပို႔ေပးမယ့္ ထုတ္ကုန္အသစ္ေတြနဲ႔ပတ္သက္လုိ႔ အရိပ္အျမြက္ေျပာၾကားခဲ့ပါတယ္။ ေျပာၾကားခ်က္ေတြအရ ကုမၸဏီရဲ႕ ပထမဆုံး 5G စမတ္ဖုန္းကို iQOO အမွတ္တံဆိပ္ေအာက္က ထုတ္လုပ္လာမွာျဖစ္ၿပီး၊ iQOO 5G နာမည္နဲ႔ မိတ္ဆက္မယ္လို႔ သိရပါတယ္။

လက္ရွိကမာၻမွာေရာ တရုတ္ျပည္တြင္းမွာပါ အၿပိဳင္အဆုိင္ျဖစ္ေနတဲ့ 5G စကားလုံးအျပင္ စမတ္ဖုန္း ခ်စ္သူေတြကို ဆြဲေဆာင္ေနတဲ့ ေနာက္ထပ္စကားလုံးတစ္ခုကေတာ့ 120W အားသြင္းစနစ္ ဆုိတာပါပဲ။ ဒီႏွစ္ခုကို အတူတကြ ေပါင္းလိုက္မယ္ဆုိရင္ေတာ့ iQOO ရဲ႕ ပထမဆုံး 5G ဖုန္းဟာ 120W FlashCharge နည္းပညာ အသစ္စက္စက္နဲ႔ ထြက္လာႏုိင္ေျခရွိေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုအင္တာနက္ေပၚမွာ ေပါက္ၾကားလာတဲ့ ပိုစတာတစ္ခုကေတာ့ အားလုံးရဲ႕ ယူဆခ်က္ကို ဇေဝဇဝါျဖစ္ေစခဲ့ပါတယ္။ ဒီပုိစတာထဲမွာ iQOO Plus 5G လို႔အမည္ေပးထားတဲ့ ဖုန္းတစ္လုံး ပါေနၿပီး မၾကာခင္ ထြက္လာမယ့္ iQOO Flagship အတြက္ Plus ဗားရွင္းလား၊ ဒါမွမဟုတ္ 5G ဖုန္းကိုပဲ iQOO Plus 5G လို႔ ေပးမွာလား ေတြးစရာျဖစ္ေနပါတယ္။

အဲ့ဒီပိုစတာေပၚမွာ ဆက္ဖတ္ၾကည့္ရင္ 44W ဆုိတဲ့စကားလုံးကို ရွင္းလင္းစြာေဖာ္ျပထားၿပီး သူ႕ေနာက္မွာ “Ultra Fast FlashCharge” လို႔ဘာသာျပန္ႏုိင္တဲ့ စကားလုံးကိုျမင္ရမွာပါ။ ဒီေတာ့ အခုျမင္ရတဲ့ 5G ဖုန္းမွာ လက္ရွိ Vivo iQOO နဲ႔တူညီတဲ့ အားသြင္းစနစ္သာ ျပန္ပါမယ္လို႔ ယူဆရပါတယ္။

ဒါဆုိရင္ေတာ့ ကၽြန္ေတာ္တုိ႔ ေမွ်ာ္လင့္ေနတဲ့ 120W အားသြင္းစနစ္သစ္ဟာ အနည္းဆုံး ဒီဖုန္းမွာေတာ့ မပါေသးဘူးဆုိတဲ့ သေဘာပါပဲ။ ျမင္ရတဲ့အတုိင္း Plus ေမာ္ဒယ္မွာေတာင္ မပါဘူးဆုိရင္ေတာ့ သာမာန္ Flagship ဗားရွင္းမွာလည္း ပိုေတာင္ မပါႏုိင္ပါဘူး။

ဒါေပမယ့္ အဆုိးေတြခ်ည္းပဲေတာ့လည္း မဟုတ္ပါဘူး။ ပုိစတာပုံထဲမွာ Snapdragon 855+ ခ်စ္ပ္ဆက္ အသစ္စက္စက္ကို ေဖာ္ျပထားသလို 4,500 mAh ဘကၳရီႀကီးလည္း ပါဝင္မွာျဖစ္တယ္။ ဒါကို 8GB RAM နဲ႔ 128GB Storage တုိ႔နဲ႔ ေပါင္းစပ္ထားပါတယ္။

ေနာက္ဆုံးအဓိကအက်ဆုံးျဖစ္တဲ့ ေစ်းႏႈန္းက တရုတ္ယြမ္ေငြ ၄,၄၉၈ (ျမန္မာေငြ ဆယ္သိန္းနီးပါး) က်သင့္တာကို ေတြ႕ရတယ္။ သူ႕ Spec နဲ႔ယွဥ္ရင္ေတာ့ ဒီေစ်းႏႈန္းဟာ သင့္ေတာ္တယ္လို႔ ဆုိရမွာပါ။ ဒီပုံဟာ Leak ပုံရိပ္တစ္ခုသာ ျဖစ္ေသးတာေၾကာင့္လည္း ေလာေလာဆယ္မွာ ထြက္ရွိလာမယ့္ ရက္အပါအဝင္ အျခား Feature ေတြကိုေတာ့ မသိႏုိင္ေသးပါဘူး။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လကမှ Vivo ကုမ္ပဏီဟာ သူတို့လက်ရှိလုပ်ကိုင်နေတဲ့ ပရောဂျက်တွေနဲ့ မကြာခင် ဈေးကွက်ထဲ ပို့ပေးမယ့် ထုတ်ကုန်အသစ်တွေနဲ့ပတ်သက်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို iQOO အမှတ်တံဆိပ်အောက်က ထုတ်လုပ်လာမှာဖြစ်ပြီး iQOO 5G အဖြစ် အမည်ပေးလာမှာ ဖြစ်ကြောင်းလည်း ပါဝင်ခဲ့တယ်။

လက်ရှိကမ္ဘာမှာရော တရုတ်ပြည်တွင်းမှာပါ အပြိုင်အဆိုင်ဖြစ်နေတဲ့ 5G စကားလုံးအပြင် စမတ်ဖုန်း ချစ်သူတွေကို ဆွဲဆောင်နေတဲ့ နောက်ထပ်စကားလုံးတစ်ခုကတော့ 120W အားသွင်းစနစ် ဆိုတာပါပဲ။ ဒီနှစ်ခုကို အတူတကွ ပေါင်းလိုက်မယ်ဆိုရင်တော့ iQOO ရဲ့ ပထမဆုံး 5G ဖုန်းဟာ 120W FlashCharge နည်းပညာ အသစ်စက်စက်နဲ့ ထွက်လာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအင်တာနက်ပေါ်မှာ ပေါက်ကြားလာတဲ့ ပိုစတာတစ်ခုကတော့ အားလုံးရဲ့ ယူဆချက်ကို ဇဝေဇဝါဖြစ်စေခဲ့ပါတယ်။ ဒီပိုစတာထဲမှာ iQOO Plus 5G လို့အမည်ပေးထားတဲ့ ဖုန်းတစ်လုံး ပါနေပြီး မကြာခင် ထွက်လာမယ့် iQOO Flagship အတွက် Plus ဗားရှင်းလား၊ ဒါမှမဟုတ် 5G ဖုန်းကိုပဲ iQOO Plus 5G လို့ ပေးမှာလား တွေးစရာဖြစ်နေပါတယ်။

အဲ့ဒီပိုစတာပေါ်မှာ ဆက်ဖတ်ကြည့်ရင် 44W ဆိုတဲ့စကားလုံးကို ရှင်းလင်းစွာဖော်ပြထားပြီး သူ့နောက်မှာ “Ultra Fast FlashCharge” လို့ဘာသာပြန်နိုင်တဲ့ စကားလုံးကိုမြင်ရမှာပါ။ ဒီတော့ အခုမြင်ရတဲ့ 5G ဖုန်းမှာ လက်ရှိ Vivo iQOO နဲ့တူညီတဲ့ အားသွင်းစနစ်သာ ပြန်ပါမယ်လို့ ယူဆရပါတယ်။

ဒါဆိုရင်တော့ ကျွန်တော်တို့ မျှော်လင့်နေတဲ့ 120W အားသွင်းစနစ်သစ်ဟာ အနည်းဆုံး ဒီဖုန်းမှာတော့ မပါသေးဘူးဆိုတဲ့ သဘောပါပဲ။ မြင်ရတဲ့အတိုင်း Plus မော်ဒယ်မှာတောင် မပါဘူးဆိုရင်တော့ သာမာန် Flagship ဗားရှင်းမှာလည်း ပိုတောင် မပါနိုင်ပါဘူး။

ဒါပေမယ့် အဆိုးတွေချည်းပဲတော့လည်း မဟုတ်ပါဘူး။ ပိုစတာပုံထဲမှာ Snapdragon 855+ ချစ်ပ်ဆက် အသစ်စက်စက်ကို ဖော်ပြထားသလို 4,500 mAh ဘက္ထရီကြီးလည်း ပါဝင်မှာဖြစ်တယ်။ ဒါကို 8GB RAM နဲ့ 128GB Storage တို့နဲ့ ပေါင်းစပ်ထားပါတယ်။

နောက်ဆုံးအဓိကအကျဆုံးဖြစ်တဲ့ ဈေးနှုန်းက တရုတ်ယွမ်ငွေ ၄,၄၉၈ (မြန်မာငွေ ဆယ်သိန်းနီးပါး) ကျသင့်တာကို တွေ့ရတယ်။ သူ့ Spec နဲ့ယှဉ်ရင်တော့ ဒီဈေးနှုန်းဟာ သင့်တော်တယ်လို့ ဆိုရမှာပါ။ ဒီပုံဟာ Leak ပုံရိပ်တစ်ခုသာ ဖြစ်သေးတာကြောင့်လည်း လောလောဆယ်မှာ ထွက်ရှိလာမယ့် ရက်အပါအဝင် အခြား Feature တွေကိုတော့ မသိနိုင်သေးပါဘူး။

Ref – GSM Arena