[Zawgyi]

Vivo ရဲ႕ ဂိမ္း အသားေပး Brand iQOO က ဖုန္း အသစ္ ၂ လံုးကို ေၾကညာလိုက္ပါတယ္။ ၁ လံုးက 4G သာပါၿပီး ေနာက္ ၁ လံုးက 5G ပါပါတယ္။ အျခား Specs ေတြက အမ်ားစု တူၾကပါတယ္။ iQOO Pro နဲ႔ iQOO Pro 5G မွာ ၆.၄၁ လက္မ 1080x2340p Super AMOLED Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အေျချပဳ Vivo Funtouch 9  နဲ႔ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery ေတြ ထည့္ထားပါတယ္။

iQOO Pro (4G) အတြက္ 8/128GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားၿပီး ယြမ္ ၃,၁၉၈ နဲ႔  ၃,၄၉၈ အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ ၆၈၀,၀၀၀ နဲ႔ ၇၅၀,၀၀၀ ေလာက္က်သင့္မွာပါ။ iQOO Pro 5G အတြက္ 8/128GB , 8/256GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားၿပီး ယြမ္ ၃,၇၉၈ ၊ ၃,၉၉၈ နဲ႔ ၄,၀၉၈ အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔ ဆုိရင္ ၈၁၀,၀၀၀ ၊ ၈၅၀,၀၀၀ နဲ႔ ၈၇၀,၀၀၀ ေလာက္ က်သင့္မွာပါ။

4G နဲ႔ 5G Model ၂ လံုးစလံုးအတြက္ Racing Black နဲ႔ Le Mans Blue အေရာင္ေတြ ထုတ္ထားပါတယ္။ 4G Model ကို တရုတ္မွာ ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ဒီလ ၃၀ ရက္မွာ ပို႔ေဆာင္မွာပါ။ 5G Model ကိုလည္း ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ေပမယ့္ စက္တင္ဘာလ ၂ ရက္က်မွ ပို႔ေဆာင္မွာပါ။

Ref : gsmarena

[Unicode]

Snapdragon 855+ နဲ့ 44W Fast Charging ပါတဲ့ Vivo iQOO Pro နဲ့ iQOO Pro 5G ကို ကြေညာပြီ

Vivo ရဲ့ ဂိမ်း အသားပေး Brand iQOO က ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ ၁ လုံးက 4G သာပါပြီး နောက် ၁ လုံးက 5G ပါပါတယ်။ အခြား Specs တွေက အများစု တူကြပါတယ်။ iQOO Pro နဲ့ iQOO Pro 5G မှာ ၆.၄၁ လက်မ 1080x2340p Super AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အခြေပြု Vivo Funtouch 9 နဲ့ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery တွေ ထည့်ထားပါတယ်။

iQOO Pro (4G) အတွက် 8/128GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး ယွမ် ၃,၁၉၈ နဲ့ ၃,၄၉၈ အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၆၈၀,၀၀၀ နဲ့ ၇၅၀,၀၀၀ လောက်ကျသင့်မှာပါ။ iQOO Pro 5G အတွက် 8/128GB , 8/256GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး ယွမ် ၃,၇၉၈ ၊ ၃,၉၉၈ နဲ့ ၄,၀၉၈ အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ၈၁၀,၀၀၀ ၊ ၈၅၀,၀၀၀ နဲ့ ၈၇၀,၀၀၀ လောက် ကျသင့်မှာပါ။

4G နဲ့ 5G Model ၂ လုံးစလုံးအတွက် Racing Black နဲ့ Le Mans Blue အရောင်တွေ ထုတ်ထားပါတယ်။ 4G Model ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၃၀ ရက်မှာ ပို့ဆောင်မှာပါ။ 5G Model ကိုလည်း ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပေမယ့် စက်တင်ဘာလ ၂ ရက်ကျမှ ပို့ဆောင်မှာပါ။

Ref : gsmarena