Zawgyi

အခ်ိန္တိုအတြင္းမွာ တုိးတက္လာတဲ့ မုိဘုိင္းဂိမ္းေလာကကို ဖုန္းထုတ္လုပ္သူေတြ တစ္ေယာက္ၿပီး တစ္ေယာက္ မ်က္စိက်လာတဲ့အခ်ိန္မွာ Vivo ဟာ သူတုိ႔ရဲ႕ IQOO Youth Edition ဖုန္းအသစ္ကို ထပ္မံ မိတ္ဆက္ၿပီး အခြင့္ေကာင္းယူဖို႔ ျပင္ဆင္လာျပန္ပါတယ္။

တရုတ္ဆုိရွယ္မီဒီယာ Weibo ေပၚက ပုိစတာႏွစ္ခုအရ ဒီဖုန္းမွာ Snapdragon 845 ခ်စ္ပ္ဆက္၊ 128GB Storage နဲ႔ 4,000 mAh ဘကၳရီတုိ႔ ပါဝင္လာမယ္လို႔ သိခြင့္ရခဲ့ပါတယ္။ ဒါ့အျပင္ မၾကာခင္မွာ မိတ္ဆက္လာေတာ့မယ္လို႔ ယူဆရတဲ့ ဖုန္းဟာ သူ႕ရဲ႕မူရင္းဗားရွင္းလိုမဟုတ္ဘဲ ေစ်းကလည္း ၁,၉၉၈ ယြမ္ (ျမန္မာေငြ ေလးသိန္းေလးေသာင္းခန္႔) သာ က်သင့္မွာျဖစ္ပါတယ္။

Geekbench ေပၚမွာလည္း Vivo V1914A အမည္နဲ႔ ထြက္ေပၚလာတဲ့ဖုန္းဟာ ပုိစတာထဲမွာ ေဖာ္ျပထားတဲ့ Specs ေတြအတုိင္းျဖစ္ေနခဲ့တာေၾကာင့္ IQOO Youth Edition အမည္နဲ႔ထြက္လာမယ့္ ဟန္းဆက္ပဲလို႔ ယူဆရပါတယ္။ Geekbench ေပၚက အခ်က္အလက္ေတြအရေတာ့ ဒီဖုန္းမွာ 6GB RAM မန္မုိရီနဲ႔ Android Pie တုိ႔ပါ သုံးစြဲလာမယ္ဆုိတာ ထပ္သိရပါတယ္။

ေနာက္ပိုစတာတစ္ခုမွာေတာ့ ဒီဖုန္းကိုပဲ ေဖာ္ျပလာေပမယ့္ Snapdragon 710 ကိုအစားထိုးသုံးစြဲထားၿပီး ေစ်းႏႈန္းကလည္း အနည္းငယ္ပိုနည္းတဲ့ တရုတ္ယြမ္ေငြ ၁,၇၉၈ (ျမန္မာေငြ ေလးသိန္းနီးပါး) သာ က်သင့္တာကို ျမင္ရပါတယ္။ ဒါေၾကာင့္ IQOO Youth Edition ဟာ ႏွစ္မ်ဳိးထြက္လာဖို႔ ရွိမလား၊ ပုိစတာတစ္ခုက အတုလား ဆုိတာကို မၾကာခင္ျမင္ေတြ႕ရေတာ့မွာပါ။ ေလးသိန္းပတ္ဝန္းက်င္ေလာက္နဲ႔ Gaming အသားေပး စမတ္ဖုန္း တစ္ခုထြက္လာမယ္ ဆုိရင္ေတာ့ ေတာ္ေတာ္ေလးကို ေမွ်ာ္လင့္ခ်င္စရာပါပဲ။

Ref – GSM Arena

Unicode

အချိန်တိုအတွင်းမှာ တိုးတက်လာတဲ့ မိုဘိုင်းဂိမ်းလောကကို ဖုန်းထုတ်လုပ်သူတွေ တစ်ယောက်ပြီး တစ်ယောက် မျက်စိကျလာတဲ့အချိန်မှာ Vivo ဟာ သူတို့ရဲ့ IQOO Youth Edition ဖုန်းအသစ်ကို ထပ်မံ မိတ်ဆက်ပြီး အခွင့်ကောင်းယူဖို့ ပြင်ဆင်လာပြန်ပါတယ်။

တရုတ်ဆိုရှယ်မီဒီယာ Weibo ပေါ်က ပိုစတာနှစ်ခုအရ ဒီဖုန်းမှာ Snapdragon 845 ချစ်ပ်ဆက်၊ 128GB Storage နဲ့ 4,000 mAh ဘက္ထရီတို့ ပါဝင်လာမယ်လို့ သိခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် မကြာခင်မှာ မိတ်ဆက်လာတော့မယ်လို့ ယူဆရတဲ့ ဖုန်းဟာ သူ့ရဲ့မူရင်းဗားရှင်းလိုမဟုတ်ဘဲ ဈေးကလည်း ၁,၉၉၈ ယွမ် (မြန်မာငွေ လေးသိန်းလေးသောင်းခန့်) သာ ကျသင့်မှာဖြစ်ပါတယ်။

Geekbench ပေါ်မှာလည်း Vivo V1914A အမည်နဲ့ ထွက်ပေါ်လာတဲ့ဖုန်းဟာ ပိုစတာထဲမှာ ဖော်ပြထားတဲ့ Specs တွေအတိုင်းဖြစ်နေခဲ့တာကြောင့် IQOO Youth Edition အမည်နဲ့ထွက်လာမယ့် ဟန်းဆက်ပဲလို့ ယူဆရပါတယ်။ Geekbench ပေါ်က အချက်အလက်တွေအရတော့ ဒီဖုန်းမှာ 6GB RAM မန်မိုရီနဲ့ Android Pie တို့ပါ သုံးစွဲလာမယ်ဆိုတာ ထပ်သိရပါတယ်။

နောက်ပိုစတာတစ်ခုမှာတော့ ဒီဖုန်းကိုပဲ ဖော်ပြလာပေမယ့် Snapdragon 710 ကိုအစားထိုးသုံးစွဲထားပြီး ဈေးနှုန်းကလည်း အနည်းငယ်ပိုနည်းတဲ့ တရုတ်ယွမ်ငွေ ၁,၇၉၈ (မြန်မာငွေ လေးသိန်းနီးပါး) သာ ကျသင့်တာကို မြင်ရပါတယ်။ ဒါကြောင့် IQOO Youth Edition ဟာ နှစ်မျိုးထွက်လာဖို့ ရှိမလား၊ ပိုစတာတစ်ခုက အတုလား ဆိုတာကို မကြာခင်မြင်တွေ့ရတော့မှာပါ။ လေးသိန်းပတ်ဝန်းကျင်လောက်နဲ့ Gaming အသားပေး စမတ်ဖုန်း တစ်ခုထွက်လာမယ် ဆိုရင်တော့ တော်တော်လေးကို မျှော်လင့်ချင်စရာပါပဲ။

Ref – GSM Arena