ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ MediaTek ဟာ သူတို့ရဲ့ချစ်ပ်ဆက်အသစ် Dimensity 1000+ ကို မိတ်ဆက်ခဲ့ပြီး ဒီချစ်ပ်ဆက်ကို အသုံးပြုမယ့် ပထမဆုံးဖုန်းက Vivo iQOO မိသားစုဝင်ထဲကဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အဆိုပါဖုန်းကတော့ iQOO Z1 ပဲဖြစ်ပြီး လာမယ့်မေလ ၁၉ ရက်နေ့မှာ မိတ်ဆက်ဖို့ ယနေ့မှာ တရားဝင်အတည်ပြုလာခဲ့ပါပြီ။

Vivo ရဲ့အတည်ပြုချက်နဲ့အတူ iQOO Z1 ဖုန်းရဲ့ ပုံရိပ်လည်း Leak ဖြစ်လာခဲ့ပြီး ဖုန်းရဲ့ ပကတိပုံကို ပြသလာခဲ့ပါတယ်။ ပုံထဲမှာ iQOO Z1 ရဲ့ရှေ့ဘက်မှာ Punch-hole တစ်ခုပါဝင်ပြီး 144Hz Refresh Rate နဲ့ Display ပါဝင်မယ်လို့လည်း ဖော်ပြနိုင်ခဲ့ပါတယ်။

144Hz Refresh Rate ကတော့ Vivo ကုမ္ပဏီကလည်း ပြောထားတဲ့အတွက် အထူးအံ့သြစရာမလိုပါဘူး။ iQOO အမှတ်တံဆိပ်ဟာ ကုမ္ပဏီရဲ့ Gaming နဲ့စွမ်းဆောင်ရည်အသားပေးအမှတ်တံဆိပ်ခွဲဖြစ်တာကြောင့် Z1 လို Mid-range ဖုန်းမှာတောင် အမြင့်ဆုံး Refresh Rate တစ်ခုကို မြင်ရဖို့က အခွင့်အရေးရှိနေတာပါ။

ကျန်တဲ့ Specs တွေကိုတော့ မသိရသေးပေမယ့် Display က LCD အမျိုးအစားဖြစ်ပြီး Fingerprint ကိုလည်း လက်ရှိ Trend လိုမျိုး ဘေးဘက်မှာပဲမြင်ရဖို့ များပါတယ်။ Vivo iQOO Z1 မှာ 5G သုံးစွဲနိုင်စွမ်းလည်း ပါဝင်မှာပါ။

Ref – GSMArena