လက်ရှိ Smartwatch စျေးကွက်ကို Apple ကနေ Apple Watch Series နဲ့ပဲ ဦးဆောင်နေတာဖြစ်ပါတယ်။ တခြား Android စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာဆိုရင် Samsung နဲ့ Huawei လိုမျိုး ကုမ္ပဏီတွေပဲ Apple Watch နဲ့ ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့ Smartwatch တွေကို ထုတ်လုပ်နိုင်တယ်လို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာ Xiaomi ၊ OPPO နဲ့ realme လိုမျိုး ကုမ္ပဏီတွေကပါ Fitness Tracker အပြင် Smartwatch စျေးကွက်ကိုပါ ကူးပြောင်းလာနေပြီဖြစ်ပါတယ်။ Xiaomi ဆိုရင်လည်း လက်ရှိအချိန်မှာ Mi Watch အပြင် မကြာသေးခင်ကမှ Xiaomi Watch COOLOR ကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။

အခုလည်း Vivo ကနေ ကိုယ်ပိုင် Smartwatch အသစ်ကို မကြာခင်မှာမိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးတုန်းကတော့ Vivo ကနေ ကုမ္ပဏီရဲ့ Innovation Day Event မှာ Smartwatch ထုတ်လုပ်မှုတွေအတွက် စတင်စမ်းသပ်မှုတွေပြုလုပ်နေပြီဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။

Chinese Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station ကတော့ Weibo စာမျက်နှာမှာ Vivo ကနေ ပထမဆုံး Smartwatch ထုတ်လုပ်မှုတွေကို စတင်နေပြီဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Vivo Smartwatch မှာပါဝင်လာမယ့် Feature တွေအပြင် Design ပိုင်းအသေးစိတ်ကိုတော့ မသိရှိခဲ့ရပါဘူး။ ဖြစ်နိုင်တာကတော့ အခုနောက်ပိုင်း Smartwatch တွေလိုမျိုးပဲ Curved OLED Display ၊ ECG Function အပြင် Android WearOS နဲ့ ပွဲထွက်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Smartwatch တွေကို ထုတ်လုပ်မှုများပြားလာတာက Android စမတ်ဖုန်းသုံးစွဲသူတွေအတွက်တေ့ာ ရွေးချယ်စရာပိုများလာတဲ့အတွက် သတင်းကောင်းတစ်ခုလို့ပြောရမှာပါ။

Ref – Gizmo China