[Zawgyi]




Ref : gizmochina

[Unicode]

Vivo က တရုတ်မှာ Power Bank ၂ လုံး မိတ်ဆက်

Vivo က မိခင်နိုင်ငံ တရုတ်မှာ Power Bank အသစ် ၂ လုံး မိတ်ဆက်လိုက်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နောက်လ ၁ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ပါတယ်။ Vivo Two-Way Flash Charging Power Bank ကို ၂၂၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သောင်းလောက် ရှိပါတယ်။ အဲဒီ Power Bank မှာ 10,000mAh Battery ပါပြီး 22.5W Flash Charging ကို ထောက်ပံ့ထားပါတယ်။ Bi-Directional Fast Charging ဖြစ်ပြီး USB Type-C နဲ့ microUSB Port ၂ ခု ပါပါတယ်။ အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။

Vivo က 22.5W Fast Charging ပါတဲ့ Power Bank အပြင် နောက်ထပ် Power Bank အသစ် ၁ လုံးကိုလည်း ပြသလိုက်ပါတယ်။ 18W Two-way Fast Charging ပါပြီး အနက်နဲ့ အဖြူရောင်တွေ ရွေးချယ်နိုင်ပါတယ်။ ၁၅၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သောင်းကျော်လောက်ရှိပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ပါတယ်။

Power Bank အသစ် ၂ လုံးစလုံးမှာ လုံခြုံရေး အလွှာ ၁၃ ထပ် ပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒီဇိုင်းက ရိုးရှင်း လှပပါတယ်။ Ports တွေ အားလုံးကို ထိပ်ဖက်မှာ တပ်ဆင်ထားပြီး ညာဘက်မှာ ခလုတ် ၁ ခု ပါပါတယ်။ 22.5W Power Bank မှာ Texture ပါပြီး အရောင် ဒီဇိုင်းက မိုက်ပါတယ်။ 18W Power Bank ရဲ့ Texture ကလည်း လှပပါတယ်။

Ref : gizmochina