[Zawgyi]

Vivo ဟာ မၾကာမီထြက္ရွိလာေတာ့မယ့္ Product အသစ္တစ္ခု စတင္မိတ္ဆက္ျခင္း မျပဳမီမွာပဲ၊ သူတို႔ရဲ႕ Company Logo နဲ႔ Brand Color ကို အနည္းငယ္ ေျပာင္းလဲမႈ ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါဒီဇိုင္းကိုေတာ့ နာမည္ေက်ာ္ ဒီဇိုင္နာတစ္ဦးျဖစ္တဲ့ Bo Linnemann က ဖန္တီးေပးခဲ့တာျဖစ္ၿပီး Logo အသစ္မွာဆိုရင္ ႐ိုးရွင္းတဲ႔ မ်ဥ္းေတြနဲ႔အတူ ေထာင့္ေတြဟာ ပိုၿပီးခြ်န္သြားတာကို ေတြ႔ရမွာပါ။ ဒါဟာ Vivo ကုမၸဏီရဲ႕ အေရွ႕သို႔ ဆက္လက္ခ်ီတက္ျခင္းဆိုတဲ့ စိတ္ဓါတ္ကို ပိုမိုေပၚလြင္ေစရန္ ရည္ရြယ္တယ္လို႔လည္း ဆိုထားပါေသးတယ္။


Logo အျပင္ ေနာက္ခံအျပာေရာင္ကိုလည္း ေျပာင္းလဲထားၿပီး ယခင္အျပာႏုေရာင္ထက္ အနည္းငယ္ပိုရင့္တဲ့ အေရာင္ဘက္ သြားထားတာကို ေတြ႔ရၿပီး Digital Display ေတြမွာ ေပၚမိုေပၚလြင္ထင္ရွားေစရန္ ရည္ရြယ္တယ္လို႔ သံုးသပ္ရပါတယ္။ အေရာင္သစ္ကိုေတာ့ Vivo Blue ဆိုၿပီး ေခၚေဝၚ သံုးစြဲထားတာကို ေတြ႔ရမွာပါ။

ဒီဇိုင္းအသစ္နဲ႔ ေနာက္ခံအေရာင္အသစ္ဟာ သာမာန္ အျမင္အားျဖင့္ေတာ့ အရမ္းႀကီးကြာျခားမႈမရွိေပမယ့္ ပံုစံအသစ္ကေတာ့ အနည္းငယ္ပိုၿပီး ဆြဲေဆာင္မႈရွိသလိုပါပဲ။ ျပည္တြင္းမွာေတာ့ လာမယ့္ Product အသစ္နဲ႔အတူ စတင္အသံုးျပဳသြားမွာျဖစ္ၿပီး ဘယ္ Product ထြက္ရွိလာမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

[Unicode]

“Logo ပုံစံနဲ့ Brand အရောင်ကို အနည်းငယ်ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့တဲ့ Vivo”

Vivo ဟာ မကြာမီထွက်ရှိလာတော့မယ့် Product အသစ်တစ်ခု စတင်မိတ်ဆက်ခြင်း မပြုမီမှာပဲ၊ သူတို့ရဲ့ Company Logo နဲ့ Brand Color ကို အနည်းငယ် ပြောင်းလဲမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဒီဇိုင်းကိုတော့ နာမည်ကျော် ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Bo Linnemann က ဖန်တီးပေးခဲ့တာဖြစ်ပြီး Logo အသစ်မှာဆိုရင် ရိုးရှင်းတဲ့ မျဉ်းတွေနဲ့အတူ ထောင့်တွေဟာ ပိုပြီးချွန်သွားတာကို တွေ့ရမှာပါ။ ဒါဟာ Vivo ကုမ္ပဏီရဲ့ အရှေ့သို့ ဆက်လက်ချီတက်ခြင်းဆိုတဲ့ စိတ်ဓါတ်ကို ပိုမိုပေါ်လွင်စေရန် ရည်ရွယ်တယ်လို့လည်း ဆိုထားပါသေးတယ်။

Logo အပြင် နောက်ခံအပြာရောင်ကိုလည်း ပြောင်းလဲထားပြီး ယခင်အပြာနုရောင်ထက် အနည်းငယ်ပိုရင့်တဲ့ အရောင်ဘက် သွားထားတာကို တွေ့ရပြီး Digital Display တွေမှာ ပေါ်မိုပေါ်လွင်ထင်ရှားစေရန် ရည်ရွယ်တယ်လို့ သုံးသပ်ရပါတယ်။ အရောင်သစ်ကိုတော့ Vivo Blue ဆိုပြီး ခေါ်ဝေါ် သုံးစွဲထားတာကို တွေ့ရမှာပါ။

ဒီဇိုင်းအသစ်နဲ့ နောက်ခံအရောင်အသစ်ဟာ သာမာန် အမြင်အားဖြင့်တော့ အရမ်းကြီးကွာခြားမှုမရှိပေမယ့် ပုံစံအသစ်ကတော့ အနည်းငယ်ပိုပြီး ဆွဲဆောင်မှုရှိသလိုပါပဲ။ ပြည်တွင်းမှာတော့ လာမယ့် Product အသစ်နဲ့အတူ စတင်အသုံးပြုသွားမှာဖြစ်ပြီး ဘယ် Product ထွက်ရှိလာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။