[Zawgyi]

Vivo ဟာ NEX နဲ႔ Pop-up Selfie Camera နဲ႔ Notch မပါတဲ့ မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းကို ထုတ္လုပ္ခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီေနာက္ သိပ္မၾကာခင္မွာပဲ Oppo Find X ကလည္း Pop-up Camera ေတြနဲ႔အတူ ထြက္ေပၚလာခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ZTE nubia X က မ်က္ႏွာျပင္ႏွစ္ခုနဲ႔အတူ ပြဲထြက္လာခဲ့ျပန္ပါတယ္။

Notch မပါဘဲ လုံးဝကို Bezel-less ျဖစ္ေအာင္လို႔ အားထုတ္ေနၾကပုံေတြကေတာ့ တျဖည္းျဖည္း အဆင့္ျမင့္လာၾက ပါၿပီ။ အခုေတာ့ Vivo NEX 2 ဟာ မ်က္ႏွာျပင္ႏွစ္ခုပါတဲ့ ပုံစံနဲ႔ ထြက္လာျပန္ပါတယ္။ Vivo အေနနဲ႔ မ်က္ႏွာျပင္ျပည့္အျပင္ မ်က္ႏွာျပင္ႏွစ္ခုပါတဲ့ ဒီဇိုင္းကို ႀကိဳက္ႏွစ္သက္ပုံရပါတယ္။

Weibo မွာ ထြက္ေပၚလာခဲ့တဲ့ ဒီ႐ုပ္ပုံေတြက တရားဝင္မဟုတ္ေပမယ့္ အစစ္အမွန္လို႔ လက္ခံႏိုင္စရာ ျဖစ္ပါတယ္။ NEX 2 ရဲ႕ေက်ာဘက္မွာ ကင္မရာ သုံးလုံးတပ္ဆင္ထားတယ္လို႔လည္း ယူဆရပါတယ္။ အကယ္၍သာ ဒီပုံက အစစ္အမွန္ျဖစ္ခဲ့မယ္ဆိုရင္ ဒုတိယမ်က္ႏွာျပင္ ထည့္သြင္းလိုက္တဲ့အတြက္ Selfie ကင္မရာကို ထည့္သြင္းစရာ မလိုေတာ့ဘူး ျဖစ္ပါတယ္။

မ်က္ႏွာျပင္ႏွစ္ခု ထားလိုက္ျခင္းအားျဖင့္ Selfie ႐ိုက္သူေတြအတြက္လည္း ပိုအဆင္ေျပသြားသလို အေနာက္ကင္မရာနဲ႔ပဲ ဓါတ္ပုံ႐ိုက္လိုသူေတြအတြက္လည္း အရင္အတိုင္း အဆင္ေျပေျပ႐ိုက္လို႔ရသြားတဲ့အျပင္ မ်က္ႏွာျပင္လည္း ပိုၿပီးက်ယ္ျပန႔္လာတဲ့ အက်ိဳးေက်းဇူးကို ရရွိႏိုင္ပါတယ္။

NEX 2 ရဲ႕ Specs ေတြကို ေျပာဖို႔က ေစာေသးတယ္ဆိုေပမယ့္ အနည္းဆုံးေတာ့ Snapdragon 845 chipset, 8GB RAM နဲ႔ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဓိက မ်က္ႏွွာျပင္ဟာ 6.59-inch AMOLED ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။

 

Ref: GSMarena

 

[Unicode]

Vivo ဟာ NEX နဲ့ Pop-up Selfie Camera နဲ့ Notch မပါတဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ Oppo Find X ကလည်း Pop-up Camera တွေနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ZTE nubia X က မျက်နှာပြင်နှစ်ခုနဲ့အတူ ပွဲထွက်လာခဲ့ပြန်ပါတယ်။

Notch မပါဘဲ လုံးဝကို Bezel-less ဖြစ်အောင်လို့ အားထုတ်နေကြပုံတွေကတော့ တဖြည်းဖြည်း အဆင့်မြင့်လာကြ ပါပြီ။ အခုတော့ Vivo NEX 2 ဟာ မျက်နှာပြင်နှစ်ခုပါတဲ့ ပုံစံနဲ့ ထွက်လာပြန်ပါတယ်။ Vivo အနေနဲ့ မျက်နှာပြင်ပြည့်အပြင် မျက်နှာပြင်နှစ်ခုပါတဲ့ ဒီဇိုင်းကို ကြိုက်နှစ်သက်ပုံရပါတယ်။

Weibo မှာ ထွက်ပေါ်လာခဲ့တဲ့ ဒီရုပ်ပုံတွေက တရားဝင်မဟုတ်ပေမယ့် အစစ်အမှန်လို့ လက်ခံနိုင်စရာ ဖြစ်ပါတယ်။ NEX 2 ရဲ့ကျောဘက်မှာ ကင်မရာ သုံးလုံးတပ်ဆင်ထားတယ်လို့လည်း ယူဆရပါတယ်။ အကယ်၍သာ ဒီပုံက အစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဒုတိယမျက်နှာပြင် ထည့်သွင်းလိုက်တဲ့အတွက် Selfie ကင်မရာကို ထည့်သွင်းစရာ မလိုတော့ဘူး ဖြစ်ပါတယ်။

မျက်နှာပြင်နှစ်ခု ထားလိုက်ခြင်းအားဖြင့် Selfie ရိုက်သူတွေအတွက်လည်း ပိုအဆင်ပြေသွားသလို အနောက်ကင်မရာနဲ့ပဲ ဓါတ်ပုံရိုက်လိုသူတွေအတွက်လည်း အရင်အတိုင်း အဆင်ပြေပြေရိုက်လို့ရသွားတဲ့အပြင် မျက်နှာပြင်လည်း ပိုပြီးကျယ်ပြန့်လာတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။

NEX 2 ရဲ့ Specs တွေကို ပြောဖို့က စောသေးတယ်ဆိုပေမယ့် အနည်းဆုံးတော့ Snapdragon 845 chipset, 8GB RAM နဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ အဓိက မျက်နှှာပြင်ဟာ 6.59-inch AMOLED ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSMarena