[Zawgyi]

Vivo NEX 2 ဟာ မ်က္ႏွာျပင္ႏွစ္ဘက္ပါၿပီး ေက်ာဘက္မွာ Lunar Ring နဲ႔အတူ ကင္မရာ ၃ လုံး (၄ လုံး ပါဝင္လာမယ့္ မူကြဲလည္း ရွိလာႏိုင္) ပါဝင္လာမယ့္ အေၾကာင္းေတြကို ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။ အခု ထပ္ၿပီးသိခဲ့ရတာက Vivo NEX 2 ဟာ 10GB of RAM ျဖစ္ဖြယ္ရွိၿပီး Snapdragon 845 chipset ကို အသုံးျပဳထားတယ္ ဆိုတာပဲ ျဖစ္ပါတယ္။

သတင္းအခ်က္အလက္ေတြကေတာ့ Geekbench စာရင္းမွာ vivo V1821A အျဖစ္ ေတြ႕ျမင္ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေသခ်ာတဲ့ သတင္းအခ်က္အလက္လို႔ ဆိုရမွာပါ။ ဒါ့အျပင္ Vivo NEX 2 ရဲ႕ OS ဟာ Android 9 Pie ျဖစ္ပါလိမ့္မယ္။ ဒါဟာ Vivo ရဲ႕စမတ္ဖုန္းေတြထဲမွာ Android ရဲ႕ ေနာက္ဆုံး Software သုံးထားတဲ့ ပထမဦးဆုံး ဖုန္းျဖစ္လာပါလိမ့္မယ္။

အျခားသတင္းတစ္ခုကေတာ့ ကင္မရာ ၃ လုံးထဲက အဓိက ကင္မရာတစ္လုံးဟာ Apearture ultra-fast အျဖစ္ f/1.3 ျဖစ္တယ္လို႔ ဆိုလာတာပါ။ ဒါေၾကာင့္ Vivo NEX 2 မွာေတာ့ အပါခ်ာက်ယ္က်ယ္နဲ႔ ဓါတ္ပုံေကာင္းေတြ ႐ိုက္ကူးႏိုင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ကင္မရာ ၄ လုံးတပ္ဆင္ထားတဲ့ ႐ုပ္ပုံေတြလည္း ေတြ႕ရေသးတာေၾကာင့္ ဒီသတင္းကို ထပ္ၿပီးျပည့္စုံဖို႔ ေစာင့္ဆိုင္းရဦးမွာပါ။

မ်က္ႏွာျပင္နဲ႔ပတ္သက္လို႔ကေတာ့ ေကာလာဟလအဆင့္မွာပဲ ရွိပါေသးတယ္။ အဓိကမ်က္ႏွာျပင္က 6.59-inch ရွိတယ္လို႔ ဆိုပါတယ္။ ေနာက္တစ္ခ်က္က Screen Sound Casting Tech ကို အသုံးျပဳထားတယ္ဆိုတာပါပဲ။ (Vivo NEX first-gen အတိုင္း) ဒါေၾကာင့္ ဖုန္းေျပာတဲ့အခါ နားေထာင္ရမယ့္ စပီကာေပါက္ မပါဝင္ေတာ့ဘဲ အသံေတြက မ်က္ႏွာျပင္ကတစ္ဆင့္ ၾကားရမွာ ျဖစ္ပါတယ္။ ဒုတိယမ်က္ႏွာျပင္ (ေက်ာဘက္မ်က္ႏွာျပင္) ကေတာ့ 5.5-inch ရွိတယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ႏွစ္ဘက္ ေျပာင္းပုံကေတာ့ လက္သုံးေခ်ာင္းကို အသုံးျပဳတဲ့ Gesture နဲ႔ ေျပာင္းတာျဖစ္ပါတယ္။

ဘက္ထရီပိုင္းကေတာ့ ထင္သေလာက္ အားရဖြယ္ မရွိဘူးလို႔ ၾကားသိရပါတယ္။ ပမာဏအတိအက်ေတာ့ မသိရေသးပါဘူး။ မ်က္ႏွာျပင္ႏွစ္ခု ျဖစ္တာေၾကာင့္ ေနရာအခက္အခဲရွိသြားၿပီး ဘက္ထရီပိုင္းလည္း ေလ်ာ့နည္းသြားတာ ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ ထြက္လာတဲ့ သတင္းက မမွန္တာလည္း ျဖစ္ႏိုင္ပါတယ္။ Vivo NEX 2 အေၾကာင္းကို လာမယ့္ ဒီဇင္ဘာ ၁၁ ရက္ေန႔ေလာက္မွာ တရားဝင္ ထုတ္ျပန္ မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

 

Ref: GSMarena

 

[Unicode]

Vivo NEX 2 ဟာ မျက်နှာပြင်နှစ်ဘက်ပါပြီး ကျောဘက်မှာ Lunar Ring နဲ့အတူ ကင်မရာ ၃ လုံး (၄ လုံး ပါဝင်လာမယ့် မူကွဲလည်း ရှိလာနိုင်) ပါဝင်လာမယ့် အကြောင်းတွေကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခု ထပ်ပြီးသိခဲ့ရတာက Vivo NEX 2 ဟာ 10GB of RAM ဖြစ်ဖွယ်ရှိပြီး Snapdragon 845 chipset ကို အသုံးပြုထားတယ် ဆိုတာပဲ ဖြစ်ပါတယ်။

သတင်းအချက်အလက်တွေကတော့ Geekbench စာရင်းမှာ vivo V1821A အဖြစ် တွေ့မြင်ရတာဖြစ်ပါတယ်။ ဒါကြောင့် သေချာတဲ့ သတင်းအချက်အလက်လို့ ဆိုရမှာပါ။ ဒါ့အပြင် Vivo NEX 2 ရဲ့ OS ဟာ Android 9 Pie ဖြစ်ပါလိမ့်မယ်။ ဒါဟာ Vivo ရဲ့စမတ်ဖုန်းတွေထဲမှာ Android ရဲ့ နောက်ဆုံး Software သုံးထားတဲ့ ပထမဦးဆုံး ဖုန်းဖြစ်လာပါလိမ့်မယ်။

အခြားသတင်းတစ်ခုကတော့ ကင်မရာ ၃ လုံးထဲက အဓိက ကင်မရာတစ်လုံးဟာ Apearture ultra-fast အဖြစ် f/1.3 ဖြစ်တယ်လို့ ဆိုလာတာပါ။ ဒါကြောင့် Vivo NEX 2 မှာတော့ အပါချာကျယ်ကျယ်နဲ့ ဓါတ်ပုံကောင်းတွေ ရိုက်ကူးနိုင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကင်မရာ ၄ လုံးတပ်ဆင်ထားတဲ့ ရုပ်ပုံတွေလည်း တွေ့ရသေးတာကြောင့် ဒီသတင်းကို ထပ်ပြီးပြည့်စုံဖို့ စောင့်ဆိုင်းရဦးမှာပါ။

မျက်နှာပြင်နဲ့ပတ်သက်လို့ကတော့ ကောလာဟလအဆင့်မှာပဲ ရှိပါသေးတယ်။ အဓိကမျက်နှာပြင်က 6.59-inch ရှိတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်က Screen Sound Casting Tech ကို အသုံးပြုထားတယ်ဆိုတာပါပဲ။ (Vivo NEX first-gen အတိုင်း) ဒါကြောင့် ဖုန်းပြောတဲ့အခါ နားထောင်ရမယ့် စပီကာပေါက် မပါဝင်တော့ဘဲ အသံတွေက မျက်နှာပြင်ကတစ်ဆင့် ကြားရမှာ ဖြစ်ပါတယ်။ ဒုတိယမျက်နှာပြင် (ကျောဘက်မျက်နှာပြင်) ကတော့ 5.5-inch ရှိတယ်လို့ သိရပါတယ်။ မျက်နှာပြင်နှစ်ဘက် ပြောင်းပုံကတော့ လက်သုံးချောင်းကို အသုံးပြုတဲ့ Gesture နဲ့ ပြောင်းတာဖြစ်ပါတယ်။

ဘက်ထရီပိုင်းကတော့ ထင်သလောက် အားရဖွယ် မရှိဘူးလို့ ကြားသိရပါတယ်။ ပမာဏအတိအကျတော့ မသိရသေးပါဘူး။ မျက်နှာပြင်နှစ်ခု ဖြစ်တာကြောင့် နေရာအခက်အခဲရှိသွားပြီး ဘက်ထရီပိုင်းလည်း လျော့နည်းသွားတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ထွက်လာတဲ့ သတင်းက မမှန်တာလည်း ဖြစ်နိုင်ပါတယ်။ Vivo NEX 2 အကြောင်းကို လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့လောက်မှာ တရားဝင် ထုတ်ပြန် မယ်လို့ မျှော်လင့်ပါတယ်။

 

Ref: GSMarena