[Unicode]

Vivo က Waterfall Screen နဲ့ အလန်းစား Specs တွေ ပါတဲ့ NEX 3 ကို တရုတ်မှာ ရောင်းပေးထားပါတယ်။ အခုတော့ ယူကရိန်းမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ UAH17,999 နဲ့ ရောင်းပေးမှာ ဖြစ်ပြီး မြန်မာငွေ ၁၁ သိန်းလောက်ရှိပါတယ်။ ဒါဟာ 8/128GB Model ရဲ့ ဈေးဖြစ်ပြီး တရုတ်ရဲ့ ရောင်းဈေးနဲ့ တူပါတယ်။

ယူကရိန်းမှာ Vivo NEX 3 ကို Allo , Citrus နဲ့ တခြား စတိုးဆိုင်တွေကနေ ဝယ်ယူနိုင်ပါတယ်။ ယူကရိန်းဟာ Vivo NEX 3 ကို ရောင်းတဲ့ စတုတ္ထမြောက် နိုင်ငံ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေက တရုတ်၊ ထိုင်းနဲ့ မလေးရှားတို့ ဖြစ်ပါတယ်။ Vivo NEX 3 ဟာ Snapdragon 855+ Chipset ပါတဲ့ အလန်းစား စမတ်ဖုန်း ဖြစ်ပါတယ်။ အနောက်ကင်မရာ ၃ လုံးက အမိုက်စား ဖြစ်ပြီး Pop-up Selfie Camera ၁ လုံး ပါပါတယ်။

အနောက်ကင်မရာတွေက 2x Optical Zoom နဲ့ 20x Digital Zoom တွေကို ထောက်ပံ့ပါတယ်။ Super Night View က ဓါတ်ပုံ ၁၂ ပုံကနေ ၁၆ ပုံအထိ တစ်ပြိုင်နက် ရိုက်ကူးပေးပြီး Noise ကို လျှော့ချပေးပါတယ်။ 44W Ultra-fast Flash Charge နဲ့ C-DRX Power-saving နည်းပညာ ပါပါတယ်။

Waterfall Screen တပ်ဆင်ထားပြီး မျက်နှာပြင်က ဘယ်နဲ့ညာဘက်ရဲ့ ဘေးဘက်အထိ ဖုံးအုပ်ထားပါတယ်။ Screen-to-body Ratio က ၉၉.၆ ရာခိုင်နှုန်းတောင်ရှိပါတယ်။ မျက်နှာပြင်က ဘေးဘက်တွေအထိ ဖုံးအုပ်ထားတဲ့ အတွက် Physical Buttons တွေ မပါတော့ဘဲ Touch Sense လို့ နာမည်ပေးထားတဲ့ ထိတွေ့သုံးရတဲ့ Virtual Buttons တွေ ထည့်ထားပါတယ်။ ဝ.၆၅ စက္ကန့်အတွင်းမှာ အထုတ်၊ အသွင်းလုပ်ပေးတဲ့ Pop-up Camera ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ၁၀ ဒီဂရီ အထိ အပူချိန်ကို လျှော့ချပေးတဲ့ Vapor Chamber ပါပါတယ်။

Ref : gsmarena

[Zawgyi]

Vivo NEX 3 ကို ယူကရိန္းမွာ ေရာင္းၿပီ

Vivo က Waterfall Screen နဲ႔ အလန္းစား Specs ေတြ ပါတဲ့ NEX 3 ကို တရုတ္မွာ ေရာင္းေပးထားပါတယ္။ အခုေတာ့ ယူကရိန္းမွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ပါတယ္။ ႏို၀င္ဘာလ ၇ ရက္ေန႔မွာ  UAH17,999 နဲ႔ ေရာင္းေပးမွာ ျဖစ္ၿပီး ျမန္မာေငြ ၁၁ သိန္းေလာက္ရွိပါတယ္။ ဒါဟာ 8/128GB Model ရဲ႕ ေစ်းျဖစ္ၿပီး တရုတ္ရဲ႕ ေရာင္းေစ်းနဲ႔ တူပါတယ္။

ယူကရိန္းမွာ Vivo NEX 3 ကို Allo , Citrus နဲ႔ တျခား စတိုးဆိုင္ေတြကေန ၀ယ္ယူႏုိင္ပါတယ္။ ယူကရိန္းဟာ Vivo NEX 3 ကို ေရာင္းတဲ့ စတုတၳေျမာက္ ႏုိင္ငံ ျဖစ္ပါတယ္။ တျခား ႏုိင္ငံေတြက တရုတ္၊ ထိုင္းနဲ႔ မေလးရွားတို႔ ျဖစ္ပါတယ္။ Vivo NEX 3 ဟာ Snapdragon 855+ Chipset ပါတဲ့ အလန္းစား စမတ္ဖုန္း ျဖစ္ပါတယ္။ အေနာက္ကင္မရာ ၃ လံုးက အမိုက္စား ျဖစ္ၿပီး Pop-up Selfie Camera ၁ လံုး ပါပါတယ္။

အေနာက္ကင္မရာေတြက 2x Optical Zoom နဲ႔ 20x Digital Zoom ေတြကို ေထာက္ပံ့ပါတယ္။ Super Night View က ဓါတ္ပံု ၁၂ ပံုကေန ၁၆ ပံုအထိ တစ္ၿပိဳင္နက္ ရိုက္ကူးေပးၿပီး Noise ကို ေလွ်ာ့ခ်ေပးပါတယ္။ 44W Ultra-fast Flash Charge နဲ႔ C-DRX Power-saving နည္းပညာ ပါပါတယ္။

Waterfall Screen တပ္ဆင္ထားၿပီး မ်က္ႏွာျပင္က ဘယ္နဲ႔ညာဘက္ရဲ႕ ေဘးဘက္အထိ ဖံုးအုပ္ထားပါတယ္။ Screen-to-body Ratio က ၉၉.၆ ရာခုိင္ႏႈန္းေတာင္ရွိပါတယ္။ မ်က္ႏွာျပင္က ေဘးဘက္ေတြအထိ ဖံုးအုပ္ထားတဲ့ အတြက္ Physical Buttons ေတြ မပါေတာ့ဘဲ Touch Sense လို႔ နာမည္ေပးထားတဲ့ ထိေတြ႕သံုးရတဲ့ Virtual Buttons ေတြ ထည့္ထားပါတယ္။ ၀.၆၅ စကၠန္႔အတြင္းမွာ အထုတ္၊ အသြင္းလုပ္ေပးတဲ့ Pop-up Camera ပါပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ ၁၀ ဒီဂရီ အထိ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးတဲ့ Vapor Chamber ပါပါတယ္။

Ref : gsmarena