Zawgyi

လာမယ့္ စက္တင္ဘာ ၁၆ ရက္ေန႔ဆုိရင္ Vivo NEX 3 စမတ္ဖုန္းသစ္ကို မိတ္ဆက္လာေတာ့မွာပါ။ ဒီဖုန္းအသစ္မွာ Curved Edge ေတြနဲ႔ အလန္းစား Display တစ္ခုလည္း ပါမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Display ဟာ သာမာန္မွ်သာမဟုတ္ဘဲ ေရွ႕ဘက္မ်က္ႏွာျပင္တစ္ခုလုံးအျပည့္နီးပါး Screen-to-body Ratio 99.6% ေတာင္ ရွိမယ္လို႔ပါ သတင္းထြက္ေနတာပါ။

ယေန႔မွာေတာ့ Vivo NEX ထုတ္ကုန္မန္ေနဂ်ာျဖစ္သူ Li Xiang က ဒီသတင္းကို အတည္ျပဳေပးလုိက္ပါၿပီ။ Xiang က ကုမၸဏီရဲ႕ စံႏႈန္းအရ တုိင္းတာျခင္းမွာ NEX 3 ရဲ႕ Display ဟာ ဖုန္းေရွ႕ဘက္တစ္ျခမ္းလုံးနီးပါးကို ဖုံးအုပ္ထားတာ အမွန္ပါပဲလို႔ ေရးသားအတည္ျပဳလုိက္ပါတယ္။ Display ရဲ႕ေဘးဘက္ Bezel ေတြဟာ အလြန္အမင္း Curved Edges ေတြအသုံးျပဳထားတာေၾကာင့္ မရွိသေလာက္ျဖစ္ေနၿပီး အေပၚနဲ႔ေအာက္ Bezel ေတြကလည္း အင္မတန္ပါးလႊာပါတယ္။

99.6% အခ်ဳိးနဲ႔ ထြက္လာမယ့္ Vivo NEX 3 ရဲ႕ Display ကေတာ့ 6.89” လက္မေတာင္ရွိၿပီး In-display Fingerprint လည္းပါဝင္ပါတယ္။ အတြင္းမွာ Snapdragon 855+ ခ်စ္ပ္ဆက္ကို 12GB RAM နဲ႔ ေပါင္းထားတာေၾကာင့္ အျမင့္ဆုံး Flagship တန္း ဟန္းဆက္တစ္ခုပါပဲ။ Storage ကလည္း မနည္းလွပါဘဲ 512GB ေတာင္ပါဝင္ပါတယ္။ Android 9 Pie ကုိအေျခခံထားတဲ့ FunTouch OS ရဲ႕ေနာက္ဆုံးထြက္ဗားရွင္းကို အသုံးျပဳရမွာပါ။

Vivo NEX 3 မွာပါဝင္တဲ့ 4,500 mAh ဘကၳရီႀကီးအတြက္လည္း 44W အားအျမန္သြင္းနည္းပညာ ပါဝင္တာေၾကာင့္ ပူရမွာမဟုတ္ပါဘူး။ Selfie ကင္မရာမွာ 16MP Dual Pop-up ကင္မရာကို အသုံးျပဳထားၿပီး ေနာက္ဘက္မွာလည္း 64MP + 13MP + 13MP Triple-camera ပါဝင္တာေၾကာင့္ ကင္မရာပုိင္းကလည္း မြန္းစတားတစ္ေကာင္ပဲလုိ႔ ဆုိရမွာပါ။ Vivo ကုမၸဏီဟာ NEX 3 ကို 5G နဲ႔ ရုိးရိုးဆုိၿပီး ဗားရွင္းႏွစ္မ်ဳိးထုတ္လုပ္သြားမွာျဖစ္ပါတယ္။ မိတ္ဆက္လာဖို႔လည္း သိပ္မၾကာေတာ့တာေၾကာင့္ အခုႏွစ္ရဲ႕ ဆန္းသစ္မႈအရွိဆုံးဖုန္းေတြထဲက တစ္ခုကို မၾကာခင္ ျမင္ေတြ႕ရေတာ့မွာပါ။

Ref – Playful Droid

Unicode

လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့ဆိုရင် Vivo NEX 3 စမတ်ဖုန်းသစ်ကို မိတ်ဆက်လာတော့မှာပါ။ ဒီဖုန်းအသစ်မှာ Curved Edge တွေနဲ့ အလန်းစား Display တစ်ခုလည်း ပါမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Display ဟာ သာမာန်မျှသာမဟုတ်ဘဲ ရှေ့ဘက်မျက်နှာပြင်တစ်ခုလုံးအပြည့်နီးပါး Screen-to-body Ratio 99.6% တောင် ရှိမယ်လို့ပါ သတင်းထွက်နေတာပါ။

ယနေ့မှာတော့ Vivo NEX ထုတ်ကုန်မန်နေဂျာဖြစ်သူ Li Xiang က ဒီသတင်းကို အတည်ပြုပေးလိုက်ပါပြီ။ Xiang က ကုမ္ပဏီရဲ့ စံနှုန်းအရ တိုင်းတာခြင်းမှာ NEX 3 ရဲ့ Display ဟာ ဖုန်းရှေ့ဘက်တစ်ခြမ်းလုံးနီးပါးကို ဖုံးအုပ်ထားတာ အမှန်ပါပဲလို့ ရေးသားအတည်ပြုလိုက်ပါတယ်။ Display ရဲ့ဘေးဘက် Bezel တွေဟာ အလွန်အမင်း Curved Edges တွေအသုံးပြုထားတာကြောင့် မရှိသလောက်ဖြစ်နေပြီး အပေါ်နဲ့အောက် Bezel တွေကလည်း အင်မတန်ပါးလွှာပါတယ်။

99.6% အချိုးနဲ့ ထွက်လာမယ့် Vivo NEX 3 ရဲ့ Display ကတော့ 6.89” လက်မတောင်ရှိပြီး In-display Fingerprint လည်းပါဝင်ပါတယ်။ အတွင်းမှာ Snapdragon 855+ ချစ်ပ်ဆက်ကို 12GB RAM နဲ့ ပေါင်းထားတာကြောင့် အမြင့်ဆုံး Flagship တန်း ဟန်းဆက်တစ်ခုပါပဲ။ Storage ကလည်း မနည်းလှပါဘဲ 512GB တောင်ပါဝင်ပါတယ်။ Android 9 Pie ကိုအခြေခံထားတဲ့ FunTouch OS ရဲ့နောက်ဆုံးထွက်ဗားရှင်းကို အသုံးပြုရမှာပါ။

Vivo NEX 3 မှာပါဝင်တဲ့ 4,500 mAh ဘက္ထရီကြီးအတွက်လည်း 44W အားအမြန်သွင်းနည်းပညာ ပါဝင်တာကြောင့် ပူရမှာမဟုတ်ပါဘူး။ Selfie ကင်မရာမှာ 16MP Dual Pop-up ကင်မရာကို အသုံးပြုထားပြီး နောက်ဘက်မှာလည်း 64MP + 13MP + 13MP Triple-camera ပါဝင်တာကြောင့် ကင်မရာပိုင်းကလည်း မွန်းစတားတစ်ကောင်ပဲလို့ ဆိုရမှာပါ။ Vivo ကုမ္ပဏီဟာ NEX 3 ကို 5G နဲ့ ရိုးရိုးဆိုပြီး ဗားရှင်းနှစ်မျိုးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ မိတ်ဆက်လာဖို့လည်း သိပ်မကြာတော့တာကြောင့် အခုနှစ်ရဲ့ ဆန်းသစ်မှုအရှိဆုံးဖုန်းတွေထဲက တစ်ခုကို မကြာခင် မြင်တွေ့ရတော့မှာပါ။

Ref – Playful Droid