[Zawgyi]

Vivo က စက္တင္ဘာလ ၁၆ ရက္ေန႔မွာ NEX 3 ကို ေၾကညာေတာ့မွာပါ။ အခုေတာ့ Vivo ရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ Li Xiang က အဲဒီ စမတ္ဖုန္းရဲ႕ Custom Camera Optimizations အေၾကာင္းကို ေျပာျပလိုက္ပါတယ္။ သူက စမတ္ဖုန္း ကင္မရာေတြဟာ အခ်ိန္နဲ႔အမွ် တိုးတက္လာၿပီး Vivo ကလည္း အဲဒီ လမ္းစဥ္ကို လိုက္ေနတယ္လို႔ ေျပာပါတယ္။

Vivo NEX 3 မွာ လူတိုင္း သေဘာက်မယ့္ Camera UI အသစ္ ထည့္သြင္းထားႏုိင္ပါတယ္။ Li Xiang က ကင္မရာ လုပ္ေဆာင္ခ်က္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ Self-timer နဲ႔ Beauty Modes ေတြမွာ ဆန္းသစ္ထားႏုိင္ပါတယ္။

Vivo NEX 3 ရဲ႕ သတင္းအခ်က္အလက္ေတြ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူ႔မွာ ၆.၈၉ လက္မ 2256x1080p Display တပ္ဆင္ထားမွာပါ။ Screen-to-body Ratio ဟာ ၉၉.၆ ရာခုိင္ႏႈန္းရွိမယ္လို႔ သိရၿပီး ဒါဟာ Waterfall Display Design ေၾကာင့္ ျဖစ္ပါတယ္။ X50 5G Modem ပါတဲ့ 7nm Qualcomm Snapdragon 855+ Chipset ပါလာမွာပါ။ အေနာက္ကင္မရာ ၃ လံုးမွာ 64MP Main  , 13MP, 13MP နဲ႔ အေရွ႕ ကင္မရာက 16MP ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

8GB+128GB Configuration နဲ႔ ထြက္လာႏုိင္ၿပီး 44W Fast Charge ပါတဲ့ 4,500mAh Battery ပါလာႏုိင္ပါတယ္။ 3.5mm Headphone Jack နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာေတြ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ 4G VoLTE နဲ႔ 5G Model ေတြ ထုတ္လုပ္ထားႏိုင္ပါတယ္။

Ref : gizchina

[Unicode]

Vivo NEX 3 မှာ Custom Camera Optimizations ပါမည်

Vivo က စက်တင်ဘာလ ၁၆ ရက်နေ့မှာ NEX 3 ကို ကြေညာတော့မှာပါ။ အခုတော့ Vivo ရဲ့ ထုတ်ကုန် မန်နေဂျာ Li Xiang က အဲဒီ စမတ်ဖုန်းရဲ့ Custom Camera Optimizations အကြောင်းကို ပြောပြလိုက်ပါတယ်။ သူက စမတ်ဖုန်း ကင်မရာတွေဟာ အချိန်နဲ့အမျှ တိုးတက်လာပြီး Vivo ကလည်း အဲဒီ လမ်းစဉ်ကို လိုက်နေတယ်လို့ ပြောပါတယ်။

Vivo NEX 3 မှာ လူတိုင်း သဘောကျမယ့် Camera UI အသစ် ထည့်သွင်းထားနိုင်ပါတယ်။ Li Xiang က ကင်မရာ လုပ်ဆောင်ချက် အသေးစိတ်ကိုတော့ မပြောပါဘူး။ Self-timer နဲ့ Beauty Modes တွေမှာ ဆန်းသစ်ထားနိုင်ပါတယ်။

Vivo NEX 3 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့မှာ ၆.၈၉ လက်မ 2256x1080p Display တပ်ဆင်ထားမှာပါ။ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်းရှိမယ်လို့ သိရပြီး ဒါဟာ Waterfall Display Design ကြောင့် ဖြစ်ပါတယ်။ X50 5G Modem ပါတဲ့ 7nm Qualcomm Snapdragon 855+ Chipset ပါလာမှာပါ။ အနောက်ကင်မရာ ၃ လုံးမှာ 64MP Main , 13MP နဲ့ 13MP နဲ့ အရှေ့ ကင်မရာက 16MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

8GB+128GB Configuration နဲ့ ထွက်လာနိုင်ပြီး 44W Fast Charge ပါတဲ့ 4,500mAh Battery ပါလာနိုင်ပါတယ်။ 3.5mm Headphone Jack နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 4G VoLTE နဲ့ 5G Model တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gizchina