Zawgyi





Ref – GSM Arena

Unicode

Vivo ရဲ့ လုံးဝ 100% Screen-to-Body Ratio အပြည့်နဲ့ ထွက်လာနိုင်တဲ့ NEX 3 စမတ်ဖုန်းဟာ အခုအချိန်မှာ သတင်းတွေဆက်တိုက်ကို ထွက်ရှိနေတာဖြစ်ပါတယ်။ အခုလည်း Vivo ရဲ့ Product Manager ဖြစ်တဲ့ Li Xiang ကနေ ဒီ NEX 3 ဖုန်းမှာ ပါလာမယ့် Feature တစ်ခုကို ထုတ်ပြလိုက်ပါတယ်။

ဒါကတော့ Vivo NEX 3 ရဲ့ Home Screen ကို ရိုက်ယူထားတဲ့ Screenshot ဖြစ်ပြီးတော့ အဆိုပါ ဓါတ်ပုံမှာ ထူးခြားနေတာက Network Signal က 5G ကို ပြသနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Vivo NEX 3 စမတ်ဖုန်းဟာ 5G ကို Support ပြုလုပ်နိုင်မယ်ဆိုတာ ကျိန်းသေသွားပါပြီ။

Li Xiang က ယခင်တုန်းကလည်း Vivo NEX 3 စမတ်ဖုန်းမှာ ဘေးဘက်အစွန်းအထိ Curved ပြုလုပ်ထားတဲ့ Waterfall Screen နဲ့ 3.5mm Audio Jack လည်း ပါဝင်မယ်ဆိုတာကို အတည်ပြုခဲ့ဖူးပါတယ်။ ဒါတင်မဟုတ်သေးဘဲ Phone Design နဲ့ ပတ်သတ်တဲ့ Sketch ပုံအချို့ကိုပါ ထုတ်ပြခဲ့ဖူးပါတယ်။

အခုလိုမျိုး 5G ကို Support ပြုလုပ်လာမှာဖြစ်တဲ့အတွက် Vivo NEX 3 စမတ်ဖုန်းမှာ Qualcomm Snapdragon 855+ Processor ကို အသုံးပြုမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena