Vivo က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ NEX 3 5G ကို ကြေညာခဲ့ပြီး အခုတော့ နောက်မျိုးဆက် NEX 3s 5G ကို ချပြတော့မှာ ဖြစ်ပါတယ်။  တရုတ်မှာ NEX 3s 5G ကို မတ်လ ၁၀ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Vivo က NEX 3s 5G ရဲ့ Specifications ကို မပြောသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီ တရုတ်လူမှု ကွန်ရက် ဝီဘိုမှာ  မျှဝေထားတဲ့ ဓါတ်ပုံအရ အဲဒီ စမတ်ဖုန်းမှာ Notch မပါတဲ့ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး လိမ္မော်ရောင် ထုတ်လုပ်ထားမှာပါ။

Vivo NEX 3s 5G လို့ ထင်ရတဲ့ စမတ်ဖုန်း ၁ လုံး ပြီးခဲ့တဲ့ လက Geekbench မှာ တွေ့ရပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ V1950A ဖြစ်ပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် အလန်းစား Snapdragon 865 SoC မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ Android 10 ထည့်သွင်းထားပါတယ်။

တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) ကနေလည်း အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာခဲ့ဖူးပြီး ဖုန်းရဲ့ ဒီဇိုင်းနဲ့ Specs တွေကို ဖော်ပြထားပါတယ်။ V1950A ဟာ Chipset နဲ့ ဘက်ထရီကလွဲပြီး ဒီဇိုင်းဟာ NEX 3 5G နဲ့ တော်တော်တူပါတယ်။ NEX 3 5G ရဲ့ Specs အများစု ထည့်သွင်းထားမှာပါ။

Ref : gsmarena