[Zawgyi]

Vivo ကုမၸဏီဟာ ဒီဇင္ဘာ ၁၁ ရက္ေန႔ တရုတ္ႏုိင္ငံ၊ ရွန္ဟိုင္းျမိဳ႕မွာ က်င္းပမယ့္ သူတုိ႔ရဲ႕ ထုတ္ကုန္သစ္ မိတ္ဆက္ပြဲအတြက္ ဖိတ္စာကို တရားဝင္ထုတ္ေဝလုိက္ပါျပီ။ သူ႕ရဲ႕စမတ္ဖုန္းအသစ္ဟာ သတင္းေတြ ထြက္ေပၚေနခဲ့ျပီး အားလုံးက Nex 2 လို႔ ယူဆထားေပမယ့္ အခုေတာ့ အထင္နဲ႔အျမင္ လြဲေနတာကို ေတြ႕ရမွာပါ။

သူ႕ရဲ႕ဖိတ္စာထဲမွာ Nex Dual Display Edition လို႔ေဖာ္ျပထားတာေတြ႕ရျပီး ဒါဟာ ေနာက္ဆုံး ေစ်းကြက္ထဲေရာက္လာမယ့္ အမည္လားဆုိတာကိုေတာ့ မသိရေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ဒီဖုန္းကို မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

တရုတ္စံေတာ္ခ်ိန္ ညေန ၇ နာရီခြဲခန္႔မွာ က်င္းပသြားမွာ ျဖစ္ျပီး Vivo Nex 2 သို႔မဟုတ္ NEX Dual Display Edition စမတ္ဖုန္းသစ္မွာ 10GB RAM မန္မိုရီ၊ Snapdragon 845 ခ်စ္ပ္ဆက္၊ Android 9 Pie OS တုိ႔ ပါဝင္လာမယ္လို႔ သတင္းထြက္ထားပါတယ္။

Dual Display ဆုိတဲ့အတုိင္း Display ႏွစ္ခု ပါဝင္မွာျဖစ္ျပီး အဓိက Screen ဟာ 6.59” လက္မအရြယ္ ရွိကာ ေက်ာဘက္မွာ 5.5” လက္မအရြယ္ ဒုတိယ Display ပါဝင္မွာျဖစ္ပါတယ္။ အဆုိပါ မ်က္ႏွာျပင္ႏွစ္ခုကို Three-finger Gesture ျဖင့္ အလဲအလွယ္လုပ္ျပီး အသုံးျပဳႏုိင္မယ္လို႔ ဆုိထားပါတယ္။

Ref – GSM Arena

[Unicode]

Vivo ကုမ္ပဏီဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် သူတို့ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲအတွက် ဖိတ်စာကို တရားဝင်ထုတ်ဝေလိုက်ပါပြီ။ သူ့ရဲ့စမတ်ဖုန်းအသစ်ဟာ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အားလုံးက Nex 2 လို့ ယူဆထားပေမယ့် အခုတော့ အထင်နဲ့အမြင် လွဲနေတာကို တွေ့ရမှာပါ။

သူ့ရဲ့ဖိတ်စာထဲမှာ Nex Dual Display Edition လို့ဖော်ပြထားတာတွေ့ရပြီး ဒါဟာ နောက်ဆုံး ဈေးကွက်ထဲရောက်လာမယ့် အမည်လားဆိုတာကိုတော့ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဒီဖုန်းကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

တရုတ်စံတော်ချိန် ညနေ ၇ နာရီခွဲခန့်မှာ ကျင်းပသွားမှာ ဖြစ်ပြီး Vivo Nex 2 သို့မဟုတ် NEX Dual Display Edition စမတ်ဖုန်းသစ်မှာ 10GB RAM မန်မိုရီ၊ Snapdragon 845 ချစ်ပ်ဆက်၊ Android 9 Pie OS တို့ ပါဝင်လာမယ်လို့ သတင်းထွက်ထားပါတယ်။

Dual Display ဆိုတဲ့အတိုင်း Display နှစ်ခု ပါဝင်မှာဖြစ်ပြီး အဓိက Screen ဟာ 6.59” လက်မအရွယ် ရှိကာ ကျောဘက်မှာ 5.5” လက်မအရွယ် ဒုတိယ Display ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ မျက်နှာပြင်နှစ်ခုကို Three-finger Gesture ဖြင့် အလဲအလှယ်လုပ်ပြီး အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။

Ref – GSM Arena