[Zawgyi]

တရုတ္နည္းပညာမွတ္ပုံတင္ဆုိက္ TENAA ရဲ႕စာရင္းမွာ Vivo ထုတ္ကုန္သစ္ႏွစ္မ်ိဳးျဖစ္တဲ့ Vivo 1820A နဲ႔ Vivo 1820T တုိ႔ဟာ Spec အျပည့္အစုံနဲ႔ ထြက္ေပၚလာခဲ့ပါတယ္။ ပုံရိပ္မပါေပမယ့္ ထြက္ေပၚလာတဲ့ Spec ေတြကေတာ့ Dual Display ႏွစ္ခုပါဝင္တာကို ျပသေနတယ္။ ဟန္းဆက္အသစ္မွာ Snapdragon 845 ခ်စ္ပ္ဆက္ ကိုလည္း မေတြ႕ရဘဲ 2.2 GHz ပရုိဆက္ဆာကိုသာ ျမင္ရတဲ့အတြက္ Snapdragon 710 SoC အသုံးျပဳလာမယ့္ ေစ်းပိုခ်ဳိသာတဲ့ Vivo NEX Dual Display ဟန္းဆက္လို႔ ယူဆၾကပါတယ္။

အနည္းငယ္ေစ်းပိုခ်ဳိမယ္လို႔ ယူဆရတဲ့ Vivo NEX Dual Display စမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ထြက္ရွိခဲ့တဲ့ ပုံမွန္ေမာ္ဒယ္မွာလုိ 10GB RAM မန္မုိရီအစား 8GB RAM ပါဝင္လာၿပီး ဘကၳရီကလည္း 3,425 mAh ျဖစ္ပါတယ္။ ေနာက္ဘက္မွာလည္း 12MP + 13MP + 2MP ကင္မရာသုံးလုံးတြဲကို ျမင္ေတြ႕ရကာ ပုံမွန္ Vivo NEX Dual Display ဖုန္းမွာပါတဲ့ Triple-camera ထက္ နိမ့္ေနျပန္ပါတယ္။

ေရွ႕ဘက္မွာ 1080 x 2340p Full HD+ ေထာက္ပံ့ေပးႏုိင္တဲ့ 6.39” လက္မအရြယ္ AMOLED Display ကိုေတြ႕ရကာ ေနာက္ဘက္မွာေတာ့ 5.5” လက္မအရြယ္ OLED Display ဒုတိယ Screen ပါဝင္တယ္။ ဒုတိယ Display ဟာလည္း 1920 x 1080p Full HD Resolution ေထာက္ပံ့ေပးပါတယ္။ ေရွ႕ဘက္မွာ In-screen ထည့္သြင္းထားတဲ့ Fingerprint ပါဝင္ကာ Android 9 Pie OS နဲ႔ျဖစ္ပါတယ္။ Storage ပမာဏက 128GB ပါ။ ဟန္းဆက္ရဲ႕ ကိုယ္ထည္အခ်ဳိးကေတာ့ 157.19 x 75.3 x 8.09mm ျဖစ္ၿပီး 200.19 ဂရမ္ေလးပါတယ္။

Ref – Android Authority

[Unicode]

တရုတ်နည်းပညာမှတ်ပုံတင်ဆိုက် TENAA ရဲ့စာရင်းမှာ Vivo ထုတ်ကုန်သစ်နှစ်မျိုးဖြစ်တဲ့ Vivo 1820A နဲ့ Vivo 1820T တို့ဟာ Spec အပြည့်အစုံနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ပုံရိပ်မပါပေမယ့် ထွက်ပေါ်လာတဲ့ Spec တွေကတော့ Dual Display နှစ်ခုပါဝင်တာကို ပြသနေတယ်။ ဟန်းဆက်အသစ်မှာ Snapdragon 845 ချစ်ပ်ဆက် ကိုလည်း မတွေ့ရဘဲ 2.2 GHz ပရိုဆက်ဆာကိုသာ မြင်ရတဲ့အတွက် Snapdragon 710 SoC အသုံးပြုလာမယ့် ဈေးပိုချိုသာတဲ့ Vivo NEX Dual Display ဟန်းဆက်လို့ ယူဆကြပါတယ်။

အနည်းငယ်ဈေးပိုချိုမယ်လို့ ယူဆရတဲ့ Vivo NEX Dual Display စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တဲ့ ပုံမှန်မော်ဒယ်မှာလို 10GB RAM မန်မိုရီအစား 8GB RAM ပါဝင်လာပြီး ဘက္ထရီကလည်း 3,425 mAh ဖြစ်ပါတယ်။ နောက်ဘက်မှာလည်း 12MP + 13MP + 2MP ကင်မရာသုံးလုံးတွဲကို မြင်တွေ့ရကာ ပုံမှန် Vivo NEX Dual Display ဖုန်းမှာပါတဲ့ Triple-camera ထက် နိမ့်နေပြန်ပါတယ်။

ရှေ့ဘက်မှာ 1080 x 2340p Full HD+ ထောက်ပံ့ပေးနိုင်တဲ့ 6.39” လက်မအရွယ် AMOLED Display ကိုတွေ့ရကာ နောက်ဘက်မှာတော့ 5.5” လက်မအရွယ် OLED Display ဒုတိယ Screen ပါဝင်တယ်။ ဒုတိယ Display ဟာလည်း 1920 x 1080p Full HD Resolution ထောက်ပံ့ပေးပါတယ်။ ရှေ့ဘက်မှာ In-screen ထည့်သွင်းထားတဲ့ Fingerprint ပါဝင်ကာ Android 9 Pie OS နဲ့ဖြစ်ပါတယ်။ Storage ပမာဏက 128GB ပါ။ ဟန်းဆက်ရဲ့ ကိုယ်ထည်အချိုးကတော့ 157.19 x 75.3 x 8.09mm ဖြစ်ပြီး 200.19 ဂရမ်လေးပါတယ်။

Ref – Android Authority