[Zawgyi]

မၾကာေသးခင္ေလးကပဲ တင္လိုက္တဲ့ သတင္းတစ္ခုမွာ ထူးထူးဆန္းဆန္းေလးတစ္ခု ပါလာျပန္ပါတယ္။ အဲတာကေတာ့ Vivo ကေန ထုတ္ေတာ့မယ့္ Display ၂ခုနဲ႔ ဖုန္းအေၾကာင္းျဖစ္ျပီး Vivo NEX Dual Screen လို႔ ေခၚထားပါတယ္။

ပူပူေႏြးေႏြးေလး ထြက္ထားတဲ့သတင္းအရ Vivo NEX Dual Screen ဖုန္းမွာ RAM 10GB ၾကီးမ်ားေတာင္ ပါမယ္လို႔သိရျပီးေတာ့ လာမယ့္ ဒီဇင္ဘာ ၁၁ရက္ေန႔မွာ ရွန္ဟိုင္းမွာစတင္ မိတ္ဆက္ေတာ့မယ္လို႔ သတင္းေတြက ေရးထားၾကပါတယ္။

Kumamoto Technology ကေန Share ထားတဲ့ Leak ပံုအတိုင္းဆို ထြက္လာမယ့္ Vivo NEX Dual Screen စမတ္ဖုန္းဟာ  Vivo ရဲ႕ ပထမဆံုေသာ RAM 10GB ပါတ့ဲဖုန္း ျဖစ္လာပါလိမ့္မယ္။ ၂၀၁၈ အကုန္မွာ ထြက္လာမယ္ဆိုတဲ့ သတင္းနဲ႔လည္း ကိုက္ေနျပီးေတာ့ ပံုမွာလည္း Internal Storage 128GB ပါမယ္လို႔ ေဖ္ာ္ျပထားပါတယ္။

 

Vivo NEX ဟာဆိုရင္ ျပီးခ့ဲတဲံ ဇြန္လက ကမာၻ႔ပထမဆံုး Notch မပါတဲ့ Fullscreen Display အေနနဲ႔ ထြက္လာခဲ့တာပါ။ Vivo အေနနဲ႔ သူ႔ရဲ႕အဆန္းသစ္ဆုံးဆိုတဲ့ နည္းပညာေတြကို NEX Series ေတြမွာ ထည့္လာေနတာပါ။

လာမယ့္ NEX Dual Screen ကလည္း Snapdragon 845 သံုးထားမယ့္ Flagship ဖုန္းတစ္လံုးျဖစ္လာႏုိင္ေခ် ရိွပါတယ္။ 7nm Chipset ကို သံုးမယ့္ ဖုန္းတစ္လံုး တကယ္ျဖစ္လာ မျဖစ္လာကေတာ့ ဒီဇင္ဘာ ၁၁မွပဲ ေသခ်ာသိရမွာပါ။

ခုခ်ိန္ထိ သတင္းၾကားသေလာက္ကေတာ့ ေက်ာဘက္မွာ ကင္မရာ ၃လံုးနဲ႔ Notification ေတြအတြက္ RGB-Lit Lunar Ring နဲ႔ In-Screen Fingerprint Reader ပါလာမွာ ျဖစ္ပါတယ္။  ခုခ်ိန္ထိေတာ့ Vivo ဘက္က ဒီဖုန္းနဲ႔ပတ္သတ္ျပီးေတာ့ ဘာ Specification ကိုမွ အတည္ျပဳထားျခင္းမရိွေသးပါဘူး။

Ref: GizmoChina

[Unicode]

မကြာသေးခင်လေးကပဲ တင်လိုက်တဲ့ သတင်းတစ်ခုမှာ ထူးထူးဆန်းဆန်းလေးတစ်ခု ပါလာပြန်ပါတယ်။ အဲတာကတော့ Vivo ကနေ ထုတ်တော့မယ့် Display ၂ခုနဲ့ ဖုန်းအကြောင်းဖြစ်ပြီး Vivo NEX Dual Screen လို့ ခေါ်ထားပါတယ်။

ပူပူနွေးနွေးလေး ထွက်ထားတဲ့သတင်းအရ Vivo NEX Dual Screen ဖုန်းမှာ RAM 10GB ကြီးများတောင် ပါမယ်လို့သိရပြီးတော့ လာမယ့် ဒီဇင်ဘာ ၁၁ရက်နေ့မှာ ရှန်ဟိုင်းမှာစတင် မိတ်ဆက်တော့မယ်လို့ သတင်းတွေက ရေးထားကြပါတယ်။

Kumamoto Technology ကနေ Share ထားတဲ့ Leak ပုံအတိုင်းဆို ထွက်လာမယ့် Vivo NEX Dual Screen စမတ်ဖုန်းဟာ  Vivo ရဲ့ ပထမဆုံသော RAM 10GB ပါတဲ့ဖုန်း ဖြစ်လာပါလိမ့်မယ်။ ၂၀၁၈ အကုန်မှာ ထွက်လာမယ်ဆိုတဲ့ သတင်းနဲ့လည်း ကိုက်နေပြီးတော့ ပုံမှာလည်း Internal Storage 128GB ပါမယ်လို့ ဖေ်ာ်ပြထားပါတယ်။

 

Vivo NEX ဟာဆိုရင် ပြီးခဲ့တဲံ ဇွန်လက ကမ္ဘာ့ပထမဆုံး Notch မပါတဲ့ Fullscreen Display အနေနဲ့ ထွက်လာခဲ့တာပါ။ Vivo အနေနဲ့ သူ့ရဲ့အဆန်းသစ်ဆုံးဆိုတဲ့ နည်းပညာတွေကို NEX Series တွေမှာ ထည့်လာနေတာပါ။

လာမယ့် NEX Dual Screen ကလည်း Snapdragon 845 သုံးထားမယ့် Flagship ဖုန်းတစ်လုံးဖြစ်လာနိုင်ချေ ရှိပါတယ်။ 7nm Chipset ကို သုံးမယ့် ဖုန်းတစ်လုံး တကယ်ဖြစ်လာ မဖြစ်လာကတော့ ဒီဇင်ဘာ ၁၁မှပဲ သေချာသိရမှာပါ။

ခုချိန်ထိ သတင်းကြားသလောက်ကတော့ ကျောဘက်မှာ ကင်မရာ ၃လုံးနဲ့ Notification တွေအတွက် RGB-Lit Lunar Ring နဲ့ In-Screen Fingerprint Reader ပါလာမှာ ဖြစ်ပါတယ်။  ခုချိန်ထိတော့ Vivo ဘက်က ဒီဖုန်းနဲ့ပတ်သတ်ပြီးတော့ ဘာ Specification ကိုမှ အတည်ပြုထားခြင်းမရှိသေးပါဘူး။

Ref: GizmoChina