[Zawgyi]

ၿပီးခဲ့တဲ့ Mobile World Congress 2018 တုန္းက Vivo NEX ဟာ လူေတြအားလုံးရဲ႕ အာ႐ုံစိုက္မႈကို အေတာ္ေလး ရယူႏိုင္ခဲ့တဲ့ ဖုန္းျဖစ္ပါတယ္။ Vivo Apex လို႔လည္း လူသိမ်ားခဲ့တဲ့ ဒီဖုန္းဟာ Notch မပါဝင္တဲ့ မ်က္ႏွာျပင္ျပည့္၊ အလြန္ကို က်ဥ္းေျမာင္းတဲ့ Bezels ေတြ၊ In-Display Fingerprint Scanner, Pop-up Selfie Camera စတဲ့အခ်က္ေတြနဲ႔ နာမည္ႀကီးခဲ့တာ ျဖစ္ပါတယ္။

Vivo ကေတာ့ ဒီဖုန္းကို NEX အျဖစ္ စီးပြားျဖစ္၊ အလုံးလိုက္အရင္းလိုက္ ထုတ္လုပ္မွာျဖစ္ၿပီး ဥေရာပကိုလည္း တင္ပို႔ေရာင္းခ်မွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။ Vivo ဟာ တ႐ုတ္နဲ႔ အိႏၵိယကို အဓိက ဦးစားေပး ပစ္မွတ္အျဖစ္ ထားခဲ့ေပမယ့္ အခုအခါမွွာေတာ့ ဥေရာပရဲ႕ ႏိုင္ငံအခ်ိဳ႕ကို ေရာက္ရွိေတာ့မယ္လို႔ သိရပါတယ္။

ဥေရာပႏိုင္ငံေတြမွာ Vivo NEX ကို မေတြ႕ျမင္ရေသးေပမယ့္ သူ႔အတြက္ သတ္မွတ္တဲ့ေဈးႏႈန္းကေတာ့ MySmartPrice ကေနတစ္ဆင့္ ေပါက္ၾကားလာပါတယ္။ ဒီေပါက္ၾကားမႈအရ Vivo NEX ရဲ႕ ေဈးႏႈန္းဟာ 849 Euro ($967) ျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ (ျမန္မာေငြ ၁၅ သိန္းနီးပါး)

ဥေရာပအတြက္သတ္မွတ္ေဈးက တ႐ုတ္၊ အိႏၵိယတို႔နဲ႔ ႏႈိင္းယွဥ္ရင္ အေတာ္ေလးကို ေဈးႀကီးတယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အိႏၵိယမွာ ႐ူပီး ၄၄၉၉၀ ($652) (ျမန္မာေငြ ၁၀ သိန္းဝန္းက်င္) ေလာက္ျဖစ္ၿပီး တ႐ုတ္မွာေတာ့ ယြမ္ ၃၈၉၈ ($609) (ျမန္မာေငြ ၉ သိန္းခြဲဝန္းက်င္) ေလာက္သာ ျဖစ္လို႔ပါပဲ။ ေဒၚလာ ၃၀၀ ေက်ာ္ေလာက္ ခုန္တက္သြားသလို ျဖစ္ေနပါတယ္။

လက္ရွိေဈးႏႈန္းဟာ တရားဝင္ ေၾကညာတာမဟုတ္ဘဲ ေပါက္ၾကားမႈကေနတစ္ဆင့္ ၾကားသိရတာျဖစ္တဲ့အတြက္ ေကာလာဟလလို႔ပဲ သတ္မွတ္ထားရဦးမွာပါ။ ေဈးႏႈန္းအမွန္က အခုထက္ နည္းသြားတာလည္း ျဖစ္ႏိုင္ပါေသးတယ္။ ဒါေပမယ့္ အမွန္တကယ္သာျဖစ္ခဲ့မယ္ဆိုရင္ Vivo ရဲ႕ ေဈးႏႈန္းသတ္မွတ္တဲ့ မဟာဗ်ဴဟာကပဲ မွားယြင္းေနတာလား၊ ဒါမွမဟုတ္ အသုံးျပဳထားတဲ့ အစိတ္အပိုင္းေတြကပဲ မတူညီတာလားဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ ဥေရာပေဈးကြက္မွာ ဒီေဈးႏႈန္းနဲ႔ဆိုရင္ Vivo Next က အလုပ္ျဖစ္ပါ့မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: Android Authority

[Unicode]

ပြီးခဲ့တဲ့ Mobile World Congress 2018 တုန်းက Vivo NEX ဟာ လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို အတော်လေး ရယူနိုင်ခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။ Vivo Apex လို့လည်း လူသိများခဲ့တဲ့ ဒီဖုန်းဟာ Notch မပါဝင်တဲ့ မျက်နှာပြင်ပြည့်၊ အလွန်ကို ကျဉ်းမြောင်းတဲ့ Bezels တွေ၊ In-Display Fingerprint Scanner, Pop-up Selfie Camera စတဲ့အချက်တွေနဲ့ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။

Vivo ကတော့ ဒီဖုန်းကို NEX အဖြစ် စီးပွားဖြစ်၊ အလုံးလိုက်အရင်းလိုက် ထုတ်လုပ်မှာဖြစ်ပြီး ဥရောပကိုလည်း တင်ပို့ရောင်းချမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ Vivo ဟာ တရုတ်နဲ့ အိန္ဒိယကို အဓိက ဦးစားပေး ပစ်မှတ်အဖြစ် ထားခဲ့ပေမယ့် အခုအခါမှှာတော့ ဥရောပရဲ့ နိုင်ငံအချို့ကို ရောက်ရှိတော့မယ်လို့ သိရပါတယ်။

ဥရောပနိုင်ငံတွေမှာ Vivo NEX ကို မတွေ့မြင်ရသေးပေမယ့် သူ့အတွက် သတ်မှတ်တဲ့ဈေးနှုန်းကတော့ MySmartPrice ကနေတစ်ဆင့် ပေါက်ကြားလာပါတယ်။ ဒီပေါက်ကြားမှုအရ Vivo Next ရဲ့ ဈေးနှုန်းဟာ 849 Euro ($967) ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ (မြန်မာငွေ ၁၅ သိန်းနီးပါး)

ဥရောပအတွက်သတ်မှတ်ဈေးက တရုတ်၊ အိန္ဒိယတို့နဲ့ နှိုင်းယှဉ်ရင် အတော်လေးကို ဈေးကြီးတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယမှာ ရူပီး ၄၄၉၉၀ ($652) (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) လောက်ဖြစ်ပြီး တရုတ်မှာတော့ ယွမ် ၃၈၉၈ ($609) (မြန်မာငွေ ၉ သိန်းခွဲဝန်းကျင်) လောက်သာ ဖြစ်လို့ပါပဲ။ ဒေါ်လာ ၃၀၀ ကျော်လောက် ခုန်တက်သွားသလို ဖြစ်နေပါတယ်။

လက်ရှိဈေးနှုန်းဟာ တရားဝင် ကြေညာတာမဟုတ်ဘဲ ပေါက်ကြားမှုကနေတစ်ဆင့် ကြားသိရတာဖြစ်တဲ့အတွက် ကောလာဟလလို့ပဲ သတ်မှတ်ထားရဦးမှာပါ။ ဈေးနှုန်းအမှန်က အခုထက် နည်းသွားတာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အမှန်တကယ်သာဖြစ်ခဲ့မယ်ဆိုရင် Vivo ရဲ့ ဈေးနှုန်းသတ်မှတ်တဲ့ မဟာဗျူဟာကပဲ မှားယွင်းနေတာလား၊ ဒါမှမဟုတ် အသုံးပြုထားတဲ့ အစိတ်အပိုင်းတွေကပဲ မတူညီတာလားဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဥရောပဈေးကွက်မှာ ဒီဈေးနှုန်းနဲ့ဆိုရင် Vivo NEX က အလုပ်ဖြစ်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: Android Authority